၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကနေ ဒုသမ္မတဟောင်းမိုက်ပင့်စ် နှုတ်ထွက် ဝါရှင်တန်၊ အောက်တိုဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ဒုသမ္မတဟောင်း မိုက်ပင့်စ်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီသမ္မတရွေးကောက်ပွဲဟာ သူ့အတွက် အချိန်မကျသေးဘူးလို့ မိုက်ပင့်စ်ကပြောဆိုထားပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ဦးဆောင်တဲ့ ပြိုင်ဆိုင်မှုမှာ မဲဆွယ်မှုတွေကို ပထမဆုံးရပ်ဆိုင်းလိုက်တဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မှုတွေကနေ နှုတ်ထွက်ကြောင်း၊ ဒါပေမယ့်လည်း ကွန်ဆာဗေးတစ်တန်ဖိုးတွေအတွက် တိုက်ပွဲတွေကိုတော့ ဘယ်တော့မှ စွန့်ခွာမှာမဟုတ်ဘူးလို့ မိုက်ပင့်စ်က ပြောပါတယ်။ အသက် ၆၄ နှစ်အရွယ် မိုက်ပင့်စ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့တဲ့ လွှတ်တော်ကို ဝင်ရောက်စီးနှင်းမှုတွေဖြစ်ပွားပြီးနောက် သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ လူသိရှင်ကြားလမ်းခွဲခဲ့သူဖြစ်ပြီး ဂျိုးဘိုင်ဒင်ရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်မှာ ထောက်ခံခဲ့တာကြောင့် ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ဆုံးရှုံးခဲ့ပါတယ်။ ရီပတ်ဘလီကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများမှ…

Read More

ဂါဇာမှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ် ဒုတိယအဆင့် စတင်

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဟာ ဒုတိယအဆင့်ရောက်ရှိနေပြီး ဟားမတ်စ်တွေနဲ့ စစ်ပွဲဟာ ရှည်လျားပြီး ကြာရှည်လိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးတပ်မှူးတွေဟာ ဂါဇာကမ်းမြှောင်တခွင်လုံးကို တပ်တွေဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း နေတန်ယာဟုက ရုပ်မြင်သံကြားမိန့်ခွန်းတရပ်မှာ အတည်ပြုပြောဆိုပါတယ်။ ဒေသခံတွေအနေနဲ့ ဂါဇာေတောင်ပိုင်းကို ပြောင်းရွှေ့ကြဖို့နဲ့ မြောက်ပိုင်းဟာ စစ်မြေပြင်ဖြစ်နေပြီဖြစ်ကြောင်း သတိပေးစာရွက်တွေကို ဂါဇာစီးတီးပေါ် အစ္စရေးက ကြဲချသတိပေးထားပါတယ်။ ဂါဇာဒေသမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပြီး ဒေသခံတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ပြတ်တောက်နေပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း တူရကီသမ္မတက စွပ်စွဲလိုက်ပြီးနောက် တူရကီရှိ သံတမန်တွေကို အစ္စရေးက ပြန်ခေါ်ခဲ့ပါတယ်။ အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော်သေဆုံးပြီး ၂၂၉ ဦး ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။…

Read More

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်

  အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) သမ္မတ ဦးသိန်းစိန် လက်ထက်က ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးဟောင်း ဦးရဲထွဋ် ကို မနေ့ အောက်တိုဘာ ၂၈ ရက် ညပိုင်းက သက်ဆိုင်ရာက မေးမြန်း စစ်ဆေးစရာတွေ ရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒါကြောင့် ဒီမနက်မှာ ဦးရဲထွဋ်ရဲ့ ဖုန်း နှစ်လုံးကို ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ၊ အဲ့ဒီ အပြင် သူ့ရဲ့ လူမှုကွန်ရက် Face book ကနေတဆင့် ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး ။ ဦးရဲထွဋ်နဲ့ နီးစပ်တဲ့ သူတယောက်က ” ဒီမနက်မှာ ကြားရတဲ့ သတင်းက ၊…

Read More

This Day in History

  Voice of Myanmar တရုတ်နိုင်ငံသည် တအိမ်ထောင် ကလေးတယောက်မူဝါဒကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အဆုံးသတ်လိုက်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ဇနီးမောင်နှံများအနေဖြင့် ကလေးနှစ်ဦးယူခွင့်ရရှိခဲ့သည်။  

Read More

မန္တလေးက သီတင်းကျွတ်ပွဲ

  ဆူးငှက်     မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရားပွဲများနှင့်ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ကဆုန်လပြည့်‌ညောင်ရေသွန်းပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။   ထို့ကြောင့် မန္တလေးမှ ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ် ”ဟုခေါ်သောနောက်ဆုံးပွဲများကို ကပြကြပြီး အဖွဲ့အသီးသီးဖြုတ်သိမ်းကာဇာတ်ခေါင်းခွဲကြသည်။ ထို့နောက် ပညာရှင်အသစ်များပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင်တီးလုံးတိုက်ကြ၊ဇာတ်တိုက်ကြသည်။ မကြာမီ သီတင်းကျွတ်လဆန်းသည်နှင့် ဘုရားပွဲတော်များစတင်သည်နှင့် စတင်၍ ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင်ပြင်ဆင်ကြသည်။   မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊‌စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ရွှကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ၊ အင်းခရု၊ စသည်တို့ဖြစ်သည်။မန္တလေးမြို့နှင့် အတူတည်သော ဘုရားစတီတော်ကြီးများ၊ ဥပမာကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ သတ်မှတ်ထားသည့်…

Read More

ဂါဇာမှာ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုမှု အစ္စရေးပယ်ချ

    တဲလ်အဗစ်၊ အောက်တိုဘာ -၂၈-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက အောက်တိုဘာ ၂၈ ရက်မှာ ဒေါသတကြီးပယ်ချလိုက်ပြီး သူကိုယ်သူ ကာကွယ်သွာမယ်လို့ ကတိပြုလိုက်ပါတယ်။ အစ္စရေးနဲ့ဟာမတ်စ်တို့အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို လူသားချင်းစာနာထောက်ထားမှုအရ ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက်တောင်းဆိုခဲ့ပါပေမယ့် အစ္စရေးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲနဲ့ ကြားနေမဲ ၄၅ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့တရားဝင်မှု ဒါမှမဟုတ် အစ္စရေးကိစ္စမှာ ကြားဝင်ဖို့ ပတ်သက်ဆက်ယှက်မှု တအောင်စတောင်မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂျီလက်အာဒန်က ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ဂါဇာမှာ…

Read More

မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား ကိုယ့်ကိုကိုယ် သတ်သေ

  ဝါရှင်တန် ၊ အောက်တိုဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားကို သုံးရက်ကြာ ရှာဖွေပြီးနောက် သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၄၀ အရွယ် ရောဘတ်ကတ်ဆိူသူဟာ ကိုယ့်ကို ကိုသေနတ်နဲ့ပစ်ခတ်သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ပြည်သူ့ဘေးကင်းရေး မိန်းကော်မရှင်နာ မိုက်ကယ် ဆာ့ ချာ့က ပြေ ပြာတယ်။ ရဲတပ်ဖွဲ့က ဒေသခံတွေကို အိမ်ထဲမှာသာ နေထိုင်ကြဖို့ညွှန်ကြားချက်ကို ရုတ်သိမ်းပြီးနောက် နာရီပိုင်းအကြာမှာ သံသယရှိသူကို သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှု ကြောင့် သေဆုံးသူ တွေထဲမှာ သက်ကြီးအမျိုးသားတ ယောက် တက်သစ်စအားကစားသမားတ ယောက်နဲ့အသက် ၁၄ နှစ်မှ ၇၆ နှစ်ကြား နားမကြားသူလေး ယောက်တို့ ပါဝင်ပါတယ်။ “ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုမှာ သံသယရှိသူကို ရှာဖွေတွေ့ရှိခဲ့ပြီးပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီး…

Read More

This Day in History

  Voice of Myanmar ဆိုဗီယက်ခေါင်းဆောင် နီကီတာခရုချော့ဗ်သည် ကျူးဘားရှိ ဆိုဗီယက်ဒုံးကျည်စခန်းများကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း ၁၉၆၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အမေရိကန်ကို အသိပေးခဲ့ပြီး အမေရိကန်ကလည်း ကျူးဘားကို မတိုက်ခိုက်ရန် ဆုံးဖြတ်ပြီးနောက် ကျူးဘားဒုံးကျည်အရေးအခင်း အဆုံးသတ်ခဲ့သည်။  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၂၀ ကျပ် ဝယ်ဈေး – ၃၁၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၂၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၅၀ ကျပ် ဝယ်ဈေး – ၈၈.၉၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၇ ကျပ် ဝယ်ဈေး – ၄၃၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW