၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

ဝါရှင်တန်၊ ဇန်နဝါရီ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ဗဟိုဘဏ်တွေရဲ့ တင်းကြပ်တဲ့ ငွေကြေးမူဝါဒတွေ ဆက်တိုက်ချမှတ်နေတာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွာရေးတိုးတက်မှုနှုန်းဟာ သုည ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိမယ်လို့ ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် စွမ်းအင်ဈေးနှုန်းတွေ တဟုန်ထိုးမြင့်တက်လာခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းစတဲ့ အကြောင်းရင်းတွေက စီးပွားရေးတိုးတက်မှုကို ပိုမိုနှေးကွေးစေကြောင်း အီစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြင့်မားတဲ့ အတိုးနှုန်းတွေဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် အတားအဆီးတွေကြောင့် အမေရိကန်ရဲ့ စီးပွားရေးဟာ ယမန်နှစ်က ခန့်မှန်းချက်ထက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

အိမ်ခြံမြေဈေးကွက်နှေးကွေးတာနဲ့ အခြားသော အကြောင်းရင်းတွေကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၄ ဒသမ ၅ ရခိုင်နှုန်းထိ နှေးကွေးဖွယ်ရှိပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေးကတော့ သုည ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေ အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံတွေဟာ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းနေသေးပြီး ကြွေးမြီဝန်ထုတ်ဝန်ပိုးတွေကြောင့် နစ်နာနေရကာ လူသုံးယောက်မှာတယောက်နှုန်း စားနပ်ရိက္ခာ လုံလောက်စွာရရှိဖို့ ခက်ခဲကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

Ref:NHK
Photo:UPI

Related posts

Leave a Comment

VOM News

FREE
VIEW