ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ရုရှားကသုံးညဆက်တိုက် လေကြောင်းတိုက်ခိုက်၊ ရုရှားမောင်းသူမဲ့လေယာဉ် အစင်း(၂၀)ကို ယူကရိန်းပစ်ချနိုင်ခဲ့

ကိယက်ဗ်၊ မေ-၃၀-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ရုရှားက တတိယမြောက်ညအဖြစ် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် အဆောက်အအုံတွေ အများအပြား ပျက်စီးမီးလောင်ခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်တွေက ရုရှားရဲ့ မောင်းသူမဲ့လေယာဉ် အစင်း ၂၀ ကျော်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အဲဒီလေယာဉ်ပျက်တွေ ပြုတ်ကျမှုတွေကလည်း မီးလောင်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ကာမီဒရုန်းအစင်း ၂၀ ကျော်ကို ပစ်ချနိုင်ခဲ့တာဖြစ်ပြီး ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူတဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာလည်း မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတခုကြောင့် အဆောက်အအုံတွေပျက်စီးခဲ့တယ်လို့ ရုရှားမြို့တော်၀န်က ထုတ်ဖော်ပြောဆိုထားပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ညဘက်တွေမှာ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရပြီးနောက် ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာလည်း တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#VOM #voiceofmyanmar #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW