ပေကျင်း၊ ဇွန်-၂၃-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဇွန်လ ၂၂ ရက်ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပြီး အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့ကြောင်း တရုတ်မိုးလေ၀သအာဏာပိုင်တွေက ပြောပါတယ်။
ပေကျင်းမြို့ဟာ ဇွန်လကုန်ထိ ပြင်းထန်တဲ့ အပူချိန်တွေနဲ့ ကာလရှည် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဇွန် ၂၂ ရက်မှာ စံချိန်တင်ခဲ့တဲ့ အပူချိန်ဟာ ၁၉၆၁ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက် အပူဆုံးနေ့ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနိုင်ငံတ၀န်းမှာ ယခုနှစ်အတွင်း လစဉ်အပူချိန်မှတ်တမ်းတွေကို ချိုးဖျက်ပြီး စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ အပူချိန်နဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေက လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ နေထိုင်သူ ၂၅ သန်းရှိတဲ့ ရှန်ဟိုင်းမြို့မှာလည်း မေလအတွင်းက စံချိန်တင်အပူဆုံးနေ့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
မြို့တော်ပေကျင်းမှာ လိမ်မ္မော်ရောင်သတိပေးချက်ထုတ်ပြန်ထားတာဟာ ဒုတိယအပြင်းထန်ဆုံး ရာသီဥတုသတိပေးချက်ဖြစ်ပါတယ်။
မြို့တော်မှာ လာမယ့် ရက်ပိုင်းအတွင်း အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိလာနိုင်ပြီး အပူချိန်သတိပေးချက်ကို ယခင်နှစ်တွေထက် သီတင်းနှစ်ပတ်စောပြီး အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ပေကျင်းအပြင် တီယန်ကျင်းနဲ့ တရုတ်နိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းရှိအခြားမြို့တွေမှာလည်း ဒေသခံတွေအနေနဲ့ နေ့လယ်အပူဆုံးအချိန်တွေမှာ နေအိမ်ပြင်ပသွားလာလုပ်ကိုင်ခြင်းတွေမပြုကြဖို့ အပူဒဏ်လက္ခဏာတွေ ပြသပါက ကျန်းမာရေးဌာနတွေကို သွားရောက်ဖို့ တိုက်တွန်းထားပါတယ်။
Ref: BBC
Photo:AP
#voiceofmyanmar #VOM #ပေကျင်း