နိုင်ငံတောင်ပိုင်းမှာ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ် အသာစီးရနေကြောင်း ယူကရိန်းပြော

ကိယက်ဗ်၊ ဇွန်-၂၃-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်တပ်ဟာ နိုင်ငံအရှေ့ပိုင်း ကူပီယာနက်ခ်နဲ့လိုင်မန်မြို့တွေဆီကိုဦးတည်နေတဲ့ ရုရှားရဲ့ထိုးစစ်ကို ရပ်တန့်နိုင်ခဲ့ပြီး တောင်ပိုင်း၌ အသာ၌အသာစီးရယူနိုင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတဦးကပြောပါတယ်။

ကူပီယာနက်ခ်နဲ့ လိုင်မန်မြို့ လမ်းကြောင်းတွေမှာ မိမိတို့အတွက် အလွန်ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် ယူကရိန်းတပ်တွေဟာ ရုရှားတွေရဲ့ထိုးစစ်ကို ရပ်တန့်ထားနိုင်ခဲ့ကြောင်း ယူကရိန်း လက်ထောက်ကာကွယ်ရေး၀န်ကြီး ဟန်နာမီလာက ပြောပါတယ်။

နိုင်ငံတောင်ပိုင်းမှာ စစ်ဆင်ရေးဟာ အစီအစဉ်အတိုင်းလုပ်ဆောင်နေပြီး ထိုးစစ်အရမ်းမြန်မြန်ဖြစ်နေဖို့ မလိုအပ်ကြောင်းနှင့် ယူကရိန်းတပ်တွေအားလုံး အချက်ကျကျလှုပ်ရှားနေကြောင်း သူကပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေက နာမည်ကျော်တင့်ကားတွေ လက်နက်ခဲယမ်းထောက်ပံ့မှုတွေနဲ့အတူ ယူကရိန်းတပ်တွေဟာ ပထမဆုံးသော တန်ပြန်ထိုးစစ်ပထမအဆင့်ကို စတင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ နယ်မြေအများအပြားကို သိမ်းပိုက်ထားဆဲဖြစ်ပြီး လပေါင်းများစွာပြင်ဆင်ထားတဲ့ ရုရှားရဲ့အဓိကခံစစ်နေရာတွေကို ယူကရိန်းက တိုက်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW