ဖိလစ်ပိုင်မှာ မြေပြိုမှုကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံး

` မနီလာ၊ ဇန်နဝါရီ-၂၀-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကို ဒေသခံသုံးသိန်းနီးပါး ရင်ဆိုင်နေရပြီး မင်နာဒါအိုကျွန်းမှာ ကာလအတန်ကြာ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း လူ ၁၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံအရှေ့ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်မှာလည်း မြေပြိုမှုကြောင့် နေအိမ်နှစ်လုံးထိခိုက်ခဲ့ပြီး အသက်တနှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ကလေးငါးယောက်သေဆုံးခဲ့ပြီး လူတယောက်ပျောက်ဆုံးနေပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဟာ မိုင်းတွင်းတွေရှိတဲ့ တောင်တန်းဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပြိုမှုကြောင့် သတ္တုတွင်းအလုပ်သမားတွေ နေထိုင်ရာဒေသတွေကိုလည်း ထိခိုက်ခဲ့ပါတယ်။ မင်နာဒါအိုကျွန်းရှိ ပြည်နယ်လေးခုစလုံးမှာ ဖြစ်ပွားနေတဲ့ မိုးရွာသွန်းမှုကြောင့် ဒေသခံ နှစ်သိန်း ခုနှစ်သောင်းကျော် ထိခိုက်ခဲ့ရကြောင်း ဖိလစ်ပိုင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားသည်။ Ref:NHK Photo:AFP    

Read More

This Day in History

Voice of Myanmar အမေရိကန် ဒီမိုကရက်တစ် နိုင်ငံရေးသမား ကမလာဟားရစ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဒုတိယသမ္မတဖြစ်လာပြီး အမေရိကန်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ပထမဆုံးအမျိုးသမီး ဖြစ်လာသည်။။

Read More

ရခိုင်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေ ရပ်တန့်နေ

  ဇန်နဝါရီ ၁၉ – ၂၀၂၄ SN (VOM) ရခိုင်က မြို့နယ်အများအပြားမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ် တောက် နေတဲ့အတွက် လက်ရှိမှာ ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ် တောက်သွားတာ ကြောင့်လက်ရှိမှာ စစ်တွေရှိ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နဲ့ ရိုးမဘဏ်တွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေသလို Wave Money, KBZpay စတဲ့ မိုဘိုင်း ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။ “အခုက ဖုန်းလိုင်းက Mytel တမျိုးပဲရတာ။ Mytel တောင်မှ ဖုန်းပြောဖို့အတွက်ပဲရတာ၊ အင်တာနက်မရဘူး။ အူရီဒူးကတော့…

Read More

ပြည်တွင်းရွှေစျေး ဆက်လက် မြင့်တက်လာ

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၉ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိုးမိတ်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ

ဇန်နဝါရီ ၊ ၁၉ ၊ ၂၀၂၄ SP ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်ပြည်နယ် အစပ်က မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကစလို့ ဒီကနေ့အထိ တိုက်ပွဲတွေပြင်ထန်နေတာကြောင့် မိုးမိတ်နယ်ခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမိတ်ဒေသခံ တယောက်က ” မိုးမိတ်နယ်မှာ ပြီးခဲ့တဲ့ ၁၅ ရက် ၊ ၁၆ ရက်ကစလို့ တိုက်ပွဲတွေ စဖြစ်နေတယ် ၊ စဖြစ်တုန်းက မိုးမိတ်မြို့နယ်၊ မန်ပတ်၊ မန်ဖွယ်၊ အုန်းချောနဲ့ ရွှေဇာလီဘက်တွေမှာ အရင်းဖြစ်တယ် ၊ မနေ့ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မြို့ပေါ်ကို ရောက်လာတယ် ၊ အဲ့ဒီနောက် မြို့ပေါ်မှာ…

