ကနေဒါတောမီး အရေးပေါ်အခြေအနေကြေညာ၊ ငြှိမ်းသတ်နိုင်ဖို့ စစ်တပ်ကိုအကူအညီတောင်းထားရ

တိုရွန်တို၊ မေ-၉-၂၀၂၃
မျိူးဆက်(VOM)

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ ကနေဒါစစ်တပ်ကို ပြည်နယ်အစိုးရက အကူအညီတောင်းခံထားရပါတယ်။

မေ ၈ ရက်မွန်းလွဲပိုင်းအထိ အယ်လ်ဘာတာပြည်နယ်တ၀န်းမှာ တောမီးလောင်ကျွမ်းမှု ၉၄ ခုထိရှိနေပြီး တောမီ ၂၇ ခုဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး လူပေါင်းသုံးသောင်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။

တောမီးလောင်ကျွမ်းမှုတွေကြောင့် ပြည်နယ်အရေးပေါ်အခြေအနေကြေညာထားရပါတယ်။ တောမီးငြှိမ်းသတ် နိုင်ရေးအတွက် ၀န်ကြီးချုပ်ဂျက်စတင်ထရူးဒေါနဲ့ တွေ့ဆုံခဲ့ပြီး စစ်တပ်အကူအညီရယူရေးအပါအ၀င် အခြားအကူအညီများတောင်းခံခဲ့ကြောင်း အယ်လ်ဘာတာပြည်နယ်၀န်ကြီးချုပ်က ပြောပါတယ်။

ခုနှစ်ရက်ထက်ပိုပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေအတွက် တဦးကို ၉၃၄ ဒေါ်လာထောက်ပံ့မယ်လို့ အယ်လ်ဘာတာပြည်နယ်၀န်ကြီးချုပ် မစ္စစစ်က ပြောပါတယ်။

အယ်လ်ဘာတာပြည်နယ်ဟာ ကနေဒါနိုင်ငံရဲ့ အဓိကရေနံထုတ်လုပ်ရာဒေသဖြစ်ပြီး တောမီးလောင်ကျွမ်းမှုတွေကြောင့် ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တွင်းတွေနဲ့ ပိုက်လိုင်းစနစ်အချို့ကို ပိတ်ထားရကြောင်း သိရပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #တိုရွန်တို

Related posts

Leave a Comment

VOM News

FREE
VIEW