ပို့/သွင်းကုန် လိုင်စင်ရပြီးတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ – ထိုင်း မည်သည့်နယ်စပ်ပေါက်ကနေမဆို တင်သွင်းခွင့်ပြုမယ်

ဩဂုတ် ၉၊ ၂၀၂၃ Shy V(VOM) မြဝတီ ကုန်သွယ်ရေးဇုန်ကနေ ပို့ကုန်/သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ – ထိုင်း မည်သည့်နယ်စပ်ပေါက်မှ မဆို တင်သွင်းလိုပါက စခန်းပေါက် ပြောင်းခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “လိုင်စင်ကျထားပြီးသား ဥစ္စာတွေကိုပဲအကျုံးဝင်တာ၊ ဒီလိုင်စင်ကိုင်ပြီးတော့ မြန်မာပြည်ထဲကို ကြိုက်တဲ့နယ်စပ်ပေါက်ကနေ ဝင်သွားလို့ရတယ်ဗျာ၊ မြဝတီမြို့ထဲကို မရောက်ထားဘူး၊ လိုင်စင်တော့ ကျပြီ၊ ပစ္စည်းက ဗမာပြည်ထဲကို ရောက်မလာသေးဘူးဆိုရင်တော့ အဲဒီပစ္စည်းကို ဟိုမှာ ရေကြောင်းကနေ ပတ်ပြီးတော့ ရန်ကုန်ဆိပ်ကမ်းကနေပဲ သယ်သယ်၊ ဒါမှ မဟုတ်လို့ရှိရင် ဟိုးဘက် ကော့သောင်းကိုပဲ သွားသွား၊ ဒါမှာ မဟုတ်လို့ရှိရင် ဟိုးဘက် ဘုရားသုံးဆူကုန်သွယ်ရေးဇုန်ကိုပဲ သွားသွား၊ ဒါမှ မဟုတ်ရင် တရုတ်ပြည်ကနေ ဝင်မလား ဆိုရင် မူဆယ်နယ်စပ်ကိုပဲ ပို့ပို့ အဲဒီ မြဝတီမှာ…

Read More

မတ္တရာမြို့နယ်မှာ ဘုန်းတော်ကြီးသင်စာသင်ကျောင်း ဆရာတော် အသတ်ခံရ

သြဂုတ် ၊ ၉ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ မော်နီကုန်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဆရာတော်ဟာ မနေ့ သြဂုတ် ၈ ရက်ညပိုင်းက ကျောင်းထဲမှာရှိနေစဥ် သတ်ဖြတ်ခံရတယ်လို့ အဲ့ဒီဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ ဆရာတော်က ဥူးစန္ဒိမာ သက်တော် ၄၁ နှစ် ၊ ဝါတော် ၂၀ ဖြစ်တယ်၊ ဆရာတော်က ရွာမှာ ဘုန်းတော်ကြီးသင် ပညာရေးအတွက် စာသင်ကြားနေပြီ ကျောင်းသား/ကျောင်းသူ အယောက် ၂၀၀ လောက်ကို ပြုစုစောင့်ရှောက်ပေးထားတာဖြစ်တယ် ၊ ဆရာတော်ကို အငြိုးတကြီးနဲ့သတ်တာဖြစ်နိုင်တယ် ၊ ဦးခေါင်း ၊ လည်ပင်း ၊ ဝမ်းဗိုက် ၊ ခြေတောက် ၂ ဘက်စလုံး ဓားဒဏ်ရာတွေ နေရာအနှံ့နဲ့…

Read More

ဟွန်ဆန်ခေတ် ကုန်ဖွယ်မရှိသေးတဲ့ ကမ္ဘောဒီးယားနိုင်ငံရေး မှန်ကူကွက်များ

မျိုးဆက်(VOM) သြဂုတ်-၉-၂၀၂၃ ကမ္ဘာပေါ်မှာ ရာထူးအာဏာ သက်တမ်းအရှည်ဆုံးလို့ သတ်မှတ်ရမယ့် သက်ရှိထင်ရှား နိုင်ငံခေါင်းဆောင်နှစ်ဦး အာရှနဲ့ ဥရောပဒေသမှာရှိနေပြီး သူတို့ကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အာရှဒေသရဲ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တဦးဖြစ်ပြီး သူတို့နှစ်ဦးရဲ့ နိုင်ငံအုပ်ချုပ်ပုံ အခြေခံတူညီမှုကတော့ အတိုက်အခံတွေကို နှိပ်ကွပ်ပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သူတွေဖြစ်ပါတယ်။ ဒီလိုအာဏာရှင်ဆန်ဆန် အပြိုင်အုပ်ချုပ်ခဲ့တဲ့ သူတို့နှစ်ဦးထဲမှာ အာရှဒေသရဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ရာထူးအာဏာစွဲကိုင်ထားနိုင်မှုမှာ ဘီလာရုစ်သမ္မတလူကာရှန်ကိုထက် နှာတဖျားသာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကတော့ သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူးဆက်ခံဖို့ အမွေပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဇူလိုင်လမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရက်ပိုင်းအကြာမှတော့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့သားအကြီးဆုံး ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အောက်လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် ငါးနေရာကလွဲပြီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၉ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၉ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၄၂၀ ကျပ် ဝယ်ဈေး – ၃၃၈၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၀၀ ကျပ် ဝယ်ဈေး – ၂၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၅၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅ ကျပ် ဝယ်ဈေး – ၉၇.၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၂၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး –…

Read More

ရန်ကုန် -မော်လမြိုင်ကားလမ်းပေါ် ရေကျော်နေလို့ မော်တော်ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်

သြဂုတ် ၉-၂၀၂၃ MM(VOM) မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရေကျော်နေပြီး ရေစီးကြမ်းနေတာကြောင့် ဒီနေ့ သြဂုတ် ၉ ရက် မနက်ပိုင်းကစတင်ကာ မော်တော်ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ ”ဒီနေ့ မနက် ရေက ထပ်တက်လာတယ်၊ ရေကတရိပ်ရိပ်တက်လာတာ၊ ရေစီးက တော်တော်သန်နေတယ်၊ ပြောရမယ်ဆို ဖြတ်သွားရင်အန္တရာယ်ရှိမယ်၊ ဘီးလင်းမြို့ ရွှေရောင်ပြကျေးရွာ၊ ကျုံအိတ်တံတား နေရာ၊ မစောတံတားနေရာနဲ့ ဘီးလင်းမြို့အရက်ချက်စက်ရုံလမ်းဆုံနေရာအနီးကားလမ်းပေါ် ရေကျော်နေတယ်၊ ဒီလိုအခြေအနေကြောင့် ယာယီဖြတ်သွားခွင့်ပိတ်လိုက်တာပါ၊ ယာဉ်မျိုးစုံ ရာနဲ့ချီပိတ်မိနေတယ်၊ ဘီးလင်းမြို့ဘက်နဲ့ သထုံဘက်က တက်လာရင် မစောတံတားထိပ်နေရာကနေ မော်တော်ယာဉ်တွေ ဖြတ်သန်းခွင့်ကို ပိတ်ထားတာ။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ ကားလမ်းပိတ်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ကားသမားတစ်ဦးက ”မနေ့က မဖြတ်ရဲလို့ မသွားတာ ၊ ဒီနေ့ဘရေကျရင် သွားဖို့လုပ်ထားတာ၊ မနေ့ကတောင် အခုလောက် ရေမတက်ဖူး ၊ ရေစီးလည်း…

Read More

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်

အစ္စလာမ္မာဘတ်၊ သြဂုတ်-၉-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ရွေးကောက်ပွဲအာဏာပိုင်awGက နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်လိုက်ကြောင်း သြဂုတ် ၈ ရက်မှာ ထုြတ်ပန်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း မစ္စတာခန်းကို အကျင့်ပျက်ချစားမှုနဲ့ တရားရုံးကထောင်သုံးနှစ်ချမှတ်လိုက်ပြီးနောက် သုံးရက်အကြာမှာ ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က တားမြစ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တားမြစ်ချက်အရ မစ္စတာခန်းဟာ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမှာဖြစ်ပြီး ဒါဟာ နိုင်ငံရေးခြေထိုးမှုဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်းက ဝေဖန်ပြောဆိုထားပေမယ့် ပါကစ္စတန်အစိုးရကတော့ မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ အသက် ၇၀ အရွယ် မစ္စတာခန်းဟာ ၂၀၁၈ ခုနှစ်မှာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး စစ်တပ်နဲ့ သဘောကွဲလွဲမှုတွေကြောင့် အယုံအကြည်မရှိအဆိုနဲ့ ပြီးခဲ့သည့်နှစ်က ဖြုတ်ချခံခဲ့ရပါတယ်။ ပါကစ္စတန်ဥပဒေအရ ပြစ်ဒဏ်ကျခံရသူတဦးဟာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ကာလတခုထိ နိုင်ငံရေးလုပ်ခွင့်မရှိပါဘူး။အကျင့်ပျက်ချစားမှုစွဲချက်တွေကြောင် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းကို အစ္စလာမ္မာဘတ်အနီးရှိ အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းထားပါတယ်။ Ref:BBC #Voiceofmyanmar# VOM # internationalNews #…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၉ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၉ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar#VOM # ယနေ့ ရွှေဈေး # သြဂုတ်-၉ ရက်

Read More

မုံရွာမှာ ၈လေးလုံး ဆန္ဒပြသူ ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ

သြဂုတ် ၊ ၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဒေါနခြံရပ် ၊ ကန်သာယာ အပန်းဖြေနေရာမှာ မနေ့ သြဂုတ် ၈ ရက် ညနေပိုင်းက ၈ လေးလုံး အထိမ်းအမှတ် ဆန္ဒပြနေတဲ့ လူငယ် ၃ ဦးကို လုံခြုံရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ” ကန်သာယာမှာ ဆန္ဒပြနေတဲ့ လူငယ် ၃ ယောက်ကို လုံခြုံရေးအဖွဲ့က အရပ်ဘက် အိမ်စီးကားနဲ့ လာပြီး ပစ်ဖမ်း ဖမ်းသွားတယ် ၊ ဒဏ်ရာရတာတော့ မြင်လိုက်တယ် ၊ သေတယ် မသေဘူးဆိုတာ မသိဘူး”လို့ ကန်သာယာနားမှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ မုံရွာမြို့ခံ နိုင်ငံရေးနဲ့ နီးစပ်သူတယောက်က “ကန်သာယာမှာ…

Read More

ရန်ကုန်မှာ အိမ်ငှားခနဲ့ အဆောင်ခတွေ ဈေးတက်လာလို့ အခက်အခဲတွေ ဖြစ်နေ

ဩဂုတ် ၉ – ၂၀၂၃ SN (VOM) ရန်ကုန်မှာ အိမ်ငှားခနဲ့ အဆောင်ခတွေ ဈေးထပ်တက်လာလို့ ငှားရမ်းနေထိုင်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ အိမ်ပိုင်ရှင်တွေနဲ့ အဆောင်ငှားရမ်းသူတွေက လွန်ခဲ့တဲ့ နှစ်လကျော်လောက်မှ စတင်ကာ ငှားရမ်းခတွေ တိုးမြှင့် ကောက်ခံလာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “အရင်ကတော့ အဆောင်ငှားခက ၃၀၀၀၀၊ ၃၅၀၀၀ ဝန်းကျင်ပဲ ရှိတာ။ အခုဆိုရင် ၅ သောင်း ၆ သောင်းလောက်ရှိတယ်။ အလုပ်ကရတဲ့လစာက ၂၂၀၀၀၀၊ ရတဲ့ လစာနဲ့ စားစရိတ် နေဖို့အဆောင်ခတွေက မကိုက်တော့တာပေါ့။ ချွေတာမယ်ဆိုရင် ဘယ်အပိုင်းကို ချွေတာရမလဲ ဆိုတာ တွေးလို့မရဘူး။ နယ်ကအိမ်ကို ပိုက်ဆံပြန်ပို့ဖို့တောင် အနိုင်နိုင်”လို့ ဗိုလ်တထောင်မြို့နယ်မှာ အဆောင်ငှားရမ်းနေထိုင်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်ကစလို့ နယ်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့…

Read More

လုံခြုံရေး တည်ငြိမ်မှုမရှိတာကြောင့် မုံရွာ – ခန္တီး ရေယာဥ်ပြေးဆွဲမှု ရက်အကန့်သတ်မရှိ ပိတ်

သြဂုတ် ၊ ၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာဆိပ်ကမ်းကနေ ခန္တီးဆိပ်ကမ်းကို နေ့စဥ်ပြေးဆွဲပေးနေတဲ့ ကုန်တင်ရေယာဥ်တွေဟာ လမ်းကြောင်းလုံခြုံမှုမရှိတာကြောင့် အခုရက်ပိုင်းအတွင်း ယာယီပြေးဆွဲတာကို ပိတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရေယာဥ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက)ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ဒီကနေ့ကစပြီး ယာယီပိတ်ထားတယ် အကန့်အသတ်မရှိဘူး ၊ ကုန်တင်ထားပြီး ရေယာဥ်တွေပေါ်က ကုန်ပစ္စည်းတွေကို ကားပေါ်ကို ပြောင်းတင်ပေးတယ် ၊ အလုပ်သမားခကိုတော့ ကုန်သည်ဘက်က ကျခံရမယ်ဖြစ်တယ် ၊ ဒါပေမယ့် ကုန်းလမ်းလည်း လုံခြုံရေး အခြေအနေက မကောင်းဘူး”လို့ မုံရွာ – ခန္တီး ကုန်တင်အမြန်ရေးယာဥ် ပြေးဆွဲရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ခန္တီးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ခန္တီးခရိုင်…

Read More
VOM News

FREE
VIEW