ရုရှားတောင်ပိုင်းက ရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်

  ကိယက်ဗ်၊ ဇန်နဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) ရုရှားစွမ်းအင်ကုမ္ပဏီ ရို့နက်ဖ်က ပိုင်ဆိုင်တဲ့ ရုရှားတောင်ပိုင်းက ရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရေနံသန့်စင်တင်ပို့တဲ့ Tuapse ရှိစက်ရုံယူနစ်မှာ မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီး ညတွင်းချင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေအတွက် လောင်စာထောက်ပံ့တဲ့ စက်ရုံတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ယူကရိန်းက ဆိုပါတယ်။ လက်ရှိတိုက်ခိုက်မှုကြောင့် လေဟာနယ်ယူနစ်မီးလောင်သွားပြီး ဖြစ်စဉ်ကြောင့် အသေအပျောက်မရှိဘူးလို့ ခရိုင်အကြီးအကဲ ဆာဂေးဘွိုင်ကိုက ပြောပါတယ်။ ရုရှားရဲ့ အကြီးဆုံးရေနံထုတ်လုပ်တဲ့ကုမ္ပဏီ ရို့နက်ဖ်ကတော့ မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ ယူကရိန်းရဲ့ အက်စ်ဘီယူ လုံခြုံရေးဌာနဟာ ရုရှားနိုင်ငံထဲကို နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်နေပြီး ရုရှားစီးပွားရေးအတွက်သာမက ရုရှားတပ်တွေအတွက် လောင်စာထောက်ပံ့တဲ့ လုပ်ငန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ ယူကရိန်းဟာ မကြာသေးမီကာလတွေအတွင်း ရုရှားရဲ့ လောင်စာတင်ပို့တဲ့ နေရာတွေ၊ ဆိပ်ကမ်းတွေအပါအဝင် ရုရှားရဲ့ အဓိကစွမ်းအင်အခြေခံအဆောက်အအုံတွေကို…

Read More

မလေးရှားမှာ မြန်မာငါးယောက် မြေပိလို့ နှစ်ယောက်သေ၊ သုံးယောက်ပျောက်ဆုံးနေ

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) မလေးရှားနိုင်ငံ ကင်မရွန်းကုန်းမြင့်မှာ ဒီနေ့ဇန်နဝါရီ ၂၆ ရက်ကဖြစ်ပွားခဲ့ မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုကြောင့် နှစ်ယောက်သေဆုံးပြီး သုံးယောက်ပျောက်ဆုံးနေပြီး မြေပြိုမှုမှာ သေဆုံးသူတွေနဲ့ ပျောက်ဆုံးသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၅၆ နှစ်ကြား မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။ မြေပြိုမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကတော့ ရှင်းလန်းဟာ ၅၆ နှစ်၊ ရှင်အောင် ၃၉ နှစ်၊ အုံးမြဲ ၃၈ နှစ်၊ ဟာဖေး ၃၆ နှစ်နဲ့ သန်းမောင် ၂၅ နှစ်တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အမျိုးသားတယောက်ရဲ့ အလောင်းကို မနက် ၁၁ နာရီမှာ တွေ့ရှိခဲ့ပြီး နောက်တယောက်ရဲ့ အလောင်းကိုတော့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်မှာ…

Read More

အမြန်လမ်းမှာ ယာဉ်တစီးတိမ်းမှောက်မှုကြောင့် သံဃာ အပါအဝင် ခုနစ်ယောက် ဒဏ်ရာရ

  ဇန်နဝါရီ ၂၆ – ၂၀၂၄ SN (VOM) ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်၊ မနက် ၇ နာရီဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ အိမ်စီးကားတစီး ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် သံဃာတော်တပါး အပါအဝင် ခုနစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ဟာ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၅) နဲ့ (၃၅/၆) ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သံဃာတော်တပါးအပါအဝင် အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး လေးယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ “ကားက နေပြည်တော်ကနေ ရန်ကုန်ကိုလာတဲ့ကားပါ။ ဒဏ်ရာ ရတဲ့သူတွေကတော့ အသက် ၆၀ ကျော် ဘုန်းကြီးတပါးနဲ့ အသက် ၂၀ ကျော်၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၀ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ ထိပ်သီးဆွေးနွေးမယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ လာမယ့်ဧပြီလအတွင်း ဝါရှင်တန်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒါဟာ သမ္မတ အိုဘားမားလက်ထက် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်တယောက်ရဲ့ ပထမဆုံးသော အမေရိကန်တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။ ဂျပန်ဟာ အမေရိကန်နဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ နှစ်နိုင်ငံမဟာမိတ်ဖွဲ့မှုဟာ အလွန်အရေးကြီးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသမှာ ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးအပါအဝင် အခြားသော ကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ ဂျွန်ခရီဘီက ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကို အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်လာရောက်ရန် သမ္မတဂျိုးဘိုင်ဒင်က နိုဝင်ဘာလအတွင်းက ဖိတ်ကြားခဲ့ပါတယ်။။ ဂျပန်ဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား မဟာမိတ်ဆက်ဆံရေးခိုင်မာမှုကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း အကဲခတ်တွေက…

Read More

This Day in History

Voice of Myanamr အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ် ဘုဂျ်မြို့အနီးတွင် ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့သော အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လူနှစ်သောင်းကျော်သေဆုံးပြီး ပျက်စီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်။

Read More
VOM News

FREE
VIEW