ဩဂုတ် ၂၉-၂၀၂၃ SN (VOM) တောင်ကိုရီးယားရောက် မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို လာမယ့် စက်တင်ဘာလ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းမယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့စက် ရေရှည်မှာ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတာကြောင့် အခုလို ယာယီရပ်နားရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သက်တမ်းတိုးခြင်းနဲ့ပတ်သက်လို့ ပြန်လည်လက်ခံမယ့်ရက်ကို ထပ်မံအသိပေး အကြောင်းကြားသွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားပြီးသူတွေရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်အသစ်တွေကိုတော့ သတ်မှတ်ထားတဲ့နေ့အတိုင်း ဆက်လက် ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “စက်ကလည်း ပျက် ပျက်နိုင်လွန်းတယ်။ ပြီးတော့ ဘယ်လောက်ကြာမယ်လည်း မကြေညာထားတော့ အရေးပေါ် သက်တမ်းတိုးမယ့်သူတွေက အခက်အခဲ ဖြစ်တာပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်ကျခံ၊ အချိန်ကုန်ခံပြီး လုပ်နေတာတောင်မှ အဆင်မပြေဘူး”လို့ ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း…
Read MoreMonth: August 2023
ဂျပန်မှာရှိတဲ့ တိုယိုတာ ကားစက်ရုံအားလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်း
တိုကျို၊ သြဂုတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) ဂျပန်မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ တိုယိုတာဟာ ထုတ်လုပ်ရေးစနစ်ချို့ယွင်းမှုကြောင့် ဂျပန်မှာရှိတဲ့ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံအားလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဒီနေ့မှာ ယာယီ ရပ်ဆိုင်းလိုက်ရပါတယ်။ အဲဒီလိုဖြစ်ပွားရတဲ့အကြောင်းရင်းကို ကုမ္ပဏီက စုံစမ်းစစ်ဆေးနေပြီး ဆိုက်ဘာတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ လတ်တလောယူဆလို့မရသေးကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ဂျပန်မှာရှိတဲ့ ကားစက်ရုံ ၁၂ ရုံလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ၁၄ ရုံလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ လုပ်ငန်းတွေပြန်လည်စတင်နိုင်မယ့်အချိန် သို့မဟုတ် အခုလိုရပ်တန့်လိုက်တာကြောင့် ထုတ်လုပ်မှုဘယ်လောက်ထိခိုက်ဆုံးရှုံးမယ်ဆိုတာကို ကုမ္ပဏီက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဂျပန်မှာရှိတဲ့ တိုယိုတာရဲ့ ကားစက်ရုံ ၁၄ ရုံဟာ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့သတင်းကြောင့် တိုယိုတာရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တိုယိုတာရဲ့လုပ်ငန်းခွဲတခုမှာ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ပြည်တွင်းရှိ စက်ရုံအားလုံးရဲ့ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီအချိန်ကတော့ တရက်တာလုပ်ငန်းတွေရပ်ဆိုင်းမှုမှာ ကားထုတ်လုပ်မှု…
Read Moreမူဆယ်မြို့က တပ်နဲ့ KIA,TNLAတို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ
ဩဂုတ် ၂၉၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ခိုမုန်းရွာရဲ့ အနောက်ဘက် တကြောမှာ မနေ့ ဩဂုတ် ၂၈ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ တပ်နဲ့ KIA, TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး လွယ်တိန်ခမ်း ဘုရားကုန်းမှာ လက်နက်ကြီးကျကာ အဆောက်အဦအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ “ဟုတ်တယ်။ ခိုမုန်းရွာရဲ့ အနောက်ဘက် တကြော၊ ခိုမုန်းနဲ့ နမ့်အွမ်ကြား၊ အနောက်ဘက် တောင်ကြော ဘတ်နွယ်ကနေ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ တပ်အဖွဲ့နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၉ အဖွဲ့တို့ စောင့်နေတဲ့ လွယ်ဖောင်းမှာ ပေါ်လာလို့ မနေ့ ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၁၂ နာရီကျော် ခန့်ကစ…
Read Moreအမျိုးသမီးတဦးရဲ့ ဦးနှောက်ထဲကနေ အသက်ရှင်လျှက်သန်ကောင်တကောင်ကို ကမ္ဘာ့ပထမဆုံး တွေ့ရှိ
ဆစ်ဒနီ၊ သြဂုတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျအမျိုးသမီးတဦးရဲ့ ဦးနှောက်ထဲမှာ သုံးလက်မအရွယ်ရှိ သန်ကောင်တကောင်ကို အသက်ရှင်လျှက်တွေ့ရှိခဲ့ရကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကင်ဘာရာမှာပြုလုပ်တဲ့ခွဲစိတ်မှုအတွင်း အဲဒီအမျိုးသမီးလူနာရဲ့ ဦးနှောက်ရှေ့ခြမ်းကနေ ကြိုးနဲ့အလားသဏ္ဍာန်တခုကို ဆွဲထုတ်ခဲ့ရာ အသက်ရှင်လျှက်သန်ကောင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသမီးဟာ ပုံမှန်မဟုတ်တဲ့လက္ခဏာလို့ ဆရာဝန်တွေကသတ်မှတ်ထားတဲပ ဗိုက်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ညဘက်ချွေးထွက်လွန်ခြင်း၊ သတိမေ့လျော့ခြင်းနဲ့ စိတ်ကျရောဂါတွေကို ခံစားခဲ့ရပြီး အနီရောင်သန်ကောင်ဟာ သူ့ဦးနှောက်ထဲကို ရောက်ရှိနေတာ နှစ်လကျော်ရှိနေနိုင်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။ ဒါဟာ တိရိစ္ဆာန်ကနေ လူကိုကူးစက်တတ်တဲ့ရောဂါတွေနဲ့ ကူးစက်မှုအန္တရာယ်မြင့်မားမှုတွေကို မီးမောင်းထိုးပြတဲ့ ဖြစ်စဉ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ သြစတြေးလျ ကူးစက်ရောဂါကျွမ်းကျင်သူ မာ့ရတ်ဘ်ဟူစိန်ကတော့ အဲဒီအမျိုးသမီးဟာ စပါးအုံးမစင်နဲ့ ကပ်ပါးဥတွေပါတဲ့ အပင်တွေကို စားသုံးမိပြီးနောက် အခုလိုကြုံရတာလို့သံသယရှိကြောင်း Emerging Infectious Diseases ဆေးပညာဂျာနယ်မှာ ရေးသားထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း…
Read Moreအီရတ်မှာ လူ(၃၀၀) ကျော်သေဆုံးခဲ့တဲ့ ဗုံးခွဲမှုကျူးလွန်ခဲ့သူတွေကို ကြိုးပေးကွပ်မျက်
ဘဂ္ဂဒက်၊ သြဂုတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး ရာချီဒဏ်ရာရရှိခဲ့တဲ့ ကားဗုံးခွဲမှုကျူးလွန်သူ သုံးဦးကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း အီရတ်မှာဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး ဗုံးခွဲတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကွပ်မျက်မှုကို သြဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ ပြုလုပ်ခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်လ်ဆူဒါနီရဲ့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တဲ့ ဂါဇဝမ်အယ်လ်ဇာဘီလည်း ကွပ်မျက်ခံရသူတွေထဲမှာ ပါဝင်ကြောင်း အစိုးရသတင်းရင်းမြစ်တွေကပြောပါတယ်။ သူ့ကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ပြစ်မှုထင်ရှားတဲ့ ရာဇဝတ်သားသုံးဦးကို သေဒဏ်ပေးမှုဟာ မှန်ကန်တဲ့ပြစ်ဒဏ်ဖြစ်ပြီး ဗုံးခွဲမှုကြောင့် သေဆုံးသွားသူတွေရဲ့မိသားစုတွေထံ အသိပေးအကြောင်းကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ BBC…
Read Moreကျောတခင်းစာအရေး အခက်ပွေနေရသူတွေ
SN (VOM) မြို့ပြလို့ပဲ ခေါ်ခေါ် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာနှုန်းလောက် နေထိုင်ကြတဲ့ ရန်ကုန်မြို့မှာ ကျောချစရာ တနေရာ ရဖို့အတွက် ကိုယ့်လုပ်ခ၊ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ ပြည့်မီအောင် ကြိုးပမ်းနေကြရတဲ့အဖြစ်က မြို့ပြရဲ့ ပုံရိပ်တွေထဲက ထင်ရှားတဲ့ပုံရိပ်တခုပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ပြမှာ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ အိမ်ငှားရမ်းခနှုန်းထားတွေပါ လိုက်ပါ မြင့်တက်လာတာကြောင့် အိုးပိုင်အိမ်ပိုင်မရှိတဲ့ လက်လုပ်လက်စား အခြေခံဝန်ထမ်း ပြည်သူတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ အထွေထွေကုန်ကျစရိတ် များပြားပြီး ၀င်ငွေနဲ့ထွက်ငွေ မမျှတတဲ့ ဒီလို ကာလမှာ နေရေးအတွက် စိုးရိမ်သောက ရောက်နေရတာတွေဟာ မြင့်သထက် မြင့်လာနေတယ်လို့ အိမ်ငှားနေသူတွေက ညည်းညူပြောဆိုကြပါတယ်။ အိမ်ငှားရမ်းနေထိုင်သူ အများစုဟာ သူတို့ရရှိတဲ့၀င်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းခန့်ကို အိမ်ငှားခအဖြစ် သုံးစွဲနေကြရတယ်လို့ ပြောပါတယ်။…
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၂၉ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၂၉ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်၂၉
Read Moreမော်လိုက် – ကလေးဝကားလမ်းမှာ တံတား ၂ စင်း မိုင်းခွဲခံရလို့ သွားလာရေးခက်ခဲနေ
သြဂုတ် ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နဲ့ မော်လိုက်ခရိုင် ၊ မော်လိုက်မြို့တို့ကို ဆက်သွယ်ထားတဲ့ မော်လိုက် – ကလေးဝ ကားလမ်းပေါ်ရှိ အဓိက တံတား ၂ စင်းဟာ မနေ့ သြဂုတ် ၂၈ ရက် ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ဒီမနက်ပိုင်းကစပြီး ယာဥ်အသွားအလာ ပြုလုပ်လို့မရတော့ဘူးလို့ ဒေသခံ ကားသမားတွေဆီက သိရပါတယ်။ ” ပလူဇဝ ရွာ နဲ့ နန်းဇလိန်ရွာနားက လိပ်ပုတ်ချောင်း တံတားနဲ့ မာန်ဖာလေး ရွာနားက မာန်ဖာလေး တံတားတွေ မိုင်းခွဲဖျက်စီးခံရတာ ဖြစ်တယ် ၊ မော်လိုက်- ကလေးဝ လမ်းပိုင်းက တောင်ပေါ် သျှိုမြောင်တွေများတော့ ကွင်းလမ်း ဆိုတာ မရှိဘူး ၊…
Read Moreဘုရင့်နောင်ပွဲရုံထဲက ဆန်ရောင်းဝယ်ရေးဆိုင် သိန်း၂၀၀ နီးပါး ဓားပြတိုက်ခံရ
ဩဂုတ် ၂၉ – ၂၀၂၃ GG(VOM) ရန်ကုန်မြို့ ၊ဘုရင့်နောင်ပွဲရုံဝန်းထဲက ” သုခရှင် ” ဆန် နှင့်အထွေထွေပစ္စည်းရောင်းဝယ်ရေးဆိုင်ဟာ မနေ့ ဩဂုတ် ၂၈ ရက်က ဓားပြတိုက်ခံရပြီး ငွေ သိန်း ၂၀၀ လောက်ပါသွားတယ်လို့ သိရပါတယ်။ အမည်မသိ အမျိုးသား ၆ ယောက်က ဆန်ဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေသားတွေကို လုယူထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ် ။ ” ဦးထုပ်ဆောင်းထားတယ်၊မက်ခ်တပ်ထားတယ်ဆိုတော့ မျက်နှာမမြင်ကြဘူးပေါ့။သူတို့မှာ ဓားပါတယ် ဓားနဲ့ ခြိမ်းခြာက်ပြီး မီးခံသေတ္တာထဲကပိုက်ဆံကိုယူသွားတာလို့ သိရတယ်။ နေ့ခင်းကြောင်တောင်ကြီးကို လုပ်သွားကြတာ ၊ ဘုရင့်နောင်ပွဲရုံထဲ ဒီလောက်လူမပြတ်တာကိုတောင်လာလုပ်သွားတာ၊ အိမ်ထဲနေတာတောင်မလုံခြုံတော့ဘူး”လို့ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းအလုပ်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ အဲ့ဒီလို ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ကာ ကျူးလွန်သူတွေကို ရှာဖွေမှုလုပ်ခဲ့ပေမယ့် အခုထိတော့ ဖမ်းဆိရမိတာမရှိသေးဘူးလို့ သိရပါတယ်။ အခုလို ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး သုခရှင်…
Read MoreThis Day in History(August2)
This Day in History(August2) Voice of Myanmar တရုတ်နိုင်ငံသည် ပထမဘိန်းစစ်အပြီး ၁၈၄၂ ခုနှစ် သြဂုတ် ၂၉ ရက်တွင် ဗြိတိသျှတို့နှင့်ချုပ်ဆိုခဲ့ရသော နန်ကျင်းစာချုပ်အရ ဟောင်ကောင်ကို ဗြိတိန်လက်သို့ လွှဲပြောင်းပေးအပ်ခံရသည်။ #voiceofmyanmar #VOM #ThisDayInHistory #August29
Read More