ရိုဟင်ဂျာဒုက္ခသည်အပြည့် တင်ဆောင်ထားတဲ့ စက်လှေငါးစင်း အင်ဒိုနီးရှားကမ်းရိုးတန်းကို ချဉ်းကပ်နေ

 

ဂျကာတာ၊ ဒီဇင်ဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီကို ဒုက္ခသည်တွေပြည့်နေတဲ့ စက်လှေငါးစင်းထက်မနည်း ချဉ်းကပ်လာတာကို တွေ့ရှိရတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

နိုဝင်ဘာလကတည်းက နိုင်ငံရေပိုင်နက်ထဲကို ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိမှု သိသိသာသာမြင့်တက်လာပြီးနောက်မှာ အင်ဒိုနီးရှားဟာ ရေပိုင်နက်အတွင်း ကင်းလှည့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အာချေး လေတပ်အခြေစိုက်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က လေကြောင်းကင်းလှည့်မှုအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာဖွယ်ရှိတဲ့ စက်လှေငါးစင်းထက်မနည်းကို အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ တွေ့ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

စက်လှေတွေဟာ အာချေးပြည်နယ်မြောက်ပိုင်းရှိ အရှေ့အာချေး၊ ပီဒိုင်း၊ အာချေးဘီဆာ၊ ဆက်ဘန်း နယ်မြေတွေအတွင်း ဝင်ရောက်လာတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလနောက်ပိုင်းကတည်းက ရိုဟင်ဂျာ ၁၅၀၀ ကျော်ဟာ အင်ဒိုနီးရှားကို ရောက်ရှိခဲ့ပြီး ဒီကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီပေးဖို့ အင်ဒိုနီးရှားက ဒီဇင်ဘာ ၁၂ ရက်မှာ မေတ္တာရပ်ခံခဲ့ပါတယ်။

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ ဒုက္ခသည်တွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးတာတဲ့နိုင်ငံတွေမဟုတ်တာကြောင့် ဒုက္ခသည်တွေကို လက်ခံဖို့ တာဝန်မရှိပါဘူး။ ဒါပေမယ့်လည်း ရောက်ရှိလာသူတွေကို ယာယီအမိုးအကာနဲ့ စားသောက်ရေး စီစဉ်ပေးထားပါတယ်။

Ref:AP

Photo:Getty Images

 

Related posts

VOM News

FREE
VIEW