စက်တင်ဘာ ၆-၂၀၂၃ SP + SN (VOM) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ကို ဒီကနေ့မှာပဲ ရန်ကုန် အင်းစိန် ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ် ။ ” ဒီကနေ့ပဲ Myanmar Now သတင်းဌာနက ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် ဆိုသူကို အမိန့်ချတယ် ၊ အမိန့်ချခံရတဲ့ ပုဒ်မတွေကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆…
Read MoreDay: September 6, 2023
ယူကရိန်းသမ္မတ ဇီလန်စကီး ရုရှားတပ်တွေနဲ့တိုက်နေတဲ့ အဓိကရှေ့တန်းစစ်မျက်နှာတွေကို သွားရောက်
ကိယက်ဗ်၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအားပေးဖို့ အဓိကရှေ့တန်းစစ်မျက်နှာကို သွားရောက်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ပါတယ်။ သမ္မတဇီလန်စကီးဟာ နိုင်ငံအရှေ့ပိုင်း ဒွန်နက်ခ်ဒေသနဲ့ တောင်ပိုင်းရှိ ဇာပိုရစ်ဇီးယားဒေသတို့ကို သွားရောက်ခဲ့ကြောင်း သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒွန်နက်ခ်ရှိ ဘက်မွတ်ခ်မြို့အနီး ရှေ့တန်းစစ်မျက်နှာမှာ ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ သမ္မတဇီလန်စကီးနဲ့ တပ်မှူးဖြစ်သူ အိုလက်ခ်ဆန်ဒါဆီစကီး တို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ “ ဒီနေ့ ဒီၤမှာရှိနေရတာကို ဂုဏ်ယူမိပါတယ်။ ယူကရိန်းပြည်သူတရပ်လုံးရဲ့ကိုယ်စား နိုင်ငံနဲ့ နယ်နိမိတ်ကို ကာကွယ်ပေးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ခွန်အားနဲ့ ကာကွယ်ပေးမှုတွေအတွက် နှလုံးသားထဲက ကျေးဇူးတင်ပါတယ်” လို့ ရှေ့တန်းစစ်မျက်နှာမှာ သမ္မတဇီလန်စကီးက ပြောပါတယ်။ ရုရှားရဲ့ ပထမဆုံးကာကွယ်ရေးစည်းကို ထိုးဖောက်နိုင်ခဲ့တယ်လို့ ယူဆရတဲ့ ဇာပိုရစ်ဇီးယားရှိ အဓိကမြို့တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ယူကရိန်းလက်ထောက်ကာကွယ်ရေးဝန်ကြီး ဟန်နာမီလာက ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး…
Read Moreရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ပြန့်ပို့ရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားဖွယ်ရှိ
ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ဖွယ်ရှိနေပါတယ်။ ဆိုင်းငံ့ထားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ တရုတ်ကကြားဝင်စေ့စပ်ပေးမယ့် ဆွေးနွေးပွဲတွေတက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ လက်ရှိချိန်ထိ ဒုက္ခသည် ၇၀၀၀ ကျော်စာရင်းကို ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ကနဦးအစီအစဉ်အရ ၃၀၀၀ ကိုသာ စတင်ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Miah Md. Mainul Kabir ကပြောပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အားကောင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို ထပ်မံလာရောက်မယ်လို့ သူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ လာမယ့်သုံးလအတွင်း ဒုက္ခသည်တွေနေရပ်ပြန်ပို့မယ့် လုပ်ငန်းစဉ် စတင်ဖို့ ဆန္ဒရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်တာနဲ့ပတ်သက်ပြီး မြန်မာဘက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ဟာ…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၆ ရက်)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၆ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September6th
Read Moreဘရာဇီးတောင်ပိုင်းမှာ ရေဘေးကြောင့် လူ (၂၀) ကျော်သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
ဘရာဆီးလီးယား၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် လူ ၂၁ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်မှုတွေဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ်တွင်းရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ လူဦးရေ ငါးထောင်သာရှိသော မူကမ်မြို့မှာတော့ မြို့ရဲ့ ၈၅ ရာခိုင်နှုန်း ရေနစ်မြုပ်ခဲ့ပြီး ဒေသခံရာပေါင်းများစွာကို နေအိမ်ခေါင်မိုးတွေပေါ်ကနေ ကယ်တင်ခဲ့ရကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲဒီမြို့မှာ စက်တင်ဘာ ၅ ရက်က ရုပ်အလောင်း ၁၅ လောင်းထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ ၂၁ ဦးထိ မြင့်တက်လာပြီဖြစ်ကြောင်း ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဂျူရာဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပျောက်ဆုံးနေသူအများအပြား ရှိနေတဲ့ အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း သူကပြောပါတယ်။…
Read MoreThis Day in History
This Day in History Voice of Myanmar အမေရိကန်၏ ၂၅ ဦးမြောက်သမ္မတ ဝီလျံမက်ကင်လီသည် ၁၉၀၁ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် နယူးယောက်ပြည်နယ် ဘတ်ဖ်လိုမြို့၌ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံခဲ့ရပြီးနောက် ရှစ်ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September6th
Read Moreရွေးကောက်ပွဲ ဘယ်ကာလမှာ ကျင်းပဖြစ်မယ်ဆိုတာ အခြေအနေပေါ်မူတည်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော
စက်တင်ဘာ ၆ – ၂၀၂၃ SN (VOM) လက်ရှိမှာ နစက က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ဘယ်အချိန်၊ ဘယ်ကာလမှာ ကျင်းပဖြစ်မယ်ဆိုတာကတော့ အခြေအနေပေါ်မူတည်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။ “နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ တိုင်းသိပြည်သိ ကမ္ဘာသိ တရားဝင်ပြောတဲ့သဘောဖြစ်တယ်။ သို့သော် ဒါ ဘယ်ကာလမှာ ဖြစ်မယ်ဆိုတာကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ ဒီလိုပဲ စဉ်းစားရမှာပဲ။ ရွေးကောက်ပွဲက လုပ်လိုက်ပြီးတော့ ပြည်သူရဲ့ဆန္ဒအမှန် ထွက်မလာဘူးဆိုရင် ဒီရွေးကောက်ပွဲက မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကြိမ်းသေတာကတော့ အကြီးအကဲတွေက ကတိကဝတ်ပေးထားတယ်။ ကာလအတိုင်းအတာကတော့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်လိမ့်မယ်” လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။ မူလက ရှေ့နှစ် ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့…
Read Moreဂျီ-၂၀ အဖွဲ့ထဲဝင်ရောက်ဖို့ နိုင်ဂျီးရီးယား စဉ်းစားနေ
အဘူဂျာ၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံဟာ ဂျီ-၂၀ အဖွဲ့ထဲ ဝင်ရောက်ဖို့ စဉ်းစားနေကြောင်း နိုင်ဂျီးရီးယားအစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျီ-၂၀ အဖွဲ့ထံ ဝင်ရောက်ဖို့လျှောက်ထားခြင်းမပြုမီ အဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆကာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သမ္မတဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ နိုင်ဂျီးရီးယားသမ္မတ တီနူဘူဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ ဒေလီကို သွားရောက်ပြီး ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ သမ္မတနီနူဘူ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တာဟာ နိုင်ဂျီးရီးယားမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရှာဖွေဖို့၊ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့နဲ့ အခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို ခိုင်မာစေဖို့ဖြစ်ကြြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ နိုင်ဂျီးရီးယားအနေနဲ့ ဂျီ-၂၀ အဖွဲ့သို့ ဝင်ရောက်မယ့်ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေလုပ်ဆောင်နေကြောင်း သူကပြောပါတယ်။ လက်ရှိမှာတော့ တောင်အာဖရိကနိုင်ငံဟာ ဂျီ-၂၀ အဖွဲ့ရဲ့ တခုတည်းသော အာဖရိကအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar…
Read Moreတပတ်အတွင်း မူဆယ် ကျင်စန်းကျော့ဂိတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ
စက်တင်ဘာ ၆- ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ်ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ကနေ စက်တင်ဘာလ ၅ ရက်နေ့ အထိ တပတ်အတွင်း ပို့ကုန် သွင်းကုန်ကားစုစုပေါင်း ၁၆၂၈ စီး ရှိခဲ့တယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာဘက်ကနေ တရုတ်ဘက်ကို တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၅၉၁ စီး ရှိပြီး တစ်ရက် ပျှမ်းမျှ ၈၄ စီး တရုတ်ဘက်ဝင်ရောက်ကာ အဲဒီအထဲမှာ တစ်ရက်ကို ခါလီကား ပျမ်းမျှ ၁၆ စီးခန့်၊ ဂဏန်း ၈ စီးခန့်၊ ငါးရှဉ့် ၆ စီးခန့်ပါပြီး ဖရဲ၊ သခွား၊ သကာရည်တွေပို့ကုန်ကားတွေလည်း ပါဝင်ပါတယ်။ သွင်းကုန်ကားအနေနဲ့…
Read Moreမိုင်းတုံမြို့နယ်မှာ ဓားပြက ပစ်သတ်လို့ အိမ်ရှင်အပါအဝင် လူ ၃ ယောက် သေဆုံး
စက်တင်ဘာ ၊ ၆ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှာ မနေ့ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားရာကနေ ပစ်ခတ်တာတွေဖြစ်ပွားပြီး နေအိမ်ပိုင်ရှင် ၃ ဦး ကျည်ဆံထိမှန် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် ၅ နာရီဝန်းကျင်လောက်မှာဖြစ်တာပါ ၊ ဒေါ်နန်းနု၊သားဖွားဆရာမ အိမ်မှာ ဓားပြတိုက်ခံရတယ် ၊ အိမ်ရှင်က ဘေးပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူညီအညီတောင်းရာကနေ ဓားပြက သေနတ်နဲ့ ပစ်သတ်သွားတယ် ၊ အဲ့ဒီမှာ အိမ်ရှင် ဒေါ်နန်းနု ၄၉ နှစ် ၊ ကူညီပေးဖို့ ရောက်လာတဲ့ အိမ်ရှင်ဖြစ်သူရဲ့ တူတော်တဲ့ စိုင်းလောင်(ဝ်)၊ ၃၉ နှစ်နဲ့ စိုင်းဆိုင်လျန်း၊ ၁၆…
Read More