ယူကရိန်းစစ်ပွဲမှာ ငါးလအတွင်း ရုရှားစစ်သား နှစ်သောင်းကျော်သေဆုံးပြီး ရှစ်သောင်းဒဏ်ရာရ

ကိယက်ဗ်၊ မေ-၂-၂-၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအတွင်း ဒီဇင်ဘာလနောက်ပိုင်း ရုရှားစစ်သား နှစ်သောင်းကျော်သေဆုံးခဲ့ကြောင်း အမေရိကန်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ရုရှားစစ်သား ရှစ်သောင်းကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ကိုးကားပြီး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားတွေရဲ့ထက်၀င်ဟာ ယူကရိန်းအရှေ့ပိုင်း ဘက်မွတ်ခ်မြို့ကိုတိုက်ခိုက်နေတဲ့ Wanger ကြေးစားစစ်သားအဖွဲ့ကဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အဲဒီမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ရုရှားတပ်တွေဟာ လက်ရှိမှာတော့ ဘက်မွတ်ခ်ရဲ့နေရာအတော်များများကို သိမ်းပိုက်ထားနိုင်ပေမယ့် မြို့အနောက်ဘက်ပိုင်းက နယ်မြေအနည်းငယ်ကို ယူကရ်ိန်းတပ်တွေက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

ဘတ်မွတ်ခ်ကတဆင့် ဒွန်ဘတ်စ်ဒေသကိုထိုးစစ်ဆင်ဖို့ ရုရှားရဲ့ကြိုးပမ်းမှုမအောင်မြင်ခဲ့ကြောင်းနဲ့ သိသာထင်ရှားတဲ့သိမ်းပိုက်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဂျွန်ခရီဘီက ပြောပါတယ်။

အဓိကအချက်မှာ လပေါင်းများစွာလုပ်ဆောင်ခဲ့တဲ့ ရုရှားရဲ့ထိုးစစ်ဟာ တိုက်ပွဲတွေအတွင်း သိသာထင်ရှားတဲ့ ဆုံးရှုံးမှုတွေအပြီး နောက်ပြန်ဆုတ်သွားခြင်းဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW