ရခိုင်က မုန်တိုင်းရှောင်ပြည်သူတွေအတွက် ဆန်နဲ့ သက်ကယ်အင်္ကျီတွေ အရေးပေါ်လိုအပ်နေ

မေ ၁၃ – ၂၀၂၃
SN (VOM)

ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မြို့နယ်လေးခုမှ မုန်တိုင်းရှောင်ပြည်သူတွေအတွက် အရေးပေါ် ဆန်နဲ့ သက်ကယ်အင်္ကျီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ခုနစ်ခုကို မိုခါ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် မေ ၁၂ ရက်၊ မနေ့က ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်သလို ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ဆက်လက်ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

အနီရောင်အဆင့် သတ်မှတ်လိုက်တဲ့ မြို့နယ်တွေကတော့ ဘင်္ဂလားပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ ဖြစ်ကြပါတယ်။

မုန်တိုင်းအခြေအနေကြောင့် လက်ရှိ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေအပြင် ပြည်နယ်တဝှမ်းက ဒေသခံတွေဟာ ဘေးလွှတ်ရာလို့ ယူဆကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေဆီ မုန်တိုင်းရှောင်နေကြတယ်လို့ သိရပါတယ်။

“လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းရှောင်ပြည်သူပေါင်း သောင်းချီအထိ ရှိနေပါတယ်။ သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာတွေအပြင် သက်ကယ်အင်္ကျီတွေလည်း အပူတပြင်း လိုအပ်နေပါတယ်။ လက်ရှိမှာ ဘယ်ကမှ အကူအညီမရသေးဘူး” လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မုန်တိုင်းအန္တရာယ်ကို အရောင်တွေနဲ့ အဆင့်ခွဲခြား သတ်မှတ်မှုတွေအရ အနီရောင်အဆင့် သတိပေးချက်ဟာ ကမ်းရိုးတန်းကို ၁၂ နာရီကြာပြီးနောက်ပိုင်းမှာ မုန်တိုင်းရောက်ရှိလာတော့မယ်ဆိုတဲ့ သဘောဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရွှေ့ပြောင်းနေရာယူဖို့ သတိပေးချက်ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ မုန်တိုင်းဒီလှိုင်းဝင်ခြင်း (Storm Surge) လို့ ခေါ်တဲ့ မုန်တိုင်းဒီလှိုင်းအမြင့်ဟာလည်း စစ်တွေမှာ ၂ ဒသမ ၃ မီတာခန့် (၇ ပေ ကျော်ကျော်) ရှိနိုင်မယ်လို့ အိန္ဒိယ မိုးလေဝသကရော UN+EU ရဲ့ GDACS (Global Disaster Alert and Coordination SYSTEM – ကမ္ဘာ့သဘာဝဘေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်)ကပါ ထုတ်ပြန်ပေးထားတယ်လို့ သိရပါတယ်။

“အမြင့် ၇ ပေရှိတဲ့ ရေထုကြီးဟာ တန်ပေါင်းများစွာ အလေးချိန်ရှိပါမယ်။ အဲ့ဒီရေထုကြီးက တစ်နာရီ မိုင် ၁၀၀ ကျော်လောက်နဲ့ မုန်တိုင်းကုန်းတွင်းဝင်ချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်လို့ အဆောက်အဦတွေ ပျက်စီးပြီး လူတွေအများကြီး နာဂစ်မုန်တိုင်းမှာ သေကြေပျက်စီးခဲ့ကြပါတယ်။ ဆရာကြီးဦးထွန်းလွင်ကလည်း ပြောပြခဲ့ပါတယ်။ နာဂစ်မှာ လူတွေဒီလောက်အများကြီး သေရတာဟာ “လေပြင်း”ကြောင့်မဟုတ်၊ “ရေပြင်း” ကြောင့်ပါ။ ရေပြင်းဆိုတာက တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ရေထုကြီးက မုန်တိုင်းဝင်တဲ့အချိန် ကုန်းပေါ်ကို မိုင် ၁၀၀ ကျော် အလျင်နှုန်းနဲ့ ဝင်လာတာကြောင့်ပါပဲ” လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းဒီရေအမြင့် ၂ မီတာကျော် (၇ ပေခန့်) ဆိုတာဟာ စစ်တွေမြို့ပေါ်ရှိ ပင်လယ်ပြင်ထက် မြင့်မားသောအရပ် (Altitude) ၁၁ ပေ ရှိတဲ့နေရာကို အမြင့် ၇ ပေရှိတဲ့ ရေထုကြီးက မိုင် ၁၀၀ ကျော်အရှိန်နှုန်းနဲ့ လာဆောင့်မှာဖြစ်တယ်လို့ သိရပြီး အခုလိုဖြစ်တာကို Storm Surge (မုန်တိုင်းဒီလှိုင်းဝင်ခြင်း)လို့ ခေါ်တယ်လို့ သိရပါတယ်။

