အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူ ၇၀၀ ကျော်သေဆုံး

  ဂါဇာစီးတီး၊ အောက်တိုဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM)   ဂါဇာကမ်းမြှောင်ဒေသိကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၇၀၀ ကျော်သေဆုံးခဲ့ကြောင်း ဟားမတ်စ် တာဝန်ရှိသူတွေက ပြောပါတယ်။   ဂါဇာရှိ ဟားမတ်စ်တွေရဲ့ ပစ်မှတ် ၄၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ ဟားမတ်စ်အဖွဲ့ တပ်မှူးအများအပြားသေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။   ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးဓါးစာခံနှစ်ယောက်ကို ထပ်ပြီးလွှတ်ပေးခဲ့ပေမယ့် တိုက်ခိုက်မှုတွေကို အရှိန်လျှော့မှာ မဟုတ်ဘူးလို့ အစ္စရေးက ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒီအတောအတွင်းမှာ ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။   လက်ရှိမှာတော့ ဂါဇာရှိဆေးရုံသုံးပုံတပုံဟာ လျှပ်စစ်မီး၊ ဆေးဝါး၊ ဝန်ထမ်းနဲ့ သောက်သုံးရေမလုံလောက်မှုကြောင့် လုပ်ငန်းတွေရပ်ဆိုင်းနေပါတယ်။   အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နဲ့ အခြားအင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ်…

Read More

ရွှေဘို ပြည်သူ့ဆေးရုံကြီးမှာ ပေါက်ကွဲမှုနဲ့ မနေ့က စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်တာတွေကြောင့် ဘုန်းကြီး တပါးပျံတော်မူ ၊ လူ လေးယောက် သေဆုံး

  အောက်တိုဘာ ၂၄ ၊ ၂၀၂၃ SP ( VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ရွှေဘိုပြည်သူ့ဆေးရုံကြီးနားမှာ မနေ့ အောက်တိုဘာ ၂၃ ရက် ၊ မနက် ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီးထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။ ” ဆေးရုံကို ဗုံးလာခွဲတဲ့ သူက ၊ ဆေးရုံဝန်းထဲရောက်တော့ ဗုံးမဖောက်ခွဲခင် ဗုံးက သူ့လက်ထဲမှာတင် ပေါက်ကွဲသွားတာပါ ၊ အဲ့ဒါကြောင့်ဆေးရုံ ပြတင်းတံခါး တချို့ပျက်စီးသွားတယ် ၊ ဗုံးလာခွဲတဲ့ သူလည်း လက်ပြတ်သွားတယ် ၊ တကိုယ်လုံး မီးလောင်ဒဏ်ရာတွေရပြီး စုပ်ပြတ်သွားတယ် ၊ နောက်ပြီး အဲ့ဒီလို ဗုံးကွဲတဲ့အချိန်မှာ ဗုံးခွဲဖို့လာတဲ့သူ တယောက်လည်း ထွက်ပြေး လွတ်မြောက်သွားတယ် ၊ ဗုံးလာခွဲတဲ့သူကတော့ လက်ထဲမှာ ကွဲတဲ့အတွက်…

Read More

မူဆယ် ကျင်းစန်းကျော့မှ တပတ်အတွင်း ပို့ကုန်သွင်းကုန် အခြေအနေ

  အောက်တိုဘာ ၂၄၊ ၂၀၂၃ Shy V (V0M)   တရုတ် – မြန်မာနယ်စပ် မူဆယ် ကျင်းစန်းကျောကနေ တရုတ်ဘက် အောက်တိုဘာ ၁၇ ရက်နေ့ကနေ အောက်တိုဘာ ၂၃ ရက်နေ့အထိ တပတ်အတွင်း ပို့ကုန်သွင်းကုန်ကား စုစုပေါင်း အစီး ၁၂၀၀ ကျော် နဲ့ ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်းမှတ်တမ်းတွေ အရ သိရပါတယ်။ မြန်မာဘက် ကနေ တရုတ်ဘက်ကို အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တပတ်အတွင်း ပို့ကုန်ကား ခါလီအပါအဝင် အစီးရေ ၅၀၀ ကျော် ရှိပြီး တရက် ပျမ်းမှျ ပို့ကုန်ကား အစီးရေ ၅၀ ဝန်းကျင်ခန့်ရှိပြီး ခါလီကားကတော့ အစီး ၃၀ ကျော်ခန့် ရှိတာကို…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ကုန်ရထားနဲ့ ခရီးသည်တင်ရထားတိုက်မိတာကြောင့် ၁၇ ယောက်သေဆုံး

    ဒါကာ၊ အောက်တိုဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းမှာ အောက်တိုဘာ ၂၃ ရက်ကဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းတိုက်မိမှုကြောင့် လူ ၁၇ ယောက်သေဆုံးပြီးအများအပြားဒဏ်ရာရရှိသွားကြောင်းအာဏာပိုင်တွေက ပြောပါတယ်။   အောက်တိုဘာ ၂၃ ရက်ကဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုဟာ ဒါကာမြို့အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ အကွာရှိ ဘာဟာရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရီးသည်တင်ရထားတစင်းရဲ့ နောက်ဘက်တွဲဆိုင်းတွေကိုကုန်တင်ရထားက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။   ရထားချင်းတိုက်မိမှုဟာ အချက်ပြစနစ်မှားယွင်းမှုကြောင့် ဖြစ်နိုင်ခြေရှိကြောင်းအမည်မဖော်လိုတဲ့ မီးရထားတာဝန်ရှိသူတယောက်ကပြောပါတယ်။   မတော်တဆမှုအတွင်းလူအများအပြားပိတ်မိနေခဲ့ပါတယ်။ သေဆုံးသူအများစုဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးဦးကတော့ ဆေးရုံမှာသေဆုံးခဲ့တာဖြစ်ပါတယ်။   လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပြီးဒဏ်ရာရသူ ၅၀ ကျော်ကိုကုသမှုများပေးနေကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။   မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုအာဏာပိုင်တွေကစုံစမ်းစစ်ဆေးနေပါတယ်။ အခြေခံအဆောက်အအုံဆိုင်ရာအားနည်းချက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရထားမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။   Ref:BBC Photo:Reuters  …

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3159

Read More

ကိုရီးယားက ရာသီလုပ်သားခေါ်မယ်ဆိုပြီး တယောက်ကို သိန်း ၃၀ ကနေ သိန်း ၅၀ ထိ လိမ်လည်မှုတွေရှိ

    ရန်ကုန် ၊အောက်တိုဘာ ၂၄ – ၂၀၂၃ GG(VOM)   ကိုရီးယားနိုင်ငံရဲ့ ရာသီချိန်လုပ်ငန်းတွေအတွက် မြန်မာကနေ ရာသီချိန်လုပ်သား ခေါ်ယူမယ်ဆိုတဲ့သတင်းကြောင့် နယ်တွေမှာဝန်ဆောင်ခအဖြစ် ရာသီချိန်လုပ်သားသွားရောက်လိုသူ လူတယောက်ကို သိန်း ၃၀ ကနေ ၅၀ အထိလိမ်ညာ တောင်းခံမှုတွေရှိလာတယ်လို့သိရပါတယ် ။ ဒါ့ကြောင့် မြန်မာနိုင်ငံ ဆိုင်ရာကိုရီးယားသံရုံးက မနေ့ကအောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာကနေရာသီလုပ်သား ခေါ်ယူမယ်ဆိုတာမဟုတ်ကြောင်း ၊ ကိုရီးယားအစိုးရမှလည်း မြန်မာနိုင်ငံရှိ ရာသီချိန်အလုပ်သမားနဲ့ ပတ်သက်လို့ မည်သည့် ကြေငြာချက်ကိုမျှ ထုတ်ပြန်‌ကြေငြာထားခြင်းမရှိဘူးလို့ သတိပေးလာပါတယ်။   ” သံရုံးကလည်း တရားဝင်ကြေငြာလာပြီ၊မြန်မာက ရာသီလုပ်သားခေါ်မယ်ဆိုတာ သူတို့မထုတ်ပြန်ထားဘူး၊ ခေါ်ဖို့လည်းမရှိသေးဘူးဆိုတာအတိအလင်းပြောလိုက်ပြီ၊ ဒါကို ထပ်ပြီးအလိမ်မခံကြပါနဲ့တော့ ။ ရာသီလုပ်သားသွားရမယ်ဆိုပြီး နယ်တွေမှာ သိန်း ၃၀ တွေ သိန်း၅၀ တွေ ပေးပြီးသူတွေလည်းရှိတယ်၊အဲ့တော့ တဝက်ပေးထားပြီးသူတွေ…

Read More

သတ်မှတ်ထားတဲ့ အချက် ခုနစ်ချက်နဲ့ ပြည်စုံမှ တက္ကစီတွေ ပြေးဆွဲခွင့်ရမယ်

    အောက်တိုဘာ ၂၄ – ၂၀၂၃ SN (VOM)   ရန်ကုန်မှာ စီးတီးတက္ကစီတွေကို သတ်မှတ်ထားတဲ့ အချက် ခုနစ်ချက်နဲ့ ပြည်စုံမှသာ ပြေးဆွဲခွင့် ပေးတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရပါတယ်။   အဲ့ဒီ့ အချက် ခုနစ်ချက်ကတော့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည. န) မှာ အငှားယာဉ် နံပါတ်ပြား အနီအဖြစ်မှတ်ပုံတင်ထားဖို့၊ က.ည.န မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်) ရှိဖို့၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရဲ့ လုပ်ငန်းလိုင်စင်တွေ အပိုင်း (၁)၊ (၂) ရှိဖို့၊ အဝါရောင်ဘေးလိုင်း စတစ်ကာ ပါဖို့၊ YRTC စီးတီးတက္ကစီ စတစ်ကာနဲ့ ယာဉ်မောင်းဓာတ်ပုံပါဖို့၊ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) လိုဂို ပါဖို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့…

Read More
VOM News

FREE
VIEW