မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ ရဲတပ်ကြပ်ကြီး ၁ ဦး သစ်ပင်ပိလို့ သေဆုံး

မေ ၊ ၁၄ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်း ၊ မိုင်တိုင်အမှတ် ၃၅/၆ နှဲ့ ၃၅/၇ အကြား ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ၊ခြောက်သွေ့ဆွေးမြေ့နေတဲ့ ညောင်ပင်လဲကျ​ကာ လူတယောက် သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် ဒေသခံ လူမှုကူညီရေ အဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ဖြစ်တာပါ ၊ အနီးစခန်းနားက ရဲကင်စခန်းနဲ့ ပေ ၁၅၀ အကွာက ဆွေးမြေ့သစ်ပင် ညောင်ပင်ကြီး ပြိုလဲတာပါ ၊ မန္တလေး – ပြင်ဦးလွင်ကားပေါ်ကို ကန့်လန့်ဖြတ်လဲတာ ၊ လူတယောက်လဲ အဲ့ဒီ သစ်ပင်ပိလို့ သေဆုံးတယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ပြင်ဦးလွင် ခရိုင်ရဲတပ်ဖွဲ့ရုံးမှာရှိတဲ့ ရဲအရာရှိ တယောက်က ” သစ်ပင်ကြီးပြိုလဲတာပါ ၊ အနီးစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီး သန်းဝင်း ဆိုသူက အဲ့ဒီသစ်ပင် ပိပြီး ဦးခေါင်းကြေမွဒဏ်ရာနဲ့ သေဆုံးသွားတယ် ၊အဲ့ဒီ အပြင် မန္တလေး – ပြင်ဦးလွင် ကားလမ်းအတိုင်း မောင်းလာတဲ့ လိုက်ထရပ်ကား ၁ စီးလည်း သစ်ကိုင်ဖျားရိုက်မိလို့ ရှေ့လေကာမှန် ကွဲသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပြိုလဲခဲ့တဲ့ သစ်ပင်ကို ခုတ်ထွန်းရှင်းလင်းနေပြီး လမ်းပိတ်ဆို့မှုမဖြစ်အောင် မီးသတ်တပ်ဖွဲ့ကအမြန်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီမနက် ၃ နာရီကလည် ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆိုင်ဆန်းရပ်ကွက်ထဲမှာ မြေပြိုကျလို့ လင်မယား ၂ ယောက် မြေပိသေဆုံးတာ ဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ ပြင်ဦးလွင် မီးသတ်

#voiceofmyanmar #VOM #ပြင်ဦးလွင်

Related posts

Leave a Comment

VOM News

FREE
VIEW