ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၉ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၀ ကျပ် ဝယ်ဈေး – ၃၃၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၆၉ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၆ ကျပ် ဝယ်ဈေး – ၄၆၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ချင်းပြည်နယ်ထဲက နစကတပ်ဖွဲ့ဝင် တချို့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသူ တရာကျော်ရှိလာ

  နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ် ၊ လိုင်းလဲာန်းပီး မြို့နယ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ နစက တပ်ဖွဲ့ဝင် တချို့ဟာ မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း အိန္ဒိယ စံတော်ချိန် ၇ နာရီဝန်းကျင်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လာကီး(Liki)ကျေးရွာမှာရှိတဲ့ အာသန်ရိုင်ဖယ် တပ်ရင်းဌာနကို ရောက်ရှိလာတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အဲ့ဒီ လိုင်းလဲာန်ပီးမြို့နယ်ခွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် လိုင်းလဲာန်ပီးနယ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” လိုင်းလဲာန်ပီးစခန်းက ဗိုလ်ကြီး တယောက်…

Read More

အိန္ဒိယမှာ ဥမင်ပြိုကျပြီး ၁၇ ရက်ကြာပိတ်မိနေတဲ့ အလုပ်သမား ၄၁ ​​ယောက်ကို ကယ်တင်နိုင်ပြီ

  ဒေလီ၊ နိုဝင်ဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ဆဲဥမင်လှိုဏ်ခေါင်းပြိုကျပြီး ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ​ယောက်ဟာ ပြန်လည်လွှတ်မြောက်လာပြီဖြစ်ပါတယ်။ ဥတာရာခန်းပြည်နယ်ရှိ အရှည်သုံးမိုင်ရှိ ဥမင်အတွင်း အလုပ်သမားတွေလွတ်မြောက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ အတားအဆီးကို အလုပ်သမားတွေကိုယ်တိုင် လက်နဲ့တူးဖော်ခဲ့ကြတာဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ဥမင်အတွင်းကို အပျက်အစီးတွေကို တူးဖော်ပြီးထည့်သွင်းပေးထားတဲ့ အနံသုံးပေရှိ သံမဏိပိုက်ထဲကနေ ဘီးတပ်ထမ်းစင်လိုဟာတွေနဲ့ အလုပ်သမားတွေ အပြင်ကို လွတ်မြောက်လာကြပြီး ဘယ်သူမှ ထိခိုက်မှုမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၂ ရက်ကတည်းက ဥမင်ပြိုကျပြီး ပိတ်မိနေတဲ့ အလုပ်သမားတွေလွတ်မြောက်ရေး အပူတပြင်းကြိုးစား အားထုတ်မှုတွေမှာ အဆင်မပြေမှုတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အင်္ဂါနေ့ ညပိုင်းမှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ အပျက်အစီးတွေကို အလုပ်သမားတွေ ကိုယ်တိုင်ဖယ်ရှားနိုင်မှုကြောင့် ကယ်ဆယ်ရေးအဆုံးသတ်နိုင်ခဲ့ပါတယ်။ အစောပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာတော့ သီးခြားပိုက်အသေးတခုကနေ ပိတ်မိနေသူအတွက် အောက်ဆီဂျင်၊ အစားအစာနဲ့သောက်သုံးရေ…

Read More

မန္တလေးမှာ နေရာသုံးခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောက်ဆည်မြို့မှာ ဗုံးထောင်တယ်ဆိုတဲ့ လူငယ် ခြောက်ဦး အသေပစ်ဖမ်းခံရ

  နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၈ ရက် ၊ မနက်ပိုင်းက လူငယ် ခြောက်ယောက်ကို နစက လုံခြုံရေး တပ်ဖွဲ့တွေက အသေပစ်ဖမ်းတာ ခံလိုက်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ပစ်ခတ် ဖမ်းဆီးတာကြောင့် လူငယ် ခြောက်ယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ သိန်းစိုးဦး၂၆ နှစ် ၊ ဖြိုးကို၂၄ နှစ်၊သိန်းမောင်မောင်၂၀ နှစ်၊ ဝင်းကိုထွေး၊ မျိုးမျိုး၊ ဝေယံအောင် အဲ့ဒီ ခြောက်ယောက်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့…

Read More

This Day in History

  Voice of Myanmar ကုလသမဂ္ဂအထွေထွေညီလာခံသည် ဗြိတိန်ထိန်းချုပ်ထားသော ပါလက်စတိုင်းနယ်မြေကို ပိုင်းခြားပြီး လွတ်လပ်သောဂျူးနိုင်ငံ (အစ္စရေး) တည်ထောင်ရေးနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ထောက်ခံမဲပေးခဲ့ကြသည်။  

Read More

မန္တလေးမှာ နေရာသုံးခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောက်ဆည်မြို့မှာ ဗုံးထောင်တယ်ဆိုတဲ့ လူငယ် ခြောက်ဦး  အသေပစ်ဖမ်းခံရ

  နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM)     မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၈ ရက် ၊ မနက်ပိုင်းက လူငယ် ခြောက်ယောက်ကိုနစက လုံခြုံရေး တပ်ဖွဲ့တွေက အသေပစ်ဖမ်းတာ ခံလိုက်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။     ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ပစ်ခတ် ဖမ်းဆီးတာကြောင့် လူငယ် ခြောက်ယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ သိန်းစိုးဦး၂၆ နှစ် ၊ ဖြိုးကို၂၄ နှစ်၊သိန်းမောင်မောင်၂၀ နှစ်၊ ဝင်းကိုထွေး၊ မျိုးမျိုး၊ ဝေယံအောင် အဲ့ဒီ ခြောက်ယောက်ဖြစ်တယ် ” လို့ ဒေသခံ…

Read More

ပခုက္ကူ – ရေစကြိုကားလမ်မှာရှိတဲ့ မြန်မာ – ဂျပန် လက်အိတ်ကုမ္မဏီ စက်ရုံ မန်နေဂျာကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကဖမ်းဆီး

နိုဝင်ဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ေရစကြိုမြို့နယ် ၊ ဆန်းသစ်ကျေးရွာ ခေါ် ၁၂ မိုင်ရွာနားမှာရှိတဲ့ မြန်မာ – ဂျပန် KURODA လက်အိတ်စက်ရုံထဲကို မနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက အမည်မသိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဝင်​လာပြီးမန်နေဂျာကိုဖမ်းကာ ကားတစီးကို ယူသွားတယ်လို့ ပခုက္ကူ စက်မှုဇုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီခွဲလောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက လက်အိတ်စက်ရုံထဲဝင်ရောက်ပြီး စက်ရုံမန်နေဂျာ ကိုမိုးဝင်း ဆိုသူနဲ့ ကားတစီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ပခုက္ကူနယ်မှာက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ လုပ်ငန်းတွေ…

Read More

လူထုဒေါ်အမာ ဟူသည် ပွဲကြိုက်ခင် တစ်ဦးလား

    ဆူးငှက်     ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့ မဟာဂီတ၊ အငြိမ့် စသောစာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာ ဟူသည် ပွဲကြိုက်ခင်တစ်ဦးဟု သုံးသပ်လျှင် မှန်သည် ဆိုငြားတကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစု က မွေးဖွားကြီးပြင်းခဲ့သော မန္တလေးသူတစ်ဦးမို့ ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။ ဒေါ်ဒေါ့် ပြောစကားများအရ သော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရ လည်းကောင်းအငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည် ဆို၏။ ဒါတောင် ပွဲခင်းက မငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘ အုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။   အိမ်မှာ ဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊…

Read More

ဂန့်ဂေါမြို့နယ်ထဲက ရဲစခန်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထား

  နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ထဲက ရဲစခန်းတချို့ စွန့်လွတ်လိုက်တာကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ဂန့်ဂေါ ကလေးကားလမ်းပေါ်မှာရှိတဲ့ ကန်ရွာ ၊ ကန်နယ်မြေရဲစခန်းကို မနေ့ နိုဝင်ဘာ ၂၇ ရက်က ရဲတွေ စခန်းကို စွန့်လွတ်ထွက်သွားတယ် ၊ ဒီမနက် ကန်စခန်းထဲမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ရှင်းလင်းရေးတွေလုပ်ပြီး စခန်း အဆောက်ဦးတွေ မီးရှို့ဖျက်ဆီးလိုက်တယ် ” လို့ ကန်ရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ကန်ရဲစခန်းမှာ လူအင်အား ၅၀ ဝန်းကျင်လောက်ရှိပြီး စခန်းကို စွန့်လွတ်ပြီး ဂန့်ဂေါမြို့ပေါ် ရဲစခန်းကို…

Read More
VOM News

FREE
VIEW