ဘုတလင်မြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ ရဲ ၁ ဦးသေဆုံး လက်နက်ခဲယမ်းတွေပါသွား

စက်တင်ဘာ ၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ပေါ်မှာ မနေ့ စက်တင်ဘာ ၇ ရက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး လုံခြုံရေးတာဝန်ကျ ရဲတစ်ဦး သေဆုံးသွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ် ။

” လုံခြုံရေးတာဝန်ချထားတဲ့ ရဲတပ်ကြပ် ဖိုးထူး ဆိုသူပစ်ခံရလို့ကျသွားတယ် ၊ သေနတ် ၁ လက်ပါသွားတယ် ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က လူ ၄၀. လောက်ရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေး အဖွဲ့ နီးစပ်သူတယောက်က ” မနေ့က အမည်မသိ ( စီစစ်ဆဲ) လက်နက်ကိုင်အဖွဲ့က မြို့ပေါ်ကို ဝင်ရောက်ပစ်ခတ်တယ် ၊ ရဲဝန်ထမ်းတယောက်ကျတယ် ၊ လက်နက်ငယ် တစ်လက်ပါသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၇ ရက် ၊ နေ့လည်ပိုင်းအချိန်က ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် ၁၀ ဦးတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ခဲ့ပါတယ်။

အဲ့ဒီ အပြင် စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလတွင်း ပစ်ခတ်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါး ကျဆုံးခဲ့ရပြီး ၁၀၀ ဝန်းကျင်ကလည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

#voiceofmyanmar #VOM #ဘုတလင်

Related posts

Leave a Comment

VOM News

FREE
VIEW