စစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့ ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ကြောင်း တရုတ်ပြော

 

ပေကျင်း၊ ဒီဇင်ဘာ-၁၅-၂၀၂၃

မျိုးဆက်(VOM)

မြန်မာစစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ ညီနောင်မဟာမိတ်အဖွဲ့ကတော့ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ နှစ်ဘက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ကိုလည်း သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့် အပစ်အခတ်ရပ်စဲတဲ့ကာလကို ဘယ်လောက်ကြာမလဲဆိုတာကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာက အသေးစိတ်ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

တရုတ်ရဲ့ ကြားဝင်မှုအောက်မှာ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာဘက်က ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ကတော့ မြန်မာစစ်တပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဟာ အောက်တိုဘာနှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး နောက်ပိုင်းမှာတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပါတယ်။

Ref:NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW