လာအိုက ခန့်အပ်လိုက်တဲ့ အာဆီယံအထူးသံတမန်ကို မြန်မာနိုင်ငံစေလွှတ်မယ်

ဗီယင်ကျန်း၊ ဇန်နဝါရီ-၁၀-၂၀၂၄ မျိုးဆက်(VOM) ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ALOUNKEO KITTIKHOUN ကိုစေလွှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လာအိုနိုင်ငံဟာ ယခုလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ် ဝါရင့်သံတမန်တယောက်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ALOUNKEO KITTIKHOUN ကို လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို ခန့်ထားမှုနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးအကြောင်းကြားထားပြီးဖြစ်ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံဟာ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ပထမဆုံးလက်ခံကျင်းပရမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး မတိုင်ခင်မှာ အခုလိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ALOUNKEO KITTIKHOUN ဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ကုလသမဂ္ဂမှာ လာအိုဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ လာအိုနိုင်ငံရဲ့ အာဆီယံရေးရာ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း…

Read More

မူဆယ်မှာ တာဝန်ကျ ဆရာဝန်တွေအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း အကုန်နီးပါး မြို့ကနေ ရှောင်တိမ်း

  ဇန်နဝါရီ ၁၀၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့က ဆရာဝန်တွေအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စပြီး ရှောင်တိမ်း နေကြတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ “မူဆယ်က ဆေးရုံတွေမှာ ဆရာဝန်‌တွေ မရှိတော့ဘူး။ ကျမ ညီမ ကလေး မွေးမှာမို့လို့ လိုက်မေးတာ ဘယ်ဆေးခန်းမှ ဆရာဝန် မရှိတော့ဘူးဆို။ အံ့ဩတယ်။ ဖျားတာ နာတာ ဆိုရင် တော်တော် ခက်ပြီပေါ့။ ဗဟို ဆေးရုံမှာတော့ ရှိတယ်ပြောလို့ အဲမှာ သွားခိုင်းလိုက်တယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်း မြို့တွေထဲက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ပွဲတွေကြောင့် လုံခြုံတဲ့…

Read More

အမြန်လမ်းမှာ နေ့တိုင်းနီးပါး ယာဉ်မတော်တဆမှုဖြစ်နေ၊ မနေ့ညနေက သုံးယောက် ထပ်မံသေဆုံး

  ဇန်နဝါရီ ၁၀ – ၂၀၂၄ SN (VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ( ၂၃၁/၀) မှာ မနေ့ ဇန်နဝါရီ ၉ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်က ယာဉ်မတော်တဆမှုတခု ထပ်မံ ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ယာဉ်ပေါ်ပါ အမျိုးသား ကိုးယောက်၊ အမျိုးသမီး သုံးယောက်၊ စုစုပေါင်း ၁၂ ယောက်အနက် အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက် သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဖြစ်တာကတော့ King Long (အဖြူရောင်) အန်စာတုံးယာဉ်ပေါ့။ သူက မန္တလေးကနေ…

Read More

မူဆယ်မှာ ပြန်ပေးဆွဲမှု ပိုမိုဆိုးရွားလာ

  ဇန်နဝါရီ ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်မှာ ကုန်သည် လုပ်ငန်းရှင်တွေ ပြန်ပေးဆွဲ ခံရမှု အခြေအနေ ပိုမိုဆိုးဝါး လာနေကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “အဖွားကြီး တယောက် ထပ် ပြန်ပေးဆွဲခံရတယ်။ သူ မလွတ်လာသေးဘူး။ သူ‌တို့ (ပြန်ပေးဆွဲသူတွေ) တောင်းတဲ့ ပိုက်ဆံ မပေးနိုင်သေးလို့လေ။ အဲအဖွားကြီးက အဲလောက် ပိုက်ဆံ မရှိဘူး။ သူ့ကို ရွေးဖို့ အိမ်ခြံဝင်း ရောင်းတာလည်း ရောင်းလို့ မရလို့လေ။ အခုချိန်က ဘယ်သူမှ မဝယ်ချင်ဘူးလေ။ အဲဒါကြောင့် ပြန်မလွတ်သေးတာ” လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင် တဦးက ပြောပါတယ်။ ပြန်ပေးဆွဲတဲ့ သူတွေက လူငယ်ပိုင်းအရွယ်တွေ ဖြစ်ကြပြီး ပြည်သူ့စစ်အသိုင်းအဝိုင်က ဖြစ်ကာ တရုတ်ကလေးတွေ…