“၁၀ ပေါင်တူကို ကိုင်ပြီး လက်မဝက်လောက်ရှိတဲ့ သံပြားကြီးကို အားနဲ့ထုလိုက်ရင် သံပြားကြီးချိုင့်ဝင်သွားတဲ့ အားထက်တောင် များပါဦးမယ်။ လူတွေက ဒီသဘောကို မသိကြ၊ နားမလည်ကြပပြောပါတယ်။ါဘူး။ ဒါကြောင့် Storm Surge ဆိုတာကိုလည်း ကြောက်ပုံမရကြပါဘူး။ မုန်တိုင်းဒီရေဆိုတာ မြစ်ရေတွေ ရေတက်ချိန်တက်လာသလို တအိအိနဲ့ မြင့်တက်လာတယ်၊ မြစ်ရေမြင့်တက်တာက ၇ ပေ၊ ငါ့အိမ်က ၁၁ ပေ ဆိုရင် စိုးရိမ်စရာမရှိဘူးလို့ တွေးထားကြပုံပါပဲ။ ဟာရီကိန်းမုန်တိုင်းကြီး Durian တုန်းက မုန်တိုင်းဒီရေကြောင့် ကုန်းတွင်းမှာဘယ်လောက်တောင်ပျက်စီးသွားသလဲဆိုတာ လေ့လာကြည့်လို့ ရပါတယ်။ လေတိုက်ခံရလို့ ပြိုတာထက် မုန်တိုင်းဒီရေရိုက်ခံရလို့ ပြိုကျပျက်စီးကုန်တာတွေကို တွေ့ရပါမယ်”လို့ သူက

ဆိုင်ကလုန်းမုန်တိုင်း မိုခါက ဒီနေ့ မေ ၁၃ ရက်နေ့၊ နေ့လည် ၁ နာရီမှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း – Extremely Severe Cyclonic Storm (ESCS) အဆင့် (CAT-4) ကနေ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် Very Severe Cyclonic Storm(VSCS) – (CAT-3)စစ်တွေမြို့အနီး အဆင့်ကို လျော့ကျသွားမယ်လို့ အသစ်ထွက်လာတဲ့ နိုင်ငံတကာမုန်တိုင်းခန့်မှန်းရေး ဌာနကြီးများရဲ့ ခန့်မှန်းချက်များမှာ တပြေးညီ ထွက်လာပြီလို့ သိရပါတယ်။

“ဖျက်အားပြင်းအဆင့် (CAT-5) အထိ ရောက်နိုင်တယ်လို့ နိုင်ငံတကာ ထုတ်ပြန်ချက်တွေမှာ မတွေ့ရသလို လမ်းကြောင်းဦးတည်ရာကလည်း “ကျောက်ပန္ဒူ” နဲ့ “မြင်းလွှတ်”ရွာကြားလောက်ကို ဖြတ်မယ်လို့ တွေ့ရပါတယ်။ ဒီနေရာက စစ်တွေမြို့ရဲ့ မြောက်ဘက် ၃၈ မိုင်ခန့်သာ ဝေးပါတယ်။ မုန်တိုင်းရဲ့ အတွင်းဗဟိုစက်ဝန်းရဲ့ အချင်းက မိုင် ၁၀၀ ကျော်၊ မုန်တိုင်းပြင်းအားအမြင့်ဆုံး အတွင်းစက်ဝန်းအရွယ်အစားက မိုင် ၂၀၀ ကျော်ဖြစ်တာကြောင့် စစ်တွေမြို့တင်မက ကျောက်ဖြူမြို့အလွန် တောင်ကုတ်၊ သံတွဲအထိ မုန်တိုင်းရဲ့ ပြင်းအားမြင့် အတွင်းစက်ဝန်းထဲက လေတိုက်ခရနိုင်တယ်လို့တ်မှုကို ခံရမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကုန်းတွင်းဝင်ကာနီးမှာ မြေပြင်နဲ့ ထိလာတဲ့ မုန်တိုင်းအပြင်ဘက် လေစီးကြောင်းတွေရဲ့အား လျော့နည်းသွားတာကြောင့် မုန်တိုင်းကုန်းတွင်းဝင်မယ့်အချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ ကျော်ရှိတဲ့ VSCS – CAT-3 အဆင့်နဲ့ဝင်ရောက်မှာ ဖြစ်တာကြောင့် အနည်းငယ်တော့ သက်သာရ သူက ပြောပါတယ်။

မုန်တိုင်းပြင်းအားနဲ့ အရွယ်အစားတွေကြောင့် ဖြစ်လာနိုင်မယ့် Storm Surge မုန်တိုင်းဒီလှိုင်းရိုက်ခတ်နိုင်မှု အခြေအနေက စစ်တွေအနီးဝန်းကျင်မှာ ၂ မီတာခန့်နဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေ၊ မွန်ပြည်နယ်ကမ်းရိုးတန်း (ရေးမြို့အထိ)မှာ ၀ ဒသမ ၅ မီတာမှ ၁ မီတာခန့် Storm Surge ရှိနိုင်မယ်လို့ သိရပါတယ်။

မုန်တိုင်းကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ ရခိုင်ရိုးမတောင်တန်းနဲ့ ချင်းတောင်တန်းတွေရဲ့ မြေမျက်နှာသွင်ပြင်ကြောင့် အလျင်အမြန်အားလျော့သွားနိုင်ပြီး ကုန်းတွင်းမုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်း အဆင့်တွေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်အထိ ရောက်ရှိလာနိုင်ကာ ကချင်ပြည်နယ်မှာ အားပျော့ ပျက်ပြယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မိုခါမုန်တိုင်း #ရခိုင်မုန်တိုင်းရှောင် #ဆန်နဲ့သက်ကယ်အင်္ကျီအရေးပေါ်လိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW