မော်စကို ၊ ဇူလိုင်-၃၁-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ့် အစီအစဉ်ကို ပယ်ချမထားကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ အာဖရိကခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ ငြိမ်းချမ်းရေးကိုရှာဖွေဖို့ အခြေခံအုတ်မြစ်တခုအဖြစ် လုပ်ဆောင်နိုင်ကြောင်း စိန့်ပီတာစဘာ့ဂ်မှာ အာဖရိကခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး ရုရှားသမ္မတပူတင်ကပြောပါတယ်။ ဒီလို ငြိမ်းချမ်းရေးဆွေးနွေးမယ့် အစီအစဉ်ရှိပေမယ့် ယူကရိန်းက ထိုးစစ်ဆင်နေတဲ့အချိန်မှာတော့ အပစ်အခတ်ရပ်စဲရေးက မဖြစ်နိုင်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။ မကြာသေးမီက ယူကရိန်းဟာ မော်စကိုမှာ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုပြုခဲ့ကြောင်း သူကစွပ်စွဲပြောဆိုပါတယ်။ စစ်ပွဲဟာ ယူကရိန်းကနေ ရုရှားကို ပြန်လည်ရောက်ရှိလာကြောင်း မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်ပြီးနောက် ယူကရိန်းသမ္မတဇီလန်စကီးက သတိပေးပြောဆိုပါတယ်။ စစ်ပွဲဟာ တဖြည်းဖြည်းနဲ့ ရုရှားရဲ့နယ်မြေထဲက အချက်အခြာကျတဲ့နေရာတွေနဲ့ စစ်စခန်းတွေဆီကို ပြန်ရောက်နေပြီး ဒါဟာ စစ်သဘောအရ မလွှဲမရှောင်သာဖြစ်ပြီး တရားမျှတတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters…
Read MoreMonth: July 2023
ကာလုံအစည်းအဝေး နောက်ထပ် ၆ လ သက်တမ်းတိုး
ဒီကနေ့ ဇူလိုင် ၃၁ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ ကာလုံအစည်းအဝေးကနေ နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီး ကာလအတန်ကြာ မြင်ကွင်းက ပျောက်နေတဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လည်း တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #VOM #ကာလုံအစည်းအဝေး
Read Moreသမ္မတကို အာဏာပြန်မအပ်ရင် နိုင်ဂျာမှာ စစ်ရေးအရကြား၀င်မယ်လို့ အနောက်အာဖရိက ခေါင်းဆောင်တွေ သတိပေး
နီယာမေ၊ ဇူလိုင်-၃၁-၂၀၂၃ မျိုးဆက်(VOM) လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာစစ်အစိုးရကို စစ်ရေးအရ အရေးယူမယ်လို့ အနောက်အာဖရိကခေါင်းဆောင်တွေက သတိပေးခြိမ်းခြောက်လိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ သမ္မတဖြစ်သူ မိုဟာမက်ဘာဇိုအမ်ကို ရာထူးအာဏာပြန်လည်လွှဲပေးဖို့ နိုင်ဂျာစစ်တပ်ကို အနောက်အာဖရိကခေါင်းဆောင်တွေက ခုနှစ်ရက်အချိန်ပေးထားပါတယ်။ ဒေသတွင်း ဒါမှမဟုတ် အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေက နိုင်ဂျာအပေါ် ရန်စမယ့် အစီအစဉ်တွေကို တွန်းလှန်းသွားမယ်လို့ နိုင်ဂျာစစ်အစိုးရက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီအတောအတွင်း စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့သူတွဟာ မြို့တော်နီယာမေရှိ ပြင်သစ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အနောက်အာဖရိက နိုင်ငံများအဖွဲ့ Ecowas အဖွဲ့၀င်နိုင်ငံခေါင်းဆောင်တွေဟာ မာလီနဲ့ ဘာကီနာဖာဆိုအပါအ၀င် ယခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့့ နိုင်ဂျာအာဏာသိမ်းမှုနဲ့ပတ်သက်တက် အကျပ်အတည်းကို နိုင်ဂျီးယားနိုင်ငံ အဘူဂျာမှာ သီတင်းပတ်ကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အခုလိုအာဏာသိမ်းမှုကို အဖွဲ့အနေနဲ့ လုံး၀လက်မခံကြောင်း ၊ တပတ်အတွင်းတောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် နိုင်ဂျာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အုပ်ချုပ်မှုယန္တယားပြန်လည်ရရှိဖို့ လိုအပ်တာအကုန် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ…
Read Moreသက္ကယ်ကျင်းရွာ အုပ်ချုပ်ရေးမှူးရဲ့မိသားစုဝင် ၃ ယောက်အပါအဝင် ၅ ယောက် အသတ်ခံရ
ဇူလိုင် ၃၁ -၂၀၂၃ GG ( VOM) မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းရွာက စာသင်ကျောင်းမှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၃ ဦးအပါအဝင် ၅ ယောက် အသတ်ခံခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူတွေက သက္ကယ်ကျင်းရွာ အုပ်ချုပ်ရေးမှူးရဲ့သမီးဖြစ်သူ ဒေါ်သူဇာ ၊အမဖြစ်သူ ဒေါ်ကြည်လွင် ၊အစ်ကိုဖြစ်သူ ကိုစိန်ဝင်း ဆိုသူ နဲ့ အနီးနားနေထိုင်သူ ကိုနေထက်အောင်၊ ဦးခင်စိုးတို့ဖြစ်ပြီး ဒေါ်ကုလားမဆိုသူ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထဲကလည်း ဒဏ်ရာရသူရှိခဲ့တယ်လို့သိရပါတယ်။ ” အပစ်ခံရတာက ၆ ယောက်ပေမယ့် သေဆုံးသူကတော့ ၅ ယောက်ပါ၊ စစ်သားသေမသေတော့ ကျနော်လည်းမသိဘူး။အခုသေတဲ့ ၅ ယောက်ကတော့ အရပ်သားတွေပါ။သူကြီးသမီး ၊သူကြီးအစ်မ၊ သူကြီးအစ်ကိုပါ၊ နောက်၂ယောက်က သူတို့အိမ်နားကပါ ၊ဆွေမျိုးမတော်ဘူး ။သူကြီးနဲ့ သူ့မိန်းမက လွတ်သွားတယ်”လို့ သက္ကယ်ကျင်းရွာ…
Read Moreပါကစ္စတန်မှာ လူစုဝေးပွဲအတွင်း ပေါက်ကွဲမှုကြောင့် လူအယောက် (၄၀) ကျော်သေဆုံး၊ (၁၀၀) ကျော်ဒဏ်ရာရ
အစ္စလာမ္မာဘတ်၊ ဇူလိုင်-၃၁-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ္မစ်ပါတီတခုက စီစဉ်ပြုလုပ်တဲ့ လူစုဝေးပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၄၄ ယောက် သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။ ဂျေယူအိုင်-အက်ဖ် ပါတီရဲ့ ပါတီ၀င်နဲ့ထောက်ခံသူ ရာပေါင်းများစွာတက်ရောက်ခဲ့တဲ့ အလုပ်သမားများညီလာခံ ကျင်းပခဲ့ရာ ဘက်ဂျားခရိုင်မှာဖြစ်ပွားခဲ့တဲ့ အဲဒီပါပေါက်ကွဲမှုကြောင့် အခြားလူ ၁၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှုဖြစ်နိုင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိ ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီးနောက်ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးထားပါတယ်။ ဒဏ်ရာရသူတွေထဲက လူ ၁၅ ယောက် အသက်အန္တရာယ်စိုးရိမ်ရပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးပြောဆိုထားပါတယ်။ ပေါက်ကွဲမှုအတွင်း ဂျေယူအိုင်-အက်ဖ်ပါတီရဲ့ ဒေသခေါင်းဆောင် သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ တိုက်ခိုက်မှုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာမသိရသေးပါဘူး ။ဘယ်အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခြင်းမရှိသလို…
Read Moreသံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ယောက်သေဆုံး၊ ၁၀ ယောက်ခန့်ဒဏ်ရာရခဲ့
ဇူလိုင် ၃၁ – ၂၀၂၃ GG(VOM) ကရင်ပြည်နယ် ၊ ဘားအံ သံလွင်တံတား (တရုတ်လှဘက်) စစ်ဆေးရေဂိတ်မှာ ဒီနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ကားတစီး မိုင်းပေါက်ကွဲလို့ လူ ၁ ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။ ကားမိုင်းပေါက်မှုကြောင့် သေဆုံးသူက အရပ်သား ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အရပ်သား ၃ ယောက်နဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ “စစ်ဆေးရေးဂိတ်မှာ ကားမိုင်းပေါက်တယ်ဆိုလို့သွားတော့ ဟိုရောက်မှာ Dead Body ၁ လောင်းတွေ့တယ်။ဒဏ်ရာရသူတွေရှိတယ်၊ လူမှုကူညီရေးအဖွဲ့တွေများတော့ စာရင်းအတိအကျတော့ မသိရသေးဘူး။ အကုန်လုံးလည်း ပြန့်ကျဲနေတယ်။သေတာက အမျိုးသားပါ။ အဆောက်အဦတွေလည်းပျက်စီးကုန်တယ်”လို့ ဘားအံအခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ကနဦးသိရတဲ့ စာရင်းတွေအရ ဒဏ်ရာရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ တပ်ကြပ်ကြီး…
Read Moreမူဆယ်မှာ မာရှယ်လော ထုတ်ပြီ
ဇူလိုင် ၃၁၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဇူလိုင်လ ၂၉ ရက်နေ့ည ၁၀ နာရီကစ မာရှယ်လော ထုတ်ပြန်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တနေ့ည ၁၀ နာရီကစ ထုတ်လိုက်တဲ့ မာရှယ်လော ည အပြင်မထွက်ဖို့ ထုတ်ထားတယ်။” လို့ ဒေသခံ အမျိုးသား တဦးကပြောပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ညကတော့ နားလည်မှုနဲ့ ပြန်လွှတ်ပေးတာ ရှိပေမယ့် မနေ့ညကတော့ လုံးဝ သွားလာခွင့် မပြုတော့ဘူး လို့ သူက ပြောပါတယ်။ “မနေ့ညက ၁၀ နာရီကျော်ပြီး ထွက်တဲ့ လူတွေကို ဖမ်းထားတာ။” လို့ ဒေသခံ အမျိုး သမီး ၁ ဦးကလည်း ပြောပါတယ်။ ကား ၁၁ စီး နဲ့…
Read Moreရန်ကုန်ရွှေစျေးကွက် စျေးဖွင့်မရောင်းသေးဘဲ ဆိုင်လာရောင်းတဲ့ရွှေကိုပဲ ပြန်ရောင်းပေးရပြီး အလျော့တွက်ပိုတောင်းတာမလုပ်ဖို့ သတိပေးထား
ဇူလိုင် ၃၀ – ၂၀၂၃ GG ( VOM) ရန်ကုန်ရွှေဆိုင်အများစုက ဆိုင်ရှိပစ္စည်းကို အရောင်းမဖွင့်ပဲ ဆိုင်ကိုလာပြန်ရောင်းချတဲ့ ရွှေထည်ပစ္စည်းကိုပဲ တဆင့် ပြန်လည်ရောင်းချပေးတဲ့စနစ်နဲ့ လက်ရှိအရောင်းအဝယ် စျေးဖွင့်လုပ်နေကြတယ် သိရပါတယ်။ လက်ရှိမှာ ရန်ကုန်ရွှေစျေးကွက် အခြေအနေ အရောင်းအဝယ် အေးနေပြီး ၊ ဆိုင်အချို့က လက်ခ ၊ အလျော့တွက် ပိုပြီးတောင်းတာတွေလည်းရှိနေလို့ ခုလိုကန့်သတ်တာဖြစ်နိုင်ကြောင်းရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူက ဆိုပါတယ်။ ” အရောင်းအဝယ် အေးနေတယ်။ဆိုင်တွေက ဝယ်လို့ရတာကိုပြန်ရောင်းပေးတယ်။သူတို့ပြန်ဝယ်လို့ရတဲ့ ပစ္စည်းပြန်ရောင်းပေးတယ်။ဥပမာတစ်နေ့ကို ၅ ကျပ်သားဝယ်လို့ရရင် အဲ့ဒါကိုပြန်ထုတ်ရောင်းပေးတဲ့စနစ်နဲ့သွားနေတယ်။နောက်ရက်အတွက်ကြိုရောင်းပေးတာမျိုးကတော့မရှိဘူး။ အလျော့တွက် ပိုတောင်းတာ တချို့ဆိုင်က ပိုယူတာရှိတယ်၊တချို့လည်းအမှန်တိုင်းယူတာရှိတယ်။ပစ္စည်းက လက်ရာအနု စိတ်တာက အလျော့တွက်များတယ်ပေါ့၊တော်ရုံတန်ရုံလက်ကောက်တို့ဆွဲကြိုးကျ အလျော့တွက်နည်းတယ်ပေါ့။ဒါကို မသိတဲ့လူလည်းမသိဘူးပေါ့။ဘောင်ချာမတွေ့ရတော့လည်းမသိရဘူးပေါ့၊ဒါပေမယ့် လိုင်းပေါ်မှာပျံ့လာတော့အသင်းက ခုလို အသိပေးတာပေါ့။ ” လို့ YGEA အသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။ ဒါ့ကြောင့် ရွှေဆိုင် တွေအနေနဲ့ ရွှေထည်တွေရောင်းချတဲ့အခါ…
Read Moreတနိုင်ငံလုံးမှာ အခုနှစ် ၆လအတွင်း မီးလောင်မှု(၉၄၂)ကြိမ်ရှိခဲ့ပြီး လူ(၅၅)ဦးသေဆုံးခဲ့
ဇူလိုင် ၃၀-၂၀၂၃ MM(VOM) တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခု၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ (၆)လအတွင်း မီးလောင်မှုအကြိမ်ရေ (၉၄၂)ကြိမ်ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူ(၈၈၅၂)ယောက်မီးဘေးသင့်ခဲ့ပြီး လူ(၅၅)ယောက်သေဆုံးကာ (၁၂၆)ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် နေအိမ်၊ စက်ရုံ၊ အလုပ်ရုံတွေ အပါအဝင်အဆောက်အဦ(၂၅၀၀)ကျော်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၃ ဒသမ ၆၆ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ”မီးလောင်မှုတွေက ခြောက်သွေ့ရာသီမှ မဟုတ်ဘဲ အခုလို မိုးကာလတွေမှာလည်း ဖြစ်လာတယ်၊ ဒါ့ကြောင့် မီးလောင်မှုဖြစ်စဉ်တွေ မဖြစ်မှ ပျက်စီးဆုံးရှုံးတာတွေ လျော့ကျသွားမယ်၊ အားလုံးက မီးကိုသတိနဲ့အသုံးပြုဖို့ တိုက်တွန်းချင်တယ်”လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ (၆)လအတွင်း မီးစတင်လောင်ကျွမ်းရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးနဲ့ မိုးကြိုးပစ်တဲ့မီးတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်ရဲ့(၆)လအတွင်း…
Read Moreဆန်စျေးမြင့်တက်လို့ ဆန်ကွဲနဲ့ ဆန်ဝါကို စားတဲ့မိသားစုတွေရှိလာ
ဇူလိုင် ၃၀- ၂၀၂၃ GG (VOM) ဆန်စျေးနူန်းမြင့်တက်လာတဲ့ အခြေအနေကြောင့် ဆန်ကွဲနဲ့ အဝါဖောက်ဆန်တွေကို ဝယ်ယူစားသုံးတဲ့ မိသားစုတွေများလာတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ဆန်ကွဲ ၊ ဆန်ဝါ စျေးကလည်း ဒီနေ့မှာ အတက်ဘက်ကိုသွားနေပြီး တစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ ကျော်အထိ စျေးတန်းဖြစ်လာတယ်လို့ သိရပါတယ်။ အရင်က ဆန်ကွဲတစ်အိတ်ကို ၂၀၀၀၀ ကျော်ကစပြီး အဲ့ဒီနောက် ၃၀၀၀၀ ကနေ ၄၀၀၀၀ ကျော်အထိ စျေးတန်းမြင့်တက်လာပြီး လက်ရှိ ၅၀၀၀၀ ကျော်အထိ တက်လာတာဖြစ်ပါတယ်။ ” အခုက ဆန်ကွဲ၊ဆလပ်ကျိုးဆန်စကို စားနေရတဲ့ မိသားစုတွေရှိပါတယ်။ဆန်အဝါဖောက်နေတာမျိုးတွေ စားကြတာရှိလာပါတယ်။မနေ့ကဆို ဆန်ဝါတစ်အိတ်လာဝယ်လို့ မွေးမြူရေးအတွက်လားလို့ မေးလိုက်မိတာ မဟုတ်ပါဘူး စားဖိုပါတဲ့ အားနာသွားရတယ်ဗျာ၊စျေးကလည်း ဆန်စျေးကငြိမ်ပြီး ဆန်ကွဲနဲ့ဆန်ဝါက ပြန်တက်လာတယ်။ ခေတ်အခြေအနေ လုပ်ခလစာ၊ဆန်စျေးတက်မှုတွေကြောင့် လူတွေအဆင်မပြေဖြစ်လာကြတဲ့သဘောပါ၊ကျနော်တို့လည်းအတတ်နိုင်ဆုံး စျေးကိုထိန်းရောင်းပေးနေတာပါ။ဆန်သာကုန်သွားတယ် အရင်းကကြီးတော့ ထပ်ဝယ်နိုင်တဲ့ပမာဏက…
Read More