ဇူလိုင် ၂၈ – ၂၀၂၃ GG(VOM) အရင်ဖြေဆိုထားတဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT စာမေးပွဲရလဒ်ကို မကြေညာဘဲ နောက်ထပ်ကျင်းပမယ့် JLPT အရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာထပ်မံခေါ်နေတာကြောင့် စာမေးပွဲဖြေဆိုထားသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ အခုဇူလိုင်လထဲမှာ JLPT စာမေးပွဲ တစ်ကြိမ် ဖြေဆိုထားကြကြောင်း၊ အဲ့ဒီဖြေဆိုပြီး စာမေးပွဲ ရလဒ်ကို ခုထိမကြေငြာဘဲ ဒီဇင်ဘာလမှာကျင်းပမယ့် စာမေးပွဲအတွက် ဖောင်လျှောက်လွှာတွေ ရောင်းချမယ့်ရက်ကို ကြေညာပြီး ဖောင်ပိတ်ရက်ကိုသာ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာနေတာဖြစ်တယ်လို့ သိရပါတယ်။ ” တကယ်ဆို စာမေးပွဲရလဒ်ကို အရင်ကြေညာရမှာလေ၊ဒါမှ မအောင်သူက ထပ်ဖြေဖို့လုပ်လို့ရမှာ၊အခုက ကျမတို့က ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး လမ်းပျောက်နေပါတယ်။စာမေးပွဲရလဒ်ကြေညာမယ်ဆိုပြီး ကြားနေရတဲ့ရက်ကကျ သူတို့ထပ်ကျင်းပမယ့် စာမေးပွဲ ဖောင်ပိတ်ရက်ထက်နောက်ကျနေတယ်။ ဘယ်လိုတွေ စီမံခန့်ခွဲနေတာလည်း မသိတော့ပါဘူး ၊ အခုကတော့ စောင့်ကြည့်နေရတာပါပဲ”လို့ JLPT…
Read MoreMonth: July 2023
အင်းတော်ကြီးနဲ့ ဟိုပင်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ တောင်ပြိုကျလို့ ပျက်စီးဆုံးရှုံးမှုတွေရှိ
ဇူလိုင်၊ ၂၉-၂၀၂၃ MM(VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသနဲ့ ဟိုပင်ဒေသမှာ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ရက်ဆက်ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် တောင်ပြိုကျမှု၊ ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့သူတွေဆီကနေ သိရပါတယ်။ ဟိုပင်မြို့အနီးက သရက်ချောင်းရေကြီးလျှံမှုဖြစ်ပွားပြီး ဟိုပင်မြို့၊ ကုလားကုန်းရပ်ကွက်က နေအိမ် ၁လုံး၊ အိမ်စီးကား ၁ စီး၊ ဆိုင်ကယ် ၁စီးမျောပါဆုံးရှုံးခဲ့ကာ အနိမ့်ပိုင်းရပ်ကွက် ၆ ခုထက်မနည်းမှာလည်း ရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းတော်ကြီးဒေသ နန့်မွန်း တောင်ကျေချောင်း၊ မိုင်းနောင်းကျေးရွာအနီးမှ ခေါင်းတုံးချောင်းနန့်စင်ချောင်း စတဲ့ချောင်းတွေမှာ ရေတွေထိုးတက်ခဲ့ပြီး နစ်မြုပ်ခဲ့လို့ အခုနှစ် စိုက်ပျိုးထားတဲ့ လယ်ဧက ၄၀၀ နီးမှာ ရွှံ့နွံတွေ ဖုံးလွှမ်းပြီးပျက်စီးခဲ့ကြောင်း၊ မိုင်နောင်ကျေးရွာ အ.ထ.က ကျောင်းက မြောက်ဘက်အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ”လက်ရှိ သဘာဝဘေးသင့်သူတွေကို ဘေးလွတ်တဲ့ဆီ ရွှေ့ပြောင်းပေးထားတယ်၊…
Read Moreမွန်ပြည်နယ်က မြို့နယ် ၇ ခုခန့်မှာ မိုးများလို့ ရေကြီးရေလျှံမှုအပြင် မြေပြို၊နေအိမ် ပျက်စီးတာတွေဖြစ်ပွားနေ
ဇူလိုင် ၂၉ – ၂၀၂၃ GG (VOM) မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် သံဖြူဇရပ် ၊ကျိုက်ထို၊ မုဒုံ ၊ ရေးမြို့နယ်အပြင် ကျန်တဲ့မြို့နယ်အချို့က ရပ်ကွက်နဲ့ ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ် သိရပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းမြေပြိုတာ ၊ သစ်ပင်တွေလဲတာ ၊နေအိမ်တွေ အမိုးပြုတ်ထွက်ပျက်စီးတာ ၊စာသင်ကျောင်းအချို့ ထိခိုက်ပျက်ဆီးမှုရှိတာ ၊ လမ်းတွေရေကျော်ပြီး သွားလာရေးပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေးမြို့နယ်က ဟံဂံကျေးရွာ၊ဒူယား၊ ခေါဇာမြို့၊ ကျောင်းရွာ စတဲ့ကျေးရွာအချို့နဲ့ သံဖြူဇရပ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသလို မုဒုံမြို့နယ်က နှီးပဒေါကျေးရွာနဲ့ ရောင်းဒေါင်းရွာ၊ ကွမ်းလှာရွာ၊ ဖောင်စိန်ကြား ကားလမ်းရေကျော်မှုဖြစ်ပွားနေကာ ၊ ပေါင်မြို့နယ်က ကဒါရပ်ကွက်၊ကျွဲခြံ ၊မွန်စုအပိုင်း ၊အောက်လမ်းမကြီး ၊ကဒုံစီး နဲ့ ရပ်ကွက်အချို့မှာ ရေကြီးနေကာ သထုံမြို့မှာလည်း ဘင်လိူင်ရပ်ကွက် အပါအဝင်…
Read Moreကယားပြည်ကလွဲပြီး တနိုင်ငံလုံးမှာ ၆လအတွင်း ကားတိုက်မှု ၂၅၀၀ ကျော်နဲ့ လူ ၁၄၀၀ ခန့် သေဆုံးကာ၊ ၄၀၀၀ ခန့် ဒဏ်ရာရခဲ့
ဇူလိုင် ၂၉ – ၂၀၂၃ GG (VOM) တစ်နိုင်ငံလုံးမှာ ကယားပြည်နယ်ကလွဲပြီး အခု ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း ယာဥ်တိုက်မှု ၂၅၀၀ အထက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၀၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၄၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဥ်ထဲမှာ အမြန်လမ်းမကြီးတွေက ယာဥ်တိုက်မှုတွေလည်းပါကြောင်း ၊ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှု အရေအတွက်စာရင်း နဲ့ သေဆုံး ဒဏ်ရာရ အရေအတွက်ဖြစ်တယ်လို့သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှု ၊သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေထဲမှာ ရန်ကုန်တိုင်းက ဖြစ်ပွာမှုအများဆုံးတိုင်းတစ်ခု ဖြစ်ပြီး ဒုတိယအများဆုံးက ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ “အမြန်လမ်း ၊တိုင်းဒေသကြီး၊ပြည်နယ်အကုန်ပါတယ် ။ အမြန်လမ်းမကြီးမှာတင် ယာဉ်မတော်တဆမှုက ၈၃ မှု…
Read Moreကားစျေးကွက် အန္တရာယ်ရှိတဲ့အခြေအနေ ရောက်နေလို့ သတိထားရမယ့်အချိန်ရောက်နေ
ဇူလိုင် ၂၉ -၂၀၂၃ GG(VOM) ပြည်တွင်း ကားဈေးကွက်အခြေအနေကတော့ ဒီကနေ့မှာ ကားအမျိုးအစားအပေါ်လိုက်ပြီး ကားတစ်စီးကို သိန်းရာနဲ့ချီ အတက်ကြမ်းနေတယ်လို့ သိပါရတယ်။ ဒါကြောင့် ပြည်တွင်းကားစျေးကွက်အခြေအနေ အတက်ကြမ်းနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဦးကျော်စွာထွန်းမြင့် ကို VOM ကနေ ဆက်သွယ် မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။ VOM- လက်ရှိ ကားစျေးကွက်မှာ ကားတစီးကို သိန်း ၁၀၀ ကနေ ၃၀၀ လောက်အထိ အတက်ကြမ်းနေတယ်ဆိုတဲ့အပေါ် လက်ရှိအခြေအနေ သိပါရစေ ။ KSWM – သိန်းရာနဲ့ချီတက်တယ်ဆိုတာ မတက်ဘူးလားဆို တက်ပါတယ်၊သူ့ကားနဲ့ သူ့အမျိုးအစားနဲ့ Demandပေါ့၊ လူကြိုက်များတဲ့ကား ပေါ် မူတည်ပြီး တချို့ပိုတောင်တက်တာရှိပါတယ်။အဓိကအရောင်းအဝယ်ဖြစ်လို့တက်တာလား၊ဆိုရှယ်မီဒီယာမှာ ရေးချင်တိုင်းရေးပြီးပြောနေတဲ့ အထိန်းအချုပ်မရှိတဲ့ ဘာမှမသိဘဲ သူရေး ငါရေးနဲ့ ပရောဖက်ရှင်နယ်ကျကျလုပ်ကိုင်တာမဟုတ်ဘဲနဲ့ ဒီအပေါ်မှာ သာယာပြီး…
Read Moreပွဲတော်ကြို ပြည်ဖုံးကားလည်း မဖွင့်နိုင်
ဆူးငှက် ဒို့ မန္တလေး မြို့ကြီးရဲ့ပတ်လည်တခို မှိုင်းပြာပြာ မှုန်ဝေဝေ ရေဇလာနဒီ မြစ်ညို ဧရာဝတီပါ လျှံဝင်းပြောင်ညီးတဲ့ ရန်ကင်းတောင်ကြီး အမြဲဆိုသာဆို ဆရာရွှေနန်းတော်ရှေ့ တစ်ခါရှေ့ခေါင်းဆောင်တဲ့ ဗမာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို… တကယ်ခေတ်ပြောင်းတော့မယ် အမှန်ဧဝကံမြ သဖြန်ရေမြနန္ဒာ သန်းတဲ့ မန်းရိပ်ခို…. (နန်းတော်ရှေ့ဆရာတင်- မြနန္ဒာသီချင်းမှ) မကြာမီ ဘုရားပွဲတော်တွေ လာချေတော့မည်။ သို့သော် ၂၀၁၉ခု ကတည်းက ကိုဗစ်ကပ်ရောဂါဘေးဆိုးကြီးကြောင့် အစဉ်အလာမပျက် ကျင်းပခဲ့ကြသော ဘုရားပွဲတော်အများစုက မကျင်းပဖြစ်ခဲ့တာ ကြာပြီ။ မန္တလေးတွင် သီတင်းကျွတ်လဆန်း ကတည်းက တာ်ပြေးဝင်း ဓမ္မာရုံ၊ ကြက်သွန်တန်း ဓမ္မာရုံ၊ ရုံပွဲများကို စတင် ကျင်းပခဲ့၏။ ထို့နောက် ဂေဇက်ရ ဘုရားပွဲကြီးများ ဆက်တိုက်ကျင်းပသောကြောင့် တစ်မြို့လုံး မီးရောင်စုံ မိုးဘဝဂ်လျှံကာ ဆိုင်းသံ ဗုံသံ ညံခဲ့သည်။ ထို့ကြောင့် မန္တလေး၏ ဝါကျွတ်…
Read Moreစင်ကာပူမှာ နှစ်ပေါင်း (၂၀)အတွင်း အမျိုးသမီးတဦးကို ပထမဆုံးအကြိမ် ကွပ်မျက်
စင်ကာပူ ၊ ဇူလိုင်-၂၈-၂၀၂၃ မျိုးဆက်(VOM) စင်ကာပူနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးကို ဇူလိုင် ၂၈ ရက်မှာ ကွပ်မျက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ စင်ကာပူနိုင်ငံသူ အသက် ၄၅နှစ်အရွယ် ဆာရီဒီဝီဂျမာနီ ဆိုသူအမျိုးသမီးဟာ ၂၀၁၈ ခုနှစ်မှာ ဘိန်းဖြူ ၃၀ ဂရမ် ရောင်း၀ယ်ဖောက်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် အခုလိုကွပ်မျက်လိုက်တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ဇူလိုင်လမှာ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆာရီဒီဝီကို ဥပဒေအရ တရားမျှတတဲ့လုပ်ငန်းစဉ်အပြည့်နဲ့ ဆောင်ရွက်ခဲ့ကြောင်း စင်ကာပူမူးယစ်ဆေးဝါး ဗျူရိုက ထုတ်ပြန်ထားပါတယ်။ စင်ကာပူ အထူးတရားရုံးဟာ သူမအပေါ် သေဒဏ်ချမှတ်ထားခြင်းအပေါ် အယူခံကို လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၆ ရက်မှာ ပယ်ချခဲ့ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံစာတင်သွင်းမှုလည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာ ဘိန်းဖြူ ၅၀ ကီလို မှောင်ခိုကူးမှုဖြင့်…
Read Moreနိုင်ဂျာမှာ အာဏာသိမ်းမှုထောက်ခံသူတွေက အဖမ်းခံထားရတဲ့သမ္မတရဲ့ ပါတီဌာနချုပ်ကို မီးရှို့တိုက်ခိုက်
နီယာမေ၊ ဇူလိုင်-၂၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ထောက်ခံသူတွေက ဖမ်းဆီးခံထားရတဲ့ သမ္မတရဲ့ ပါတီဌာနချုပ်ကို ဇူလိုင် ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ကြပါတယ်။ အာဏာသိမ်းထောက်ခံသူတွေဟာ ပါတီဌာနချုပ်ကို မီးရှို့၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး အပြင်မှာရှိတဲ့ ကားတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နိုင်ဂျာသမ္မတဘာဇိုအမ်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကို နိုင်ဂျာစစ်တပ်ကလည်း ကျောထောက်နောက်ခံပြုလိုက်ပြီဖြစ်ပါတယ်။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘာဇိုအမ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး အနောက်အာဖရိကရှိ စစ်သွေးကြွတွေကို နှိမ်းနှင်းရာမှာ အနောက်နိုင်ငံတွေရဲ့ အဓိကမဟာမိတ်လည်းဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ သမ္မတဘာဇိုအမ်ကို ချက်ချင်းလွှတ်ပေးဖို့ အနောက်နိုင်ငံတွေ၊ ရုရှားနဲ့ ကုလသမဂ္ဂတို့က တိုက်တွန်းတောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ သမ္မတဟာ ဖမ်းဆီးခံထားရပေမယ့် ကျန်းမာရေးကောင်းမွန်ကြောင်း ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ နိုင်ဂျာသမ္မတဟာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေး၀န်ကြီး ကက်သရင်းကိုလိုနာက အတည်ပြုပြောဆိုပါတယ်။ နိုင်ဂျာကို…
Read Moreအိမ်သုံး LPG ဂက်စ်တွေ ခွဲတမ်းရရှိမှုနည်းလာလို့ လိုသလောက်ဝယ်မရ ဖြစ်နေ
ဇူလိုင် ၂၈ – ၂၀၂၃ SN (VOM) မီးဖိုချောင်သုံး LPG ဂက်စ်ကုမ္ပဏီတွေ ခွဲတမ်းရရှိမှု နည်းလာတာကြောင့် လိုသလောက်ဝယ်မရ ဖြစ်နေတယ်လို့ လက်လီလက်ကား အရောင်းဆိုင်တွေဆီက သိရပါတယ်။ လျှပ်စစ်မီး မမှန်ခြင်းကြောင့် နေအိမ်နဲ့ စားသောက်ဆိုင်တွေမှာ ဂက်စ်အိုးတွေကို အသုံးပြုမှု ပိုများလာကြပြီး လက်ရှိမှာ LPG ဂက်စ်တွေ လိုသလောက်ဝယ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိလာနေတယ်လို့ သိရပါတယ်။ “အခုက ဂက်စ်က ပြတ်သလောက် ဖြစ်နေပြီ။ ခွဲတမ်းမရတဲ့ကုမ္ပဏီတွေလည်း များတယ်။ ဒါ့ကြောင့် ဒီလကုန်ပြီးလောက်မှာ ဈေးလည်း ထပ်တက်လာနိုင်ခြေရှိတယ်။ ငွေလဲဈေးနှုန်းတွေကလည်း တက်နေတာဆိုတော့လေ။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ သုံးစွဲသူတွေ အရမ်းကြီး အဝယ်မကြမ်းစေချင်ဘူး။ လုံးဝ ပြတ်သွားမှာလည်း စိုးရိမ်ရတယ်လေ”လို့ ဂက်စ် လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ပြည်တွင်းမှာ သုံးစွဲနေတဲ့ အိမ်သုံးဂက်စ်တွေကို မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကနေ တင်သွင်းနေတာဖြစ်ပြီး…
Read Moreနိုင်ငံအရှေ့တောင်ပိုင်း စစ်မျက်နှာမှာ ယူကရိန်းတပ်တွေ အသာစီးရရှိနေ
ကိယက်ဗ်၊ ဇူလိုင်-၂၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်တပ်ဟာ နိုင်ငံအရှေ့တောင်ပိုင်း စစ်မျက်နှာမှာ အောင်မြင်မှုတွေရရှိနေကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ဇူလိုင် ၂၈ ရက်မှာပြောပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်းတပ်တွေက နယ်မြေသိမ်းပိုက်မှုပြုနေတဲ့ ရုပ်သံကို သမ္မတဇီလန်စကီးက သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဇာပိုရစ်ဇီးယားမြို့ အရှေ့ဒေသအချို့မှာလည်း ယူကရိန်းတပ်တွေရဲ့ တည်ရှိမှု ခိုင်မာနေတယ်လို့ ဆိုပါတယ်။ ယူကရိန်းဟာ သူ့ရဲ့တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်နေကြောင်း အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ယူကရိန်းဘက်က တိုက်ခိုက်မှုတွေဟာ သိသိသာသာပြင်းထန်လာကြောင်း ရုရှားသမ္မတ ပူတင်က ၀န်ခံပြောဆိုထားပါတယ်။ ဒါပေမယ့် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်အားလုံးကို ရပ်တန့်နိုင်ခဲ့ပြီး ရန်သူတွေကို ထိခိုက်ကျဆုံးမှုတွေနဲ့ တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ကို စစ်မျက်နှာအများအပြားမှာ ပြီးခဲ့တဲ့လက စတင်ခဲ့ပေမယ့် စစ်ရေးချိန်ခွင်လျှာကို သိသိသာသာ အပြောင်းအလဲ မပြောင်းလဲနိုင်သေးပါဘူး။ ရုရှားတပ်တွေရဲ့ ခံစစ်စည်းတွေနဲ့ မိုင်းကွင်းတန်းတွေကြောင့် ရလဒ်ကောင်းတွေ အလျင်အမြန်ရနိုင်ဖို့တော့ မဖြစ်နိုင်ကြောင်း ယူကရိန်းစစ်ဗိုလ်ချုပ်တွေက သတိပေးပြောဆိုထားပါတယ်။ Ref:…
Read More