ကန့်ဘလူမှာ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာရ

သြဂုတ်၂၆ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းတိုက်နယ် ၊ ငါးမြောင်ကျေးရွာမှာ မနေ့ သြဂုတ် ၂၅ ရက် မနက် ၂ နာရီဝန်းကျင်က နေအိမ်ထဲမှာ အိပ်ပျော်နေတဲ့ လူ ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပစ်သတ်ခံရတဲ့ လူ ၅ ယောက်ကတော့ ဦးသန်းဝင်း ၆၅ နှစ်၊ မခင်စန်းဝင်း ၅၅ နှစ်၊ ဦးကျော်အေး ၆၅ နှစ်၊ ဒေါ်သန်းငွေ ၅၅ နှစ်၊ မကြိုင် ၄၆ နှစ် ၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသား ၃ ဦး ပစ်သတ်ခံရတာဖြစ်တယ် “လို့ ငါးမြောင်ရွာနေ ဒေသခံ ပရဟိတသမား(၁)ယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့ နီးစပ်သူတယောက်က ” ငါးမြောင်ကျေးရွာထဲကို အမည်မသိ (စီစစ်ဆဲ) လက်နက်ကိုင်အဖွဲ့က ညအချိန် ဝင်ရောက်လာတယ် ၊ အိပ်ပျော်နေတဲ့ မိသားစု ၅ ယောက်ကို ပစ်သတ်တယ် ၊ အိမ်တွင်း ရွှေထည် ပစ္စည်းတွေလည်း ယူသွားတယ် ၊ တန်ဖိုး မတွက်ချက်ရသေးဘူး ၊ အဲ့ဒီအပြင် မြောက်ဝက်တိုးရွာမှာလည်း လက်နက်ငယ်နဲ့ ပစ်ခတ်ခံရလို့ ဦးဖိုးခါ၊ ၅၁ နှစ်၊ ဦးချစ်ညို ၄၇ နှစ်၊ ကိုကျော်လင်း ၄၅ နှစ်နဲ့ သူ့သားဖြစ်သူ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၄ ဦး ဒဏ်ရာရလို့ ကန့်ဘလူ ပြည်သူ့ဆေးရုံ ပို့ဆောင်ထားရတယ် ၊ ငါးမြောင်ရွာက ပစ်သတ်ခံရတဲ့ လူ ၅ ဦးဟာ နိုင်ငံရေးအရောင်အသွေးရှိတယ် ပြည်ခိုင်ဖြိုး ပါတီဝန်းရံသူတွေဖြစ်တယ် ၊ အမှုဖွင့် ဆောင်ရွက်နေပါတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ဘိုးဘွားရိပ်အရှေ့ဘက် ၊ ကန့်ဘလူ – ကျွန်းလှ မြို့ထွက်လမ်းနားမှာရှိတဲ့ လူနေအိမ်တခုမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် မနက်ပိုင်းက မိသားစုလိုက် အသတ်ခံထားရတဲ့ ၅ လောင်းပြိုင်လူသတ်မှု တခုဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက် မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ၊ ယမနေကျေးရွာထဲက လူနေအိမ်တွေပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ယောက်သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW