ကျောင်းထိုင်ဆရာတော်ကို သံဃာတပါးက တူနဲ့ထုသတ်

စက်တင်ဘာ ၁၂ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်း၊ ဇမ္ဗူ့ရတနာကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ကို ကျောင်းနေ သံဃာတပါးက မနေ့စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က တူနဲ့ထုသတ်ခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ အဲ့ဒီ့ဖြစ်စဉ်ကြောင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒ ဓမ္မာစရိယ သက်တော် (၅၄) နှစ်၊ သိက္ခာတော် (၃၀) ဟာ ဂျိုစောင်းစုတ်ပြတ်ဒဏ်ရာ (၁) ချက်၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးထွက်ပြီး သီလပေးအဆောင်ဘုရားရှေ့ Dream Bed ပေါ်မှာ ပက်လက်အနေအထားနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။ “တူနဲ့ထုတဲ့ကိုယ်တော်က ဒုလ္လဘဦးဇင်းပါ။ နေ့လယ်ပိုင်း ကျောင်းထိုင်ဆရာတော် ကျိန်းနေတဲ့အချိန်မှာ တူနဲ့ခေါင်းကိုထုသတ်လိုက်တာပါ။ အခုတော့…

Read More

သပိတ်ပိုက်ပြီး ဆွမ်းခံ၊ဆွမ်းစားတဲ့ မယ်သီလရှင်ကို ညတွင်းချင်း ပဲခူးတိုင်းကနေ နှင်ထုတ်ခဲ့

စက်တင်ဘာ ၁၂ – ၂၀၂၃ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ်၊ မှုတ်ရှည်ရပ်ကွက်က ၊ဓမ္မထေရီ ပန်ထွာတောရကျောင်းမှာ သီတင်းသုံးနေတဲ့ ဒေါ်ပညာနန္ဒီ ဆိုတဲ့ သီလရှင်ဟာ ဝိနည်းနဲ့မညီတဲ့ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်ခြင်း၊ သပိတ်နဲ့ ဆွမ်းစားတဲ့အပြုအမူတွေကို ပြုလုပ်ခဲ့လို့ လူဝတ်လဲကာ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနေ့ စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာပဲ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်လုံးဆိုင်ရာသီလရှင်အမှုဆောင်အဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒေါ် ပညာနန္ဒီ (ခ) ဒေါ်မာမာလွင်ကို လူဝတ်လဲကာ ပဲခူးတိုင်းအနောက်ပိုင်းကနေ ထွက်သွားဖို့ နယ်နှင်ဒဏ်ပေးလိုက်တာဖြစ်ပါတယ်။ ” မ​နေ့က ည ၈ နာရီလောက်မှာ သံဃာနာယက ဆရာတော်ကြီးတွေက ခေါ်ပြီး အစည်းဝေးတယ်။ညတွင်းချင်းလူဝတ်လဲပြီး နယ်နင်ဒဏ်ပေးလိုက်တယ်၊ဒီကနေ အပြီးထွက်သွားဖို့ပေါ့၊သူကိုထပ်တွေ့ရင် အရေးယူမယ်ပေါ့။ သူအကြောင်းသိတာလည်း မနေ့ကမှ ဖုန်းတွေဆက်မေးကြပြောကြတော့မှ လိုင်းပေါ်ရှာကြည့်တွေ့ရတယ်။အဲ့ဒါနဲ့ညကျ ဆရာတော်ကြီးတွေက ညတွင်းချင်းဖြေရှင်းဖို့ခေါ်ပြီး လုပ်လိုက်တာပါ “လို့…

Read More

အိမ်သုံးဂတ်စ်တွေ ဈေးထပ်တက်လာ

စက်တင်ဘာ ၁၂ – ၂၀၂၃ SN (VOM) လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ အချိန်ပိုင်း လျှပ်စစ်မီး ပေးဝေတဲ့စနစ်ကြောင့် လတ်တလော ချက်ရေးပြုတ်ရေးမှာ အသုံးများလာတဲ့ အိမ်သုံး LPG ဂတ်စ်တွေဟာ ပြီးခဲ့တဲ့လကထက် ငွေကျပ် ၁၀၀၀ ဝန်းကျင် ဈေးထပ်တက်လာနေတယ်လို့ အိမ်သုံးဂတ်စ်အရောင်းဆိုင်တွေနဲ့ အသုံးပြုသူတွေဆီက သိရပါတယ်။ ချက်ပြုတ်ရာမှာ အသုံးများလာပြီဖြစ်တဲ့ အိမ်သုံးဂတ်စ် ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ၁ ပိဿာကို ငွေကျပ် ၅၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက အခုစက်တင်ဘာလထဲမှာတော့ ၁ ပိဿာကို ၆၀၀၀ ကျပ်နှုန်းအထိ ဈေးထပ်တက်လာတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ လဝက်လောက်ကစပြီး ဈေး‌ထပ်တက်လာတာပါ။ အဓိကကတော့ ငွေလဲနှုန်းမငြိမ်တာကြောင့်ပေါ့။ ထိုင်းဘတ်ငွေလဲနှုန်းတွေက ပြီးခဲ့တဲ့လက ၁၀၀ ကျော်အထိ တက်သွားတာလေ။ အခုက ပြန်ကျလာတယ်ဆိုပေမယ့် ဝယ်တုန်းက အမြင့်ဈေးနဲ့ ဝယ်ထားရတာဆိုတော့ ဂတ်စ်ဈေးက…

Read More

သာယာဝတီမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက်သေဆုံး

စက်တင်ဘာ ၁၂ – ၂၀၂၃ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနားမှာ ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” အဲ့ဒီသာယာအေးရွာနားမှာက လုံခြုံရေးအဖွဲ့ရှိတယ်၊အဲ့ဒီနားမှာ ပစ်ခတ်မှုတွေဖြစ်တာ၊ရောက်တော့သိရတာ ၃ ယောက်သေတယ်လို့ သိရတယ်။ သေတာ လူငယ်အမျိုးသားတွေပါ လက်နက်တွေလည်းမိတယ်သိရတယ်”လို့ သာယာဝတီဒေသခံ(၁)ဦးကပြောပါတယ်။ မနေ့က သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊စံရွေးတန်းရပ်ကွက်က အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင် သာယာအေးရွာနားမှာ အသတ်ခံရပြီးနောက် အခုလိုပစ်ခတ်မှုဖြစ်ကာ လူ ၃ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ” စစ်ဆေးဖို့ရပ်ခိုင်းတာကို ထွက်ပြေးတော့ ပစ်ခတ်မှုဖြစ်ပြီး ၃ ယောက်လုံးသေတယ်၊ တစ်ယောက်က နံစောင်းဖောက်ဝင်တယ်၊နောက်၂ယောက်က လည်ပင်းနဲ့ ကျောကိုဖောက်ဝင် ဒဏ်ရာကြောင့်သေတယ်။ မနေ့က အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးတော့ အခုလိုစောင့်ပြီး လုံခြုံရေးယူရာကနေ ပစ်ခတ်မှုဖြစ်တာပေါ့၊သူတို့ဆီက လက်လုပ်မိုင်း…

Read More

ဧရာဝတီတိုင်းမှာ စားဆီပြတ်လပ်နေလို့ ဆီအသုံးပြုနေရတဲ့ လုပ်ငန်းတွေ ရပ်နားလာရ

စက်တင်ဘာ ၁၂-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ စားသုံးဆီ ပြတ်လပ်နေလို့ ဆီကို အဓိကအသုံးပြုလုပ်ကိုင်ရတဲ့ အသေးစားလုပ်ငန်းတွေ ရပ်နားလာရတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ စားဆီပြတ်လပ်နေတာဟာ တပတ်ခန့်အထိ ရှိလာပြီး ဆီနဲ့အဓိက အသုံးပြုလုပ်ကိုင်ရတဲ့ အသေးစား အကြော်စုံလုပ်ငန်းတွေ ၊ မုန့်အမျိုးမျိုးလုပ်ငန်းတွေ ၊ဆီရောင်းသူတွေ လုပ်ငန်းရပ်နားလာရတယ်လို့ သိရပါတယ်။ ”အစ်မ ငှက်ပျောကြော်ကို အဓိက ထုတ်လုပ်ရောင်းချတာပါ ၊ လုပ်လာတာ ၁၁ နှစ်ထဲရောက်လာပြီ ဒီလိုအဖြစ်မျိုး မကြုံခဲ့ရဘူး ၊ ဆီဈေးတက်တုန်းက တောင့်ခံလုပ်သေးတယ် ၊ အခုစားဆီက လုံးဝကို ပြတ်လပ်နေတာ ၊ အစ်မတို့ လုပ်ငန်းက ဆီ ၇ ပိဿာကနေ ၁၀ ပိဿာအထိ နေ့တိုင်းသုံးရတာ ၊ လုံးဝယ်မရတော့ စိတ်ကုန်သွားပြီ ဒါ့ကြောင့် လုံးဝရပ်ပြစ်လိုက်တာပါ၊ ဆီဈေးလည်းကျ အလွယ်တကူဝယ်ရမှ ပြန်လုပ်တော့မယ် ၊အရင်လိုတော့ အဆင်ပြေမယ်မထင်ဘူး။”လို့…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၃၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September12th

Read More

မော်ရိုကိုငလျင်ကြောင့် သေဆုံးသူ ၂၈၀၀ ကျော်ရှိလာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်း ဆက်လက် လုပ်ဆောင်နေ

ရာဘတ်၊ စက်တင်ဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) မော်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၈၆၂ ဦးထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ ပြည်ပနိုင်ငံတွေက အကူအညီတွေနဲ့အတူ ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ တောင်တန်းဒေသ အပျက်အစီးတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။ ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းမြေငလျင်ဟာ မာရာကတ်ချ်အနောက်တောင်ဘက် အက်လက်စ်တောင်တန်းဒေသမှာ ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂၅၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီး သုံးရက်အကြာမှာ အသက်ရှင်ကျန်ရစ်သူတွေကို အသက်ရှင်လျှက် ရှာဖွေတွေ့ရှိဖို့အလွန်ခက်ခဲကြောင်း ၊ သို့သော် မျှော်လင့်ချက်ရှိကြောင်း စပိန်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။ ငလျင်ကယ်ဆယ်ရေးနှင့်ပတ်သက်၍ ဗြိတိန်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ စပိန်နိုင်ငံတို့မှ အကူအညီများကို လက်ခံရရှိထားကြောင်း မော်ရိုကိုအာဏာပိုင်များက ထုတ်ပြန်ထားသည်။ Ref:CNA Photo:AFP…

Read More

တမူးခရိုင်မှာ နေရပ်စွန့်ခွာသူတွေ များလာ

စက်တင်ဘာ ၊ ၁၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာတာကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာသွားကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကလေး – တမူး ကားပေါ်မှာရှိတဲ့ ရွာတွေနားကို တိုက်ပွဲတွေဖြစ်တယ် ၊ အခုလထဲမှာပဲ ခမ်းပတ် ၊ ခို့မွန်းနွံ ၊ နန့်မွန်းတား ၊ ဖိုင်လင်း ၊ ပန်းသာ စတဲ့ရွာတွေနားမှာဖြစ်တာ ၊ ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ ခမ်းပတ်ကနေ တမူးအထိ လမ်းတွေပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ဒေသခံအများစုကတော့ အိန္ဒိယဘက်ကို ပြောင်းရွေ့သွားကြတယ် ၊ ရွာတိုင်းလိုလို မိသားစု အနည်းငယ်ပဲ ကျန်တော့တယ်”လို့ ဘုက္ကန်ကျေးရွာနေ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီလို နေရပ်စွန့်ခွာသွားတဲ့…

Read More

ထိုင်းဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆုံးဖြတ်ထားကြောင်း ဝန်ကြီးချုပ်သစ် ဆရက်သာဗီဆင် ပြော

ဘန်ကောက်၊ စက်တင်ဘာ-၁၂-၂၀၂၃ မျိုးဆက်(VOM) ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာဗီဆင်ဟာ ထိုင်းအစိုးရရဲ့ အဓိကဦးစားပေးမူဝါဒတွေကို စက်တင်ဘာ ၁၁ ရက်က ပထမဆုံးလွှတ်တော် မိန့်ခွန်းမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ ခေတ်မီပြီး နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသွားမှာဖြစ်ပြီး ဒေသအားလုံးမှ နိုင်ငံသားတွေပါဝင်ကြဖို့ အရေးကြီးကြောင်း သူကပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေးကြီးကြောင်း ဝန်ကြီးချူပ် ဆရက်သာဗီဆင်က အလေးပေးပြောဆိုပါတယ်။ ဒါပေမယ့်လည်း အချိန်အတိအကျကိုမူ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်အမတ်တွေကို စစ်တပ်က ရွေးချယ်ခန့်အပ်ထားပါတယ်။ ထိုင်းအစိုးရသစ်အနေနဲ့ မဖြစ်မနေစစ်မှုထမ်းစနစ်ကို ဖြေလျော့သွားမှာဖြစ်ပြီး စစ်တပ်ထိပ်တန်းအဆင့်တာဝန်ရှိသူတွေကိုလည်း လျှော့ချသွားမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဆရက်သာဟာ ဒီမိုကရေစီလိုလားသော ရှေ့သို့ပါတီပြီးနောက် မေလရွေးကောက်ပွဲမှာ ဒုတိယအများဆုံး ထောက်ခံမဲရရှိခဲ့တဲ့ ပွေထိုင်းပါတီမှဖြစ်ပြီး ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရိှခဲ့တဲ့ ရှေ့သို့ပါတီက ပီတာကတော့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်မခံခဲ့ရပါဘူး။ Ref:NHK…

Read More

အသတ်ခံရတဲ့ အုပ်ကြီးနေရာမှာ ထပ်ခန့်ထားတဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြန်

စက်တင်ဘာ ၁၂ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ၊စံရွေးတန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်ဟာ မနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ” သူ့သမီးဆရာဝန်ကို ဆိုင်ကယ်နဲ့ သွားကြိုပြီးပြန်လာချိန် ညနေ ၆ နာရီကျော်လောက်မှာ ပစ်ခံရတာ၊ ခလရ ၃၅ စစ်တပ်၊ သာယာအေးကျေးရွာလမ်းနားမှာ အနီးကပ်ပစ်သွားတာ။နေရာမှာ ပွဲချင်းပြီးပဲ။သမီးဖြစ်သူကိုတော့ ဘာမှလုပ်မသွားဘူး၊ သူ့အရင် အုပ်ကြီးလည်း အခုလိုပစ်သတ်ခံရတာပဲ”လို့ သာယာဝတီဒေသခံ(၁)ဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်မှာ ဦးခေါင်း နဲ့ ရင်ဘတ်ကို သေနတ် ၃ ချက်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး အသက် ၅၀ အရွယ်ရှိတယ်လို့ သိရပါတယ်။ အခုအသတ်ခံရတဲ့ အမျိုသမီးအုပ်ချုပ်ရေးမှူးဟာ အရင် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ပစ်သတ်ခံရပြီးနောက် နစက…

Read More
VOM News

FREE
VIEW