Read More

ကိုယ်ခန္ဓာသန်စွမ်းစေဖို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ တဲ့

  ဆူးငှက်     “စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ …   ယခုလို ဆောင်းဦးကာလ နှင်းတွေဖွဲဖွဲကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေသော သီချင်းသံကိုကြားယောင်နေမိပါ၏။ ထိုစဉ်က ယခုလို ဆောင်းဦးပေါက်လာပြီဆိုလျှင် စနေနေ့လို ညမျိုးတွင် နောက်ရက် မနက်စောစောလမ်းလျှောက်ပွဲ ဆင်နွှဲဖို့ အတွက် စာရင်းကောက် လှုံ့ဆော် ပြင်ဆင်ကြသည်။ ရပ်ကွက်ထိပ် ကင်းတဲမှာ ညလုံးပေါက် ဆန်ပြုပ်အိုးကြီး တည်ထား၏။ ဒါကလည်း ကင်းတဲမှာ ထိုညအလှည့်ကျ စောင့်ကြရမည့် အိမ်ထောင်ဦးစီးတွေက အိမ်ဆန်အိုးထဲမှ တစ်ဆုပ်တစ်ခွက် ယူလာကြခြင်း ဖြစ်သည်။ ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေသည့် ဒန်အိုးကြီးတစ်လုံးနှင့် ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်၏။ သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ။ ၁၃နှစ် ၁၄ နှစ်သားပေါ့။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်။ ကင်းတဲမှာ…

Read More

စစ်အေးခေတ်နောက်ပိုင်း တပ်ဖွဲ့ဝင် ကိုးသောင်းနဲ့အတူ နေတိုးအဖွဲ့ အကြီးစား စစ်ရေးလေ့ကျင့်မယ်

  ဘရပ်ဆဲလ်၊ ဇန်နဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)ဟာ စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ပြီး ဒါဟာ ပဋိပက္ခဖြစ်ပွားလာခဲ့ရင် ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဥရောပမဟာမိတ်တွေကို အမေရိကန်က ဘယ်လိုကူညီနိုင်မလည်းဆိုတာ အစမ်းလေ့ကျင့်မှုဖြစ်နိုင်ကြောင်း အကဲခတ်တွေက ပြောပါတယ်။ မေလမှာပြုလုပ်မယ့် Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုမှာ နေတိုးတပ်ဖွဲ့ဝင် ကိုးသောင်းထိပါဝင်မယ်လို့ နေတိုးအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးတယောက်ဖြစ်တဲ့ခရစ်ကာဗိုလီက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်သင်္ဘောတွေကနေ ဖျက်သင်္ဘောတွေထိ စစ်သင်္ဘောအစင်းကျော်၊ တိုက်လေယာဉ် ရဟတ်ယာဉ်နဲ့ ဒရုန်း ၈၀ ကျော်၊ တင့်ကား ၁၃၃ စီး၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၅၃၃ စီးပါဝင်မှာဖြစ်တယ်လို့ နေတိုးက ထုတ်ပြန်ထားပါတယ်။ နေတိုးရဲ့ ထုတ်ပြန်ချက်မှာ ရုရှားကိုတိုက်ရိုက်ရည်ညွှန်းတာမျိုးမရှိပေမယ့် အဖွဲ့ရဲ့ မဟာဗျူဟာစာတမ်းမှာတော့ ရုရှားကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် အထူးခြားဆုံးနဲ့ တိုက်ရိုက်ခြိမ်းခြောက်တဲ့နိုင်ငံလို့ ဖော်ပြထားပါတယ်။ Steadfast Defender 2024 စစ်ရေးလေ့ကျင့်မှုဟာ နေတိုးအဖွဲ့ရဲ့…

Read More

ဒီပဲယင်းနယ်မှာ လူ ၃၀ ကျော် အဖမ်းခံရပြီး အဲ့ဒီထဲက လူလေးယောက်ရဲ့ ရုပ်အလောင်းတွေသာ ပြန်တွေ့ရ

ဇန်နဝါရီ ၊ ၁၉ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ အရှေ့ဘက်အခြမ်း ၊ မဲအိုကျေးရွာ မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူတချို့ရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဇန်နဝါရီ ၁၉ရက် မနက်ပိုင်းက လက်ယက်ကုန်းရွာနားမှာ ပြန်လည်တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒီပဲယင်းနယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေသခံ ပရဟိတသမားတယောက်က ” လက်ယက်ကုန်းရွာဘက်မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း လေးလောင်း တွေ့ရတယ် ၊ အမျိုးသား သုံးလောင်းကတော့ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်သတ်ခံထားရတယ် ၊ ကျန် တယောက်ကတော့ မီးလောင်ပြင်ထဲက တွေ့ရတယ် ၊ အဲ့ဒီ ရုပ်အလောင်းက အမျိုးသမီးဖြစ်ဖို့ များတယ်…

Read More

ဖြစ်မယ့်အကြောင်းအရာတွေ ကြိုသိတယ်ဆိုတဲ့ အေမီဈာန် ရေခြား မြေခြားမှာ သူအဖမ်းခံရမှာကို ကြိုမသိခဲ့

ဇန်နဝါရီ ၁၉ – ၂၀၂၄ SN (VOM) မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဘာတာဝပ်မြို့က ကလပ်တခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံမှ အဆိုတော် အေမီဈာန်၊ မော်ဒယ်လ် ဖူးပွင့်ခိုင်နဲ့ DJ ZOO3Y အပါအဝင် မြန်မာနိုင်ငံသား သုံးဆယ်ကျော်ဟာ လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးလို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။ သူတို့ဟာ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club မှာ ဇန်နဝါရီ ၁၃ ရက်၊ မလေးရှား စံတော်ချိန် ည ၁၂ နာရီ ၂၃ မိနစ်ဝန်းကျင်က ဖျော်ဖြေပွဲ ကျင်းပနေချိန်အတွင်း မလေးရှားနိုင်ငံသားတွေရဲ့ တိုင်တန်းချက်အရ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က မလေးရှားကို အလည်အပတ်ဗီဇာနဲ့ လာတာဆိုတော့ အခုလိုမျိုး…

Read More

ထိုင်းဘုရင်စနစ်ကို အသရေဖျက်တဲ့ အမျိုးသား ထောင်နှစ် ၅၀ ကျ

ဘန်ကောက်၊ ဇန်နဝါရီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ထိုင်းဘုရင်စနစ်ကို အသရေဖျက်တယ်ဆိုကာ အမျိုးသားတယောက်ကို ထိုင်းတရားရုံးက ထောင်ဒဏ် နှစ် ၅၀ ချမှတ်လိုက်ပါတယ်။ အသက် ၃၀ အရွယ် မောင်ကော်သီရာကော့ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပို့စ်တွေအတွက် မူလက ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံခဲ့ရပြီး မနေ့ကတော့ အယူခံတရားရုံးကနေ နောက်ထပ်ပြစ်ဒဏ် ၂၂ နှစ်ထိပ်တိုးခဲ့ပါတယ်။ ချင်းရိုင်ခရိုင်တွင်နေထိုင်ပြီး အွန်လိုင်း အဝတ်အထည်ရောင်းချသူ မစ္စတာသီရာကော့အပေါ် ပြင်းထန်တဲ့ စီရင်ချက်ချမှု အသေးစိတ်အချက်အလက်တွေကို တရားရုံးက ထုတ်ပြန်ခြင်းမရှိပါဘူး။ ပြစ်ဒဏ်အတွက် ဝေဖန်မှုများစွာရှိပြီး ဒါဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေနဲ့ ချမှတ်ခဲ့တဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး ဒီဥပဒေ ဘုရင်စနစ်နဲ့ပတ်သက်ပြီး အပျက်သဘောဆောင်ပြောဆိုရေးသားမှုတွေအတွက် ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခံခဲ့ရတဲ့ ဥပဒေဟာ ၁၀ နှစ်အတွင်း ပထမဆုံးအရပ်သားအစိုးရ တက်လာခဲ့ပေမယ့် လက်ရှိချိန်ထိ သက်ဝင်နေဆဲဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW