ဂါဇာမှာ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုမှု အစ္စရေးပယ်ချ

 

 

တဲလ်အဗစ်၊ အောက်တိုဘာ -၂၈-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက အောက်တိုဘာ ၂၈ ရက်မှာ ဒေါသတကြီးပယ်ချလိုက်ပြီး သူကိုယ်သူ ကာကွယ်သွာမယ်လို့ ကတိပြုလိုက်ပါတယ်။

အစ္စရေးနဲ့ဟာမတ်စ်တို့အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို လူသားချင်းစာနာထောက်ထားမှုအရ ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက်တောင်းဆိုခဲ့ပါပေမယ့် အစ္စရေးက ပယ်ချခဲ့တာဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲနဲ့ ကြားနေမဲ ၄၅ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့တရားဝင်မှု ဒါမှမဟုတ် အစ္စရေးကိစ္စမှာ ကြားဝင်ဖို့ ပတ်သက်ဆက်ယှက်မှု တအောင်စတောင်မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂျီလက်အာဒန်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လူသားချင်းစာနာမှုအရ ခေတ္တရပ်ဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း ဂါဇာမှာ စစ်ဆင်ရေးတွေကို တိုးချဲ့ပြုလုပ်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး ဂါဇာဒေသခံတွေကို တောင်ပိုင်းကို ပြောင်းရွှေ့ကြဖို့ ထပ်မံသတိပေးထားပါတယ်။

အစ္စရေးကို ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုတွေကြောင့် လူ ၁၄၀၀ ကျော်သေဆုံးပြီး လူ ၂၂၉ ဦးကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW