ပုဏ္ဏားကျွန်းနဲ့မြောက်ဦးမှာ မိုးကြိုးပစ်ခံရလို့ တစ်ရက်တည်း လူ ၄ယောက်သေဆုံးခဲ့

ဇွန် ၁၇ – ၂၀၂၃ GG (VOM) ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ မနေ့ ဇွန်လ ၁၆ ရက်နေ့ တစ်ရက်တည်း မိုးကြိုးပစ်ခံရလို့ ဒေသခံ ၄ ယောက်သေဆုံးခဲ့ပြီး တစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးသူတွေက ပုဏ္ဏားကျွန်းမြို့နယ်က ၃ ယောက် နဲ့ မြောက်ဦးမြို့နယ်က ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရရှိသူက ကျောက်တော်မြို့နယ် အောင်ဇေယျရွာက အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ၃ နာရီလောက်ကပေါ့ မိုးတွေကရွာတယ်၊လေလည်းတိုက်တယ်၊ အဲ့ဒီမှာသူတို့က လယ်ထဲ ရေသွင်းတာ ရေပိတ်တာတွေလုပ်နေကြတာပေါ့။အဲ့ဒီမှာမိုးကြိုးပစ်ခံရတာ နေရာမှာပဲ ဆုံးတယ်။ နောက်ထပ်တစ်ရွာမှာလည်း အဲ့ဒီလိုပဲ မိုးကြိုးပစ်ပြီးတစ်ယောက်သေသေးတယ်။ မိုးရွာမှ စပါးစိုက်ဖို့ကလည်းလုပ်ရတာလေ “လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းပရဟိတကျောင်း ဆရာတော်ကမိန့်ပါတယ်။ ဖြစ်စဥ်မှာ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းရွာမှာ ဇွန်လ ၁၆ ရက်နေ့…

Read More

နမ်ဆန်ယန်ရွာအနီး တပ်နဲ့ KIA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွား

ဇွန် ၁၇၊ ၂၀၂၃ Shy V(VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာမှာ မနေ့ ဇွန် ၁၆ ရက်နေ့က တပ်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ဆန်ယန် အရှေ့ဘက်ခြမ်း စစ်ကြောင်းထိုးလာတဲ့ တပ်နဲ့ ဖြစ်တာ။ နမ်ဆန် တံတားဖြတ်လာတဲ့ အချိန်။ နေ့ခင်းပိုင်း စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းမှာ ကေအိုင်အေဘက်က ကြားဖြတ် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလာတာ၊ တိုက်ပွဲ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်။ သတိနဲ့ နေရမယ်။ လက်ရှိ စစ်ရေးတင်းမာနေတယ်”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ နမ်ဆန်ယန် အနီးနား နေထိုင်သူ ၁ ဦးကလည်း “နမ့်ဆန်ယန်ဘက် သေနတ်သံတွေ ကြားနေခဲ့တယ်လို့ ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် အင်အား ၁၀၀ ခန့် ရှိပြီး နမ့်ဆန်ယန်…

Read More

မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးမဟာဗျူဟာချမှတ်ဖို့ အာဏာရပါတီရဲ့ အဓိကအစည်းအဝေး စတင်နေ

ပြုံးယမ်း ၊ ဇွန်-၁၇-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ သံတမန်ရေးနဲ့ ကာကွယ်ရေးမဟာဗျူဟာ ချမှတ်ဖို့အတွက် အာဏာရပါတီရဲ့ အစည်းအဝေးကို စတင်ကျင်းပနေပြီး ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းဝေးကို ဇွန် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ပထမနှစ်၀က်အတွင်း နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ဝေဖန်ထားပြီး ဒါတွေဟာ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကို မြင့်တက်စေတယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်နေတာကို သတိပေးတဲ့အနေနဲ့ မြောက်ကိုရီးယားဟာ ဇွန် ၁၅ ရက် မနက်ပိုင်းမှာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လကလည်း နိုင်ငံရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုပစ်လွှတ်တဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုတ်ချထားပါတယ်။…

Read More

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေကို ထိုင်းဖိတ်ကြား

ဘန်ကောက်၊ ဇွန်-၁၇-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရေးအတွက် အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ လက်ခံကျင်းပသွားရန်အတွက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကို ဖိတ်ကြားထားကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့လက အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ အကြံပြုချက်တွေကို တုံ့ပြန်တဲ့မဟာဗျူဟာတွေကို ဒီအစည်းအဝေးမှာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ သံတမန်ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုကို မြှင့်တင်ဖို့လည်း ကြိုးပမ်းသွားမှာဖြစ်ကာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်မှု အားကောင်းလာစေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံအချို့က ဝေဖန်မှုများရှိနေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အလွတ်သဘောအစည်းအဝေးခေါ်ဆိုမှုဟာ အဖွဲ့ရဲ့ညီညွတ်မှုအပေါ် နောက်ထပ်မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ အစည်းအဝေးတက်ရောက်ဖို့ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီးကိုလည်း ဖိတ်ကြားထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ Ref: Reuters #VOM #voiceofmyanmar…

Read More

သိမ်ဇရပ်မှာ လက်နက်ကြီးကျလို့ ၁ယောက်သေဆုံး၊ ကလေးငယ်အပါ ၄ ယောက် ဒဏ်ရာရ

ဇွန် ၁၇ – ၂၀၂၃ GG (VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ပေါ်မှတ် (၁) ရပ်ကွက်၊ ရွာလေးကွက်သစ်ပိုင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန် ၁၆ ရက်ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” ဒေါ်အေးအေးနွယ်က နံရိုးအောက် ၁ချက်၊ လက်ပြတ်ရှဒဏ်ရာ ၁ချက်၊နဖူးပွန်းပဲ့ဒဏ်ရာတွေနဲ့နေရာမှာပဲသေဆုံးတယ်။သူ့ရဲ့ယောကျ်ားနဲ့သမီးက ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။နောက်ထပ် ​ခြံတစ်ခြံထဲလည်း လက်နက်ကျလို့ လင်မယား၂ယောက် ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး။ “လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ လက်နက်ကြီးကျလို့ သေဆုံးခဲ့သူကတော့ ကွက်သစ်ပိုင်းနေ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ဒေါ်အေးအေးနွယ် ဆိုသူဖြစ်ပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ရွာလေးကွက်သစ်ပိုင်းမှာပဲ နေထိုင်ကြတဲ့ သေဆုံးသူအမျိုးသမီးရဲ့အမျိုးသားဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးဇင်ဘိုလတ် နဲ့ သမီးဖြစ်သူ…

Read More

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင် ဆေးရုံတင်ထားရ

ဇွန် ၁၇ – ၂၀၂၃ SN (VOM) မန္တလေး အိုးဘိုအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဟာ မနေ့ ဇွန် ၁၆ ရက်က ဆေးရုံတက်ရောက်ကုသနေရတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အသက် ၇၂ နှစ်အရွယ် ဝန်ကြီးဟောင်းဟာ နှလုံးရောဂါကြောင့် မနေ့ မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူ‌နေရတယ်လို့ သိရပါတယ်။ “ထောင်ထဲမှာ နှလုံးရောဂါဖောက်လာလို့ပါ။ အကျဉ်းထောင်ဆေးရုံအုပ်ရဲ့ လမ်းညွှန်ချက်အရ မနေ့ မနက် ၉ နာရီခွဲလောက်က မန္တလေးဆေးရုံကို တင်လိုက်ရတာပါ” လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ…

Read More

ရုရှားနယ်မြေတွေကို ခြိမ်းခြောက်လာရင် နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ်လို့ ပူတင်သတိပေး

မော်စကို၊ ဇွန်-၁၇-၂၀၂၃ မျိုးဆက်(VOM) ရုရှားရဲ့ နျူကလီးယားလက်နက်ပထမအသုတ်ကို ဘီလာရုစ်မှာ ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ရုရှားသမ္မတပူတင်က အတည်ပြုပြောဆိုလိုက်ပါတယ်။ ရုရှားရဲ့နယ်မြေ သို့မဟုတ် ပိုင်နက်တခုခုကိုခြိမ်းခြောက်လာပါက အဲဒီနျူကလီးယားလက်နက်တွေကို ထုတ်သုံးမယ်လို့ သမ္မတပူတင်က ပြောပါတယ်။ ယူကရိန်းကို နျူကလီးယားလက်နက်တွေနဲ့တိုက်ခိုက်ဖို့ ရုရှားမှာအစီအစဉ်မရှိကြောင်း အမေရိကန်အစိုးရက ပြောဆိုထားပြီး လက်ရှိချိန်ထိတော့ နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ် အရိပ်လက္ခဏာမရှိသေးဘူးလို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။ ဘီလာရုစ်နိုင်ငံဟာ ရုရှားရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားတပ်တွေအတွက် နယ်မြေအခြေချမှုဆိုင်ရာနဲ့ အခြားအရာတွေ ကူညီပေးခဲ့ပါတယ်။ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဘီလာရုစ်သို့လွှဲပြောင်းပေးခြင်းကို နွေရာသီအကုန်မှာ အပြီးသတ်မယ်လို့ ပူတင်ကပြောပါတယ်။ ရုရှားအပေါ် ချေမှုန်းဖို့တွေးနေသူတွေကို နျူကလီးယားလက်နက်တွေဖြန့်ကြက်ပြီး သတိပေးလိုက်တာဖြစ်ကြောင်း ပူတင်က စိန့်ပီတာစဘာ့ဂ်မှာပြုလုပ်တဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ သတိပေးပြောဆိုပါတယ်။ Ref: BBC Photo:Reuters #VOM #voiceofmyanmar #မော်စကို

Read More

ရပ်ဆိုင်းလုနီးပါးဖြစ်နေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ​ကြောင့် ဟိုတယ် ရာနဲ့ချီရောင်းချဖို့လုပ်လာသလို ပိတ်ထားရတဲ့ ဟိုတယ်တွေလည်းရှိနေ

ဇွန် ၁၇ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေဖြစ်စဥ်တွေကြောင့် ဟိုတယ်နဲ့ခရီးသွာလုပ်ငန်းတွေ ထိခိုက်ကာ လုပ်ငန်းရပ်ဆိုင်းပြီး ရောင်းချဖို့အထိလုပ်လာတဲ့ ဟိုတယ်ရာနဲ့ချီရှိနေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းကနေ သိရပါတယ်။ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု အလွန်နည်းပါးခြင်း၊ ပြည်တွင်းခရီးသွားနူန်းလည်း ကျဆင်းခြင်းကြောင့် ဟိုတယ် ထိန်းသိမ်းရေးစရိတ်၊ ဘဏ်ချေးငွေ ၊အလုပ်သမားငှားရမ်းခ အပါအဝင် စတဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် ဟိုတယ်လုပ်ငန်းကိုရပ်တည်ဖို့ခက်ခဲကာ ရောင်းချဖို့ ခြေလှမ်းပြင်လာကြတာဖြစ်တယ်လို့ သိရပါတယ်။ ” အခုကလျှပ်စစ်မီးကလည်း ပုံမှန်မရတော့ ဟိုတယ်ဖွင့်လှစ်ဖို့ ကုန်ကျစရိတ်ကထောင်းလာတယ်။ခရီးသည်ကလည်း မလာဘူးဆိုတော့ ခက်နေတာပေါ့။ဝင်ရောက်မှုက အတော်လေးကိုကျဆင်းသွားတယ်။စရိတ်တွေက မတတ်နိုင်တော့ဘူး။ ဟိုတယ်ပိုင်ရှင်တွေကပြန်ရောင်းဖို့လုပ်လာတာတွေရှိတယ်၊ မြန်မာနိုင်ငံက အရင်ကတည်းက မကောင်းတာ ၆လ ၆လ ပေါ့။ ဧပြီကနေ စက်တင်ဘာက ဧည့်ဝင်နည်းတယ်။အခုက ပိုဆိုးတာပေါ့။ အရှုံးများလာတော့ ဟိုတယ်တွေကိုပဲ ထုတ်ရောင်းဖို့ဆိုပြီး ပြင်လာကြတာပေါ့။ရာဂဏန်းလောက်ကိုရှိနေတယ် “လို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ…

Read More

စော်ဘွားကြီးကုန်း CB ဘဏ်ခွဲ မီးလောင်မှု အချိန် ၁ နာရီခွဲကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရ

ဇွန် ၁၇ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ CB ဘဏ်ခွဲဟာ မနေ့ ဇွန် ၁၆ ရက်၊ ည ၉ နာရီ ၅၉ မိနစ်အချိန်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အချိန် ၁ နာရီခွဲကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ “CB ဘဏ်လောင်တယ်၊ ဘေးနားက ကြက်အစာ ရောင်းတဲ့ဆိုင်လည်းလောင်တယ်။ အဲ့ဒီနားက ဆိုင်ခန်းတွေလည်း မီးကူးနေပြီ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ မီးခိုးတွေမွှန်နေကြပြီ။ မီးတောက်က တော်တော်ကြီးတယ်။ မီးအပူဟပ်ခံရတာရယ်၊ အောက်ဆီဂျင်ပြတ်တာရယ်ကြောင့် လူ ၆ ယောက်လောက် ဆေးရုံပို့လိုက်ရတာရှိတယ်”လို့ အဲ့ဒီ့ မီးလောင်မှုဖြစ်စဥ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီမီးလောင်မှုကို ည ၁၁ နာရီခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ…

Read More
VOM News

FREE
VIEW