နေပြည်တော်၊ အောက်တိုဘာ ၂၇၊ ၂၀၂၃
KT (VOM)
ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်တပ်(MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ က စစ်ဆင်ရေးအမည်ကို ၁၀၂၇ လို့ အမည်ပေးပြီး နစက စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ခုလိုဖြေကြားထားပါတယ်။
” ချင်းရွှေဟော်နားလေးကဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်း၊ အထက်နဲနဲတက်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်၊ သိန္ဒီရဲ့အရှေ့ဘက်မှာလည်းထိတွေတိုက်ပွဲဖြစ်တယ်။ လားရှိုးအရှေ့ဘက်ခြမ်းကရွာတွေမှာလည်းထိတွေတိုက်ပွဲတွေဖြစ်တယ်။ ကွမ်လုံနဲ့ချင်းရွှေဟော်ကြားမှာလည်းတိုက်ပွဲတွေဖြစ်တယ်။ လက်ရှိအခြေအနေအရတော့ ချင်းရွှေဟော်ကနယ်စပ်မျဉ်းပေါ်မှာရှိလို့အခြေအနေကိုထိမ်းသိမ်းပြီးလုပ်နေရပါကြောင်း” ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့တရုတ်အစိုးရတို့နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေပါတယ်၊ အဲလိုဆောင်ရွက်နေချိန်မှာ MMDA အနေနဲ့ချင်းရွှေဟော်၊လောက်ကိုင် ၊ကွမ်လုံတဝိုက်ကိုတိုက်ပွဲများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ချင်းရွှေဟော်ကနယ်စပ်
မျဥ်းနဲ့နီးတာကြောင့်လုံခြုံရေးအရဆောင်ရွက်တဲ့နေရာမှာအကန့်အသတ်တော့ရှိပါတယ်၊ ချင်းရွှေဟော်မှာတပ်စခန်းတွေရှိပါတယ်။ပြည်သူ့စစ်စခန်းတွေကျရှုံးခဲ့တာရှိပါတယ်၊ ကျဆုံးခဲ့တာတွေရှိပါတယ်၊ချင်းရွှေဟော်မြို့ထဲမှာယခင်ကိုးကန့်ဒေသရဲ့ခေါင်းဆောင်ဟောင်းရဲ့ဟိုတယ်ဝန်ထမ်းနဲ့တချို့အရပ်သားတွေကိုဖမ်းဆီးသွားတာရှိပါတယ်။ ဝ ဒေသဖက်ကိုခေါ်သွားတယ်လို့သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ဝဒေသဖက်ကိုဆက်သွယ်ဆောင်ရွက်နေပါတယ် ၊ပြန်လွှတ်ပေးဖို့ဆောင်ရွက်လျှက်ရှိပါတယ်။ ဒီမနက်ပိုင်းမှာဖြစ်တဲ့ ချင်းရွှေဟော်၊လောက်ကိုင်၊ကွမ်းလုံဘက်မှာ MMDA ကတိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်၊ လာရှိုး၊ သိန္ဒီဘက်မှာတော.TNLA နဲ့ AA အဖွဲ့တွေပူးပေါင်းလုပ်ခဲ့တာဖြစ်ပါတယ်၊ကျွန်တော်တိုအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးရေးကိုဆောင်ရွက်လျှက်ရှိပါတယ်၊တည်ငြိမ်အေးချမ်းအောင်လုပ်ဆောင်နေမှုကို သောင်းကျန်းသူတွေက ဖျက်လိုဖျက်ဆီးလုပ်ဆောင်လာတာဖြစ်ပါတယ်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်နိုင်ဖို့တန်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အခုလည်းဆောင်ရွက်နေပြီဖြစ်ပါကြောင်း” ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
#စစ်ဆင်ရေး၁၀၂၇ #ကိုးကန့် #AA #ရှမ်းမြောက်တိုက်ပွဲ #ဗိုလ်ချုပ်ဇော်မင်းထွန်း #TNLA