Read More

၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

ဝါရှင်တန်၊ ဇန်နဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) ဗဟိုဘဏ်တွေရဲ့ တင်းကြပ်တဲ့ ငွေကြေးမူဝါဒတွေ ဆက်တိုက်ချမှတ်နေတာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွာရေးတိုးတက်မှုနှုန်းဟာ သုည ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိမယ်လို့ ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် စွမ်းအင်ဈေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းစတဲ့ အကြောင်းရင်းတွေက စီးပွားရေးတိုးတက်မှုကို ပိုမိုနှေးကွေးစေကြောင်း အီစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြင့်မားတဲ့ အတိုးနှုန်းတွေဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် အတားအဆီးတွေကြောင့် အမေရိကန်ရဲ့ စီးပွားရေးဟာ ယမန်နှစ်က ခန့်မှန်းချက်ထက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ အိမ်ခြံမြေဈေးကွက်နှေးကွေးတာနဲ့…

Read More

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး လူတဦး သေဆုံး

  မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၊ ၆၈လမ်း ၁၁၁နဲ့၁၁၂လမ်းကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၀ရက် မနက်အစော ၁နာရီကျော်အချိန်ခန့် နေအိမ်တလုံး မီးလောင်မှုဖြစ်ခဲ့ပြီး အမျိုသား တဦး မီးခိုးမွန် သေဆုံးခဲ့တယ်လို့ မီးသတ်နဲ့နီးစပ်သူဆီက သိရပါတယ်။ ” ဖြစ်တာက ရေခဲသေတ္တာ အပူလွန်ပြီး ဖြစ်တာလို့ သိရတယ်၊ လောင်တဲ့အိမ်က အမျိုးသား(၁)ဦး မီးခိုးမွှန် သေဆုံးခဲ့တယ်”လို့ မီးသတ်နဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။ မီးလောင်မှုဖြစ်စဉ်ဟာ နေအိမ်အပေါ်ထပ်ရှိ ရေခဲသေတ္တာအပူလွန်ကဲရာကနေ မီး‌စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အဆောက်အဦနဲ့ အတွင်းခန်းပစ္စည်းအချို့ မီးလောင်ခဲ့ကာ မီးသတ်တွက်ချက်တန်ဖိုးငွေ(၃၁)သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးလောင်နေစဉ်အတွင်း နေအိမ်ပိုင်ရှင်ဖြစ်သူ အသက်(၇၇)နှစ်အရွယ် အမျိုးသားတဦး မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ သိရပြီး မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကာ မနက်(၂)နာရီအချိန်ခန့်မှာ မီးလုံးဝငြိမ်းသတ်ခဲ့တယ်လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၅ ကျပ် ဝယ်ဈေး – ၂၅၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၉ ကျပ် ဝယ်ဈေး – ၄၆၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၀ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

အီကွေဒေါမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံစတူဒီယိုကို သေနတ်သမားတွေဝင်စီးပြီး ဓါးစာခံတွေ ဖမ်းဆီးသွား

ကီတို၊ ဇန်နဝါရီ-၁၀-၂၀၂၄ မျိုးဆက်(VOM) အီကွေဒေါနိုင်ငံမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား စတူဒီယိုထဲကို မျက်နှာဖုံးစွပ်သေနတ်သမားတွေ ဝင်ရောက်စီးနှင်းခဲ့ပါတယ်။ ဂိုင်ယာကွေးမြို့က စတူဒီယိုခန်းထဲကနေ ပြည်သူပိုင်ရုပ်မြင်သံကြားဌာန တီစီက တိုက်ရိုက်ထုတ်လွှင့်နေချိန် သေနတ်သမားတွေ ဝင်ရောက်လာပြီး ဓါးစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူဆိုးဂိုဏ်းဝင်တွေဟာ လွတ်မြောက်သွားပြီးနောက် နိုင်ငံမှာ ရက် ၆၀ ကြာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒီဖြစ်စဉ်ဟာ လူဆိုးဂိုဏ်းထွက်ပြေးလွတ်မြောက်မှုနဲ့ ဆက်နွယ်မှုရှိမရှိ ရှင်းလင်းစွာမသိရသေးပါဘူူး။ အီကွေဒေါနိုင်ငံဟာ ကမ ္ဘာ့ထိပ်တန်း ငှက်ပျောသီးတင်ပို့သူဖြစ်ပြီး ကော်ဖီ၊ ကိုကိုး၊ ပုစွန်နဲ့ ငါးတွေလည်း တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကျဉ်းထောင်တွင်းနဲ့ ပြင်ပမှာပါ အကြမ်းဖက်မှုတွေမြင့်တက်နေပြီး အမေရိကန်၊ ဥရောပနဲ့ ပြည်တွင်း ကိုကင်းတင်ပို့မှုတွေအပေါ် စိုးမိုးထိန်းချုပ်လိုမှုတွေနဲ့ ဆက်နွယ်နေပါတယ်။ Ref:BBC Photo:Reuters

Read More
VOM News

FREE
VIEW