ဥမင်ပြိုကျပြီး ၁၀ ရက်ကျော်ကြာပိတ်မိနေတဲ့ အိန္ဒိယအလုပ်သမားတွေကို ကယ်တင်နိုင်ရေး နှောင့်နှေးပြန်

 

ဒေလီ၊ နိုဝင်ဘာ-၂၄-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ ဥတာရာခန်းပြည်နယ်မှာ ဥမင်လှိုဏ်ခေါင်းပြိုကျပြီးနောက ်ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ရေး ကြိုးပမ်းမှုတွေဟာ မြေတူးဖော်စက်ချို့ယွင်းမှုကြောင့် နှောင့်နှေးနေရကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

အလုပ်သမားတွေ လွတ်မြောက်ဖို့အတွက် ပြျိကျနေတဲ့ ဥမင်မှာ လမ်းကြောင်းတခုဖန်တီးဖို့အတွက် အမေရိကန်လုပ် မြေတူးစက်ကိုအသုံးပြုပြီး အပျက်အစီးတွေကို တူးဖော်ရှင်းလင်းနေတာဖြစ်ပါတယ်။

စက်ကို ပြုပြင်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနက်ဖြန်မှ ပြန်လည်စတင်နိုင်မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသရှိ အရှည် သုံးမိုင်ရှည်တဲ့ ဆောက်လုပ်ဆဲ ဥမင်ဟာ နိုဝင်ဘာ ၁၂ ရက်ပြိုကျပြီး အလုပ်သမားတွေ ပိတ်မိနေတာဖြစ်ပါတယ်။

ပိတ်မိပြီးများမကြာမီမှာ အလုပ်သမားတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့အတွက် သောက်ဆုံးရေ၊ အစားအစာနဲ့ အောက်ဆီဂျင်တို့ကို ဥမင်ထဲရေပေးတဲ့ ပိုက်ကတဆင့် အဆက်မပြတ်ပေးပို့နိုင်ခဲ့ပါတယ်။

အလုပ်သမားတွေကို ဒီနေ့မနက်ပိုင်းမှာ ကယ်တင်နိုင်မယ်လို့ တာဝန်ရှိသူတွေက အစောပိုင်းမှာပြောဆိုခဲ့ပေမယ့် စက်ချို့ယွင်းမှုကြောင့် အခုလိုနှောင့်နှေးခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ဟာ အလုပ်သမာတွေ ပြန်လည်လွတ်မြောက်လာဖို့ တားဆီးထားတဲ့ အပျက်အစီး ၁၉၇ ပေကို လမ်းကြောင်းတူးဖော်နေတာဖြစ်ပါတယ်။

Ref: BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW