ဖမ်းဆီးထားတဲ့ ဓါးစာခံ ၂၄ ယောက်ကို ဟားမတ်စ်တို့ပြန်လွှတ် ၊ ထိုင်းနိုင်ငံသား ၁၀ ယောက်ပါဝင်လာ

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၃

မျိုးဆက်(VOM)

ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးက ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဓါးစာခံ ၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ဒီထဲမှာ အစ္စရေး ၁၃ ယောက်၊ ထိုင်း ၁၀ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသားတယောက်တို့ ပါဝင်လာပါတယ်။

အပြန်အလှန်အားဖြင့် အစ္စရေးကလည်း အကျဉ်းချထားတဲ့ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေး ၃၉ ယောက်ကိုပြန်လွှတ်ပေးခဲ့တယ်လို့ ကြားဝင်စေ့စပ်ပေးတဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အီဂျစ်နဲ့ကာတာတို့ဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေပြီး လေးရက်ကြာ အပစ်ရပ်ကာလအတွင်း ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အစ္စရေးဓါးစာခံ အယောက် ၅၀ ကို ပြန်လွှတ်ပေးဖို့ ဟားမတ်စ်တွေနဲ့ သဘောတူထားပါတယ်။

ဒီကလာအတွင်း အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ကိုပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဟားမတ်စ်အဖွ့ဲက လွှတ်ပေးလိုက်တဲ့ ဓါးစာခံတွေကို အစ္စရေးကို ပြန်မခေါ်မီ ကျန်းမာရေးဆိုင်ရာ အကဲဖြတ်ဖို့ အီဂျစ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ အသက် နှစ်နှစ်၊ လေးနှစ်၊ ခြောက်နှစ်၊ကိုးနှစ်အရွယ် ကလေးငယ်တွေနဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးကြီးတယောက်လည်း ပါဝင်ပြီး ဂါဇာကနေ အီဂျစ်ကို ကြက်ခြေနီအဖွဲ့က ခေါ်ဆောင်ပြီးနောက် လက်ရှိမှာတော့ အစ္စရေးကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတ်။

ဒီအတော်အတွင်း အစ္စရေးကလည်း အနောက်ဘက်ကမ်းရှိ ဘီတူနီးယားစစ်ဆေးရေးဂိတ်ကနေ ပါလက်စတိုင်း အကျဉ်းသား ၃၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ်ပဋိပက္ခကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးပြီး ဂါဇာမှာတော့ လူပေါင်း ၁၄၀၀၀ ကျော်ထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW