ဂါဇာမြောက်ပိုင်းက ဟားမတ်စ်တို့ရဲ့ စစ်ဌာနချုပ်ကို အစ္စရေးတပ်တွေ အပြီးသတ်ဖျက်ဆီး

 

တဲလ်အဗစ်၊ ဇန်နဝါရီ-၇-၂၀၂၄

မျိုးဆက်(VOM)

ဂါဇာမြောက်ပိုင်းရှိ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဌာနချုပ်ကို အပြီးသတ်ဖြိုခွင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ ဟားမတ်စ်စစ်သွေးကြွတွေဟာ တပ်မှူးတွေမရှိဘဲ ကွက်ကျားလှုပ်ရှားနေတယ်လို့ အစ္စရေးကြည်း ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းမှာ စစ်သွေးကြွ ၈၀၀၀ ကျော်ထိ သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးတပ်တွေဟာ ယခုအခါ ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းရှိ ဟားမတ်စ်တွေကို ချေမှုန်းဖို့ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ ဂါဇာစစ်ပွဲစတင်ကတည်းက လူပေါင်း ၂၂၀၀၀ ကျော်သေဆုံးခဲ့ပြီလို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ၂ ဒသမ၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဟားမတ်စ်တို့ဟာ အစ္စရေးတောင်ပိုင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးကာ ၂၄၀ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

နှစ်ဘက်သဘောတူညီချက်အရ ဓါးစာခံတွေကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးခဲ့ပြီး လူ ၁၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့၊ ဓါးစာခံတွေ ပြန်လွတ်ရေးနဲ့ ဂါဇာမှာ ခြိမ်းခြောက်မှုတွေမရှိနိုင်တော့တဲ့ထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

Ref:BBC

Photo:Reuters

 

 

Related posts

Leave a Comment

VOM News

FREE
VIEW