ဆန်စျေးတည်ငြိမ်ဖို့အတွက် စျေးကစားနေသူတွေကို အရေးယူမယ်

 

ရန်ကုန်၊ နိုဝင်ဘာ ၂၅ – ၂၀၂၃

GG(VOM)

ပြည်တွင်းဆန်စျေးကွက် ပြန်လည်မြင့်တက်လာတာနဲ့ပတ်သက်ပြီး စျေးကစားသူတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချပ်MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ဆန်အရောင်းဆိုင်တွေရဲ့ ဆန်ရောင်းချတဲ့စျေးနူန်းအ​ခြေအနေတွေကို လိုက်လံစစ်ဆေးတာတွေလုပ်နေပြီး ဆန်ရည်ညွှန်းစျေးနဲ့ ပြင်ပစျေးကွက်ပေါက်စျေး ကွာဟမှု အနည်းဆုံး ဖြစ်အောင်လုပ်နေတယ်လို့သိရပါတယ်။

“ရည်ညွှန်းစျေးနဲ့ ေစျးကွက်ပေါက်စျေးနီးနီးစပ်စပ်ရှိအောင် ဆောင်ရွက်သွားဖို့အစီအစဥ်ရှိပါတယ် မကြာခင် ဆန်အဟောင်းတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေးနူန်းတွေပြောဖို့ရှိတယ်၊ ပြီးတော့ စျေးကစားတဲ့သူတွေကိုဖော်ထုတ်ပြီးတော့ တားမြစ်တာ စည်းရုံးတာ ပညာပေးတာလုပ်မယ် မရဘူးဆိုရင်တော့ဥပဒေနဲ့အညီအရေးယူဖို့စီစဥ်တာတွေလုပ်ရမယ့်အနေအထားဖြစ်ပါတယ် ” လို​့ ဦးရဲမင်းအောင်က ပြောပါတယ်။

ဒီဇင်ဘာလမှာ မိုးဆန်အသစ်တွေရဲ့ ရည်ညွှန်းစျေး အပြင် ဆန်အဟောင်းတွေကိုပါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်ညွှန်စျေး ထုတ်ပြန်ဖို့ရှိကြောင်း ၊ ဆန်အရောင်းဆိုင်တေ​ွအနေနဲ့ ဆန်ရည်ညွှန်းစျေးထက် ၁၀ ရာခိုင်နူန်းအထိသာ ကွာဟပြီးရောင်းချမှုကိုသာ လက်ခံမှာဖြစ်တယ်လို့သိရပါတယ်။

အကယ်၍ သတ်မှတ်ဆန်ရည်ညွှန်းစျေးထက် ပြင်ပပေါက်စျေးက ၃၀ ရာခိုင်နူန်းကနေ ၅၀ ရာခိုင်နူန်းလောက်အထိ စျေးနူန်း ကွာဟမှုရှိနေမယ်ဆိုရင် ဥပဒေအရအရေးယူမှုတွေရှိလာမှာဖြစ်တယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ တဦးက”ဆန် အသစ်ရော အဟောင်းရော စျေးပြန်တက်လာတယ်။ သူတို့ ရည်ညွှန်းစျေးထုတ်ပြီးတော့ တက်လာတာပဲ၊ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ တိုက်ပွဲတွေကလည်းဖြစ်နေတော့ လူတွေက စျေးတက်လည်း.ဝယ်စုနေကြတာရှိတယ်။ ကျနော်တို့ ဝယ်ရတဲ့စျေးကလည်း အမြင့်စျေးမှာပဲရှိတယ် ဒီတော့ ကျနော်တို့ ဘက်က စျေးကချရောင်းလို့မရဘူး။သူတို့ဘက်ကသာ စျေးချရောင်းပေးရင် ကျနော်တို့က လည်းရောင်းပေးလို့ရတယ် ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဆန်အဟောင်းစျေးတွေက သိသိသာသာမြင့်တက်လာနေရာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၉၀၀၀၀ ကျပ်အထိ ရှိလာပြီး ဧရာပဒေသာဆန်အဟောင်းရှယ်ကလည်း ၁၅၄၀၀၀ အထိ စျေးပြန်တက်လာသလို အခြား ဆန်အသစ်နဲ့အဟောင်းဆန်တွေလည်း စျေးတွေပြန်တက်လာတယ်လို့သိရပါတယ်။

ပြည်တွင်းဆန်စျေးနူန်းတည်ငြိမ်မှုမရှိအောင် စျေးကစားသူတွေကို ဖော်ထုတ်အရေးယူမယ့်အပြင် အရံဆန်တွေထုတ်ရောင်းပေးတာ၊ ဆတ်သိုလှောင်မှုစနစ်နဲ့ထိန်းကြောင်းတာ ဆန်အသစ်တွေကို ရည်ညွှန်စျေး သတ်မှတ်ထုတ်ပြန်တာတွေ လုပ်နေပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW