ရုရှားစစ်လေယာဉ်တစင်း ယူကရိန်းနယ်စပ်မှာ ပျက်ကျ၊ လိုက်ပါသူ ၇၀ ကျော်သေဆုံး

  မော်စကို၊ ဇန်နဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ရရှားစစ်လေယာဉ်တစင်းဟာ ယူကရိန်းနယ်စပ်အနီး ဘယ်လ်ဂိုရော့မှာ ပျက်ကျခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။ လေယာဉ်ပေါ်မှာတော့ ဖမ်းမိထားတဲ့ ယူကရိန်းစစ်သုံ့ပန်း ၆၅ ယောက်ကို အကျဉ်းသားချင်းလဲလှယ်ဖို့ဖြစ်ပြီး လေယာဉ်အမှုထမ်း ခြောက်ယောက်နဲ့ အစောင့်သုံးယောက်တို့လည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသူအားလုံး အသက်ရှင်သူမရှိကြောင်း ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းနဲ့ လိုက်ပါသူတွေအကြောင်း ဘီဘီစီက အတည်ပြုလို့မရသေးပါဘူး။ စစ်လေယာဉ်ဟာ ဘယ်လ်ဂိုရော့ရဲ့ အရှေ့မြောက်ဘက် ၄၄ မိုင်အကွာ ယက်ဘ်လိုနိုဗိုရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ကို ယူကရိန်းက ပစ်ချခဲ့တယ်လို့ စွပ်စွဲထားပေမယ့် သက်သေအထောက်အထားတွေ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ လေယာဉ်ဟာ မော်စကိုမြို့အနီးရှိ ချာကာလော့စကီး လေတပ်စခန်းကနေ ဘယ်လ်ဂိုရော့ကို ပျံသန်းစဉ် ပျက်ကျခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းကျော် ရောက်ရှိလာ

  ဇန်နဝါရီ ၂၄ – ၂၀၂၄ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ မနေ့ ဇန်နဝါရီ ၂၃ ရက်၊ နေ့လယ်ပိုင်းကစပြီး ၃၈ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းတွေဆီကက သိရပါတယ်။ ပြည်တွင်း ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလပိုင်းလောက်က ၃၄ သိန်း၊ ၃၅ သိန်း ဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရာက တဖြည်းဖြည်းချင်း ဈေးပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ “ဒေါ်လာဈေးတွေ တက်တယ်၊ ကမ္ဘာ့ရွှေဈေးကလည်း မကျဘူးပေါ့လေ။ အဲ့ဒါကြောင့် ရွှေဈေးက တက်လာတာပါ။ တက်သွားတာက မနေ့ကမှ တက်သွားတာပေါ့နော်။ ဖြည်းဖြည်းချင်း တက်လာပြီးတော့ ၃၈ သိန်း ကျော်သွားတယ်။ အဲ့လိုပဲ ဒေါ်လာဈေးကလည်း ဖြည်းဖြည်းချင်း တက်လာတယ်။ ရွှေဈေးက ဆက်တက်မလား၊ ပြန်ကျမလား ဆိုတာကတော့…

Read More

နေတိုးအဖွဲ့ထဲ ဆွီဒင်ဝင်ရောက်ရေး တူရကီ သဘောတူ

အန်ကာရာ၊ ဇန်နဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ ဝင်ရောက်ရေးနဲ့ပတ်သက်ပြီး တူရကီလွှတ်တော်က သဘောတူအတည်ပြုလိုက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ရေး ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။ ဆွီဒင်နေတိုးအဖွဲ့ကို ဝင်ရောက်မှုဟာ တူရကီရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း အာဏာရပါတီ လွှတ်တော်အမတ်တွေက ပြောဆိုထားပြီး တူရကီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဆွီဒင်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ဝင် အပြည့်အဝဖြစ်လာရေး ခြေတလှမ်း ပိုမိုနီးစပ်လာပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဖင်လန်နဲ့အိမ်နီးချင်း ဆွီဒင်တို့ဟာ နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ ၂၀၂၂ ခုနှစ် မေလမှာ အတူတကွလျှောက်ထားခဲ့ပါတယ်။ ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဖင်လန်နိုင်ငံဟာ ယမန်နှစ်ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပေမယ့် ဆွီဒင်ရဲ့ လျှောက်ထားမှုကိုမူ ဟန်ဂေရီနဲ့ တူရကီတို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဆွီဒင်ဟာ ကာ့ဒ်စစ်သွေးကြွတွေနဲ့ အခြားလက်နက်ကိုင်တွေကို နိုင်ငံမှာ လက်ခံထားခြင်းအတွက် တူရကီက ဝေဖန်မှုများပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ဆွီဒင်၏ လျှောက်ထားမှုကို…

Read More

ကန့်ဘလူမြို့နယ်မှာ ကြံခုတ်လုပ်သား ခြောက်​ယောက်ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇာဒီကျေးရွာနားက ကြံခင်းတွေထဲမှာ ကြံခုတ်လုပ်သား ခြောက်ယောက် မနေ့ ဇန်နဝါရီ ၂၃ ရက်က ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က ” မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာ ၊ ဇာဒီရွာရဲ့ အရှေ့မြောက်ဘက် ကြံခင်းတွေမှာ ကြံခုတ်လုပ်သား အမျိုးသား ငါးယောက်နဲ့ အမျိုး သမီး တယောက် ပေါင်း ခြောက်ယောက် အသတ်ခံထားရတယ် ၊ အဲ့ဒီအပြင် ဒဏ်ရာရနေတဲ့ အမျိုးသားတယောက်လည်း ထပ်မံတွေ့ရတယ် ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအားလုံးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ဖြစ်တယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၉၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၀ ကျပ် ဝယ်ဈေး – ၂၅၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မော်လူး မြို့မဈေးကြီး ဈေးလုံးကျွတ် မီးလောင်

  ဇန်နဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က မော်လူးမြို့မဈေးကြီးဟာ မနေ့ ဇန်နဝါရီ ၂၃ ရက် ၊ ညနေပိုင်းက ဈေးလုံးကျွတ် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ မီးစလောင်တယ် ၊ ဘာကနေစလောင်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ တချို့လည်း ဈေးသိမ်းပြီး အိမ်ပြန်ကုန်ကြပြီ ၊ အဲ့ဒီ အချိန်လောင်တာ ၊ ရှို့မီးဖြစ်ဖို့တော့များတယ် ၊ အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။ ဒါ့အပြင်…

Read More

အီရတ်ရှိ အီရန်ကျောက်ထောက်နောက်ခံပြု ပြည်သူစစ်တွေကို အမေရိကန် တိုက်ခိုက်

ဝါရှင်တန် ၊ ဇန်နဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) အီရန်ကျောထောက်နောက်ခံပြု ပြည်သူစစ်တွေအသုံးပြုတဲ့ အဆောက်အအုံသုံးခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ခါတိုက်ဘ်ဟဇ်ဘိုလာ ပြည်သူ့စစ်အဖွဲ့နဲ့ အခြားသော အီရန်နဲ့ဆက်နွယ်နေတဲ့ အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် တိုက်ရိုက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အော်စတင်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေဟာ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ အယ်လ်အာဆတ်လေတပ်အခြေစိုက်စခန်းကိုဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုကို အစ္စလာမ္မစ်ခုခံရေးအဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး အဲဒီအဖွဲ့ဟာ အီရတ်မှာလှုပ်ရှားနေတဲ့ အီရန်နဲ့ဆက်နွယ်တဲ့ လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ Ref:BBC Photo:Getty Images

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်ကို ဖြတ်ကျော်ကာ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓါတ်ကိုမြှင့်တင်ပေးခဲ့သူအဖြစ် လူသိများသော ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီသည် ၁၉၆၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More
VOM News

FREE
VIEW