ဂျပန်ရဲ့ လကမ္ဘာဂြိုဟ်ဆင်းယာဉ် စွမ်းအင်စနစ်ပြန်ကောင်းပြီး အဆက်အသွယ်ပြန်ရ

တိုကျို၊ ဇန်နဝါရီ-၂၉-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်နိုင်ငံက လွှတ်တင်ထားပြီး လကမ္ဘာ၏မျက်နှာပြင်ပေါ်ရောက်ရှိနေတဲ့ ဂြိုဟ်ဆင်းယာဉ်ဟာ ဓါတ်အားပြတ်တောက်မှုကြောင့် တပတ်ကြာအဆက်အသွယ်ပြတ်တောက်နေရာကနေ လက်ရှိမှာ ပြန်လည်သက်ဝင်လာပြီလို့ ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။

ယာဉ်မှာပါတဲ့ ဆိုလာစနစ်အတွက် အလင်းရောင် ရရှိမှုအနေအထားအပြောင်းအလဲကြောင့် ယာဉ်ဟာ ပုံမှန်အတိုင်းအလုပ်လုပ်နေပြီဖြစ်ပြိး ချို့ယွင်းချက်ကို ပြုပြင်ပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

လကမ္ဘာဂြိုဟ်ဆင်းယာဉ်ဟာ ဇန်နဝါရီ ၂၀ ရက်က လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်ချိန်မှာ ယာဉ်မှပါတဲ့ ဆိုလာဆဲလ်တွေဟာ အလုပ်မလုပ်တော့တာကြောင့် စွမ်းအင်ကုန်တဲ့အချိန်မှာ အဆက်သွယ်ပြတ်တောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ Smart Lander for Investigating Moon (Slim) လကမ္ဘာစူးစမ်းလေ့လာရေး ဂြိုဟ်ဆင်းယာဉ်ဟာ ဒီလိုဆင်းသက်နိုင်မှုကြောင့် အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ တရုတ်၊ အိန္ဒိယတို့ပြီးရင် လကမ္ဘာပေါ်ကို ဂြိုဟ်ဆင်းယာဉ်ဆင်းသက်နိုင်ခဲ့တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာပါတယ်။

အဆိုပါစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့ ဖွဲ့စည်းတည်ဆောက်မှုဇစ်မြစ်တွေ၊ ရေ၊ အောက်ဆီဂျင်နဲ့ စွမ်းအင်အရင်းအမြစ်တွေကို စူးစမ်းရှာဖွေလေ့လာသွားဖို့ ရည်ရွယ်ထားကြောင်း ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။

Ref:BBC
Photo:jaxa

Related posts

VOM News

FREE
VIEW