တိုက်ပွဲတွေကြောင့် မန္တလေး -မူဆယ် ပြည်ထောင်စု ကားလမ်မကြီးမှာ သွားလာမှုနည်း

 

အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၃

 

SP + Shy V ( VOM)

 

ရှမ်းပြည်မြောက်ပိုင်းမှာ မနေ့ အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် မန္တလေး ၊ လောက်ကိုင် ၊ လားရှိုး ၊ ကွက်ခိုင် ၊ မူဆယ်ကားလိုင်းတွေ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

 

လောက်ကိုင်မှာ ရောက်နေတဲ့ ဒေသခံ ကားသမားတယောက်က ” မန္တလေး ဆင်းမယ့် ခရီးသည်တွေ တင်ထားပြီး လမ်းအခြေအနေရ ကားက မထွက်ရသေးဘူး ၊ ကားကွင်းထဲမှာ ပိတ်မိနေတဲ့ ကားတွေ အများကြီးရှိတယ် ၊ လမ်းပွင့်တာနဲ့ ဆင်းဖို့ အရန်သင့်စောင့်ရတယ် ၊လောက်ကိုင်မြို့ထဲမှာတော့ ဒီမနက် လူသွား လူလာတွေရှိတယ် ၊ အတက်ကားကတော့ အခုထိ တစီးမှ မရှိသေးဘူး ၊ အတက်ကားတွေ ဝင်လာရင် အဆင်းကားတွေ ထွက်မယ် ” လို့ ပြောပါတယ်။

 

ဒါ့အပြင် လားရှိုးမြို့ခံ ကားသမားတယောက်ကလည်း ” မန္တလေး – လားရှိုးလမ်းမှာ ကားတွေ အသွားအလာရှိတယ် ၊ လားရှိုး မူဆယ်ဘက်က အသွားအလာနည်းသေးတယ် ၊ အခြေအနေ ကြည့်ပြီးသွားလာနေရတယ် ၊ လားရှိုးမြို့ထဲမှာတော့ ဒီမနက် လူသွားလူလာတွေရှိတယ် ၊ စျေးတွေနဲ့ စျေဆိုင်တွေ အများစုက အခုထိ မဖွင့်သေးဘူး ၊ လားရှိုး – သိန္နီ – ကွက်ခိုင် – မူဆယ်လမ်းပိုင်းမှာက AT ဂိတ်နဲ့ ဟိုပိတ်ဂိတ်တွေတော့ ပြန်ဖွင့်ပေးထားတယ် ၊ဒါပေမယ့် ၊ ရေပူဂိတ်မှာ ဖြတ်သန်းသွားလာလို့ မရသေးဘူး ၊ အဲ့ဒီ လမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေသေးတယ် ” လို့ ပြောပါတယ်။

 

မနေ့ အောက်တိုဘာ ၂၇ ရက် မနက်က မန္တလေး ကနေ – မူဆယ်ဘက်ကို တက်သွားတဲ့ ကုန်တင်ကားအများစုဟာ နောင်ချိုဘက်ကစားသောက်ဆိုင်တွေမှာ ဒီမနက်အထိ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

 

” မူဆယ်ဘက်ကို တင်ပို့မယ့် ဆန်ကားတွေနဲ့ ဆန်ကွဲတွေဟာ လမ်းမှာ ပိတ်မိနေကြတယ် ၊ အဲ့ဒီထဲမှာ ကုန်စိမ်းကား တချို့လည်းပါတယ် ၊အခုထိတော့ လမ်းမှာပိတ်မိနေဆဲ ၊ ၁၀၅ မိုင်ဘက်ကို တက်လာလို့ မရသေးဘူး ” လို့ လမ်းမှာ ပိတ်မိနေတဲ့ ကားသမားတယောက်က ပြောပါတယ်။

 

ဒါ့အပြင် မူဆယ် ၊ ကွက်ခိုင် လားရှိုးဘက်က မန္တလေးဘက်ကို ဆင်းလာတဲ့ ကားတွေအဝင် မရှိသေးဘူးလို့ သိရပါတယ်။ အဲ့ဒါကြောင့်မန္တလေး လောက်ကိုင် ၊ မန္တလေး မူဆယ် လမ်းပိုင်းတွေမှာ သွားလာဖို့ ရှိတဲ့ ကားတွေအနေနဲ့ လမ်းပိုင်း အခြေအနေ စုံးစမ်းပြီးမှ သွားလာဖို့လောက်ကိုင်ရောက်နေတဲ့ ကားသမားတွေ အကြံပြုထားပါသေးတယ်။

 

ဓာတ်ပုံ ၊ လားရှိုးမြို့ ဒီကနေ့ မြင်ကွင်း ၊ ကိုနေမျိုး လားရှိုး

 

#voiceofmyanmar #VOM #လားရှိုးမူဆယ်ကားလမ်း

 

Related posts

Leave a Comment

VOM News

FREE
VIEW