This Day in History

Voice of Myanmar အိန္ဒိယ အမျိုးသားရေးခေါင်းဆောင် မဟတ္တမဂန္ဒီသည် လက်ယာစွန်း ဟိန္ဒူအကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လေဖျန်းရွက်မြူး ၊ သဇင်ဖူးဝေ…၊ ငွေနှင်းကြွေတော့

        ဆူးငှက်       ““ မြန်ခန်းကျွန်းတွင်း စံမြန်းရွှန်းလင်း မှန်နန်းထွန်းဝင်း၊   ဘုန်းပန်းကြိုင်သင်း နှုန်းနှန်းပြိုင်ရှင်း ထီးစင်းရာနေ ခွန်းတော်ခြွေ၊   ဘွေမန်းစက်ဦး နွေသန်းယှက်ကူး လေဖျန်းရွက်မြူး။”” (မြင်းခင်းကြိုး-မြဝတီမင်းကြီး ဦးစ)     ငွေနှင်းကန့်လန့်ကာ ကျချေပြီ။ အိမ်တံစက်မြိတ်က နှင်းမိုးစက်စက်ကျ၏။ သည်ကြားထဲ မြောက်ပြန်လေက သွေးပြန်သည်။ ဆောင်းသည် ပြာသိုမှာဖြင့် ရဲတင်းလှချေ၏။ ဆောင်းရာသီ၏ အအေးစံချိန်က ပြာသိုမှာပဲ တည်နေခဲ့သည်။ ရေကအေးသည်။ လေက အေးသည်။ နှင်းက အေးသည်။ နေခြည်မှာပင် နုဆဲအချိန်၌ အအေးဓာတ်က စွက်ဖက်နေသေး၏။ ဝန်းကျင်တစ်ခုလုံး အေးပြန်လေတော့ မြေကြီးသည်ပင်လျှင် စိမ့်စိမ့်အေးသတဲ့။ ထို့ကြောင့်လည်း ပြာသိုလ၏ မြေကြီးနှင့် ဖုတ်သောအိုးတွေက အအေးသနေ်္ဓပါလာသည်ဟု အစဉ်အဆက် လက်ခံခဲ့ကြသည်။ နွေရဲခဲ့လို့…

Read More

အနောက်အာဖရိက အီကိုဝပ်စ်အဖွဲ့ကနေ နှုတ်ထွက်ကြောင်း အာဏာသိမ်း သုံးနိုင်ငံ ကြေညာ

  ဘာမာကို၊ ဇန်နဝါရီ-၂၉-၂၀၂၄ မျိုးဆက်(VOM) အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ နိုင်ဂျာ ၊ မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ အနောက်အာဖရိကဒေသတွင်း အဖွဲ့ အီကိုဝပ်စ် စီးပွားရေးအဖွဲ့ကနေ နှုတ်ထွက်ကြောင်း ပူးတွဲကြေညာလိုက်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ဦးဆောင်နေတဲ့ အဲဒီသုံးနိုင်ငံအနေနဲ့ အရပ်သားအုပ်ချုပ်မှု ပြန်လည်ရောက်ရှိဖို့ အီကိုဝပ်စ်အဖွဲ့က တိုက်တွန်းထားပြီး အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ခံပါတယ်။ အီကိုဝပ်စ်အဖွဲ့ကနေ နှုတ်ထွက်ဖို့ဆုံးဖြတ်ချက်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ သဘောဆန္ဒဆုံးဖြတ်ချက်ဖြစ်ကြောင်း နိုင်ဂျာ၊ မာလီနဲ့ ဘာကီနာဖာဆိုတို့က ထုတ်ပြန်ထားပြီး ဒီသုံးနိုင်ငံဟာ ၁၉၇၅ ခုနှစ်မှာ အီကိုဝပ်စ်အဖွဲ့ကို စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။ လက်ရှိ အီကိုဝပ်စ်အဖွဲ့ဟာ နိုင်ငံရပ်ခြားသြဇာအာဏာစက် လွှမ်းမိုးမှုအောက်မှာရှိနေပြီး အဖွဲ့တည်ထောင်တဲ့ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ ဖြစ်လာတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ မာလီနိုင်ငံ၊ ၂၀၂၂ ခုနှစ်မှာ နိုင်ဂျာနိုင်ငံနဲ့…

Read More

ဂျပန်ရဲ့ လကမ္ဘာဂြိုဟ်ဆင်းယာဉ် စွမ်းအင်စနစ်ပြန်ကောင်းပြီး အဆက်အသွယ်ပြန်ရ

တိုကျို၊ ဇန်နဝါရီ-၂၉-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံက လွှတ်တင်ထားပြီး လကမ္ဘာ၏မျက်နှာပြင်ပေါ်ရောက်ရှိနေတဲ့ ဂြိုဟ်ဆင်းယာဉ်ဟာ ဓါတ်အားပြတ်တောက်မှုကြောင့် တပတ်ကြာအဆက်အသွယ်ပြတ်တောက်နေရာကနေ လက်ရှိမှာ ပြန်လည်သက်ဝင်လာပြီလို့ ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။ ယာဉ်မှာပါတဲ့ ဆိုလာစနစ်အတွက် အလင်းရောင် ရရှိမှုအနေအထားအပြောင်းအလဲကြောင့် ယာဉ်ဟာ ပုံမှန်အတိုင်းအလုပ်လုပ်နေပြီဖြစ်ပြိး ချို့ယွင်းချက်ကို ပြုပြင်ပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ လကမ္ဘာဂြိုဟ်ဆင်းယာဉ်ဟာ ဇန်နဝါရီ ၂၀ ရက်က လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်ချိန်မှာ ယာဉ်မှပါတဲ့ ဆိုလာဆဲလ်တွေဟာ အလုပ်မလုပ်တော့တာကြောင့် စွမ်းအင်ကုန်တဲ့အချိန်မှာ အဆက်သွယ်ပြတ်တောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ Smart Lander for Investigating Moon (Slim) လကမ္ဘာစူးစမ်းလေ့လာရေး ဂြိုဟ်ဆင်းယာဉ်ဟာ ဒီလိုဆင်းသက်နိုင်မှုကြောင့် အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ တရုတ်၊ အိန္ဒိယတို့ပြီးရင် လကမ္ဘာပေါ်ကို ဂြိုဟ်ဆင်းယာဉ်ဆင်းသက်နိုင်ခဲ့တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာပါတယ်။ အဆိုပါစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့ ဖွဲ့စည်းတည်ဆောက်မှုဇစ်မြစ်တွေ၊ ရေ၊ အောက်ဆီဂျင်နဲ့ စွမ်းအင်အရင်းအမြစ်တွေကို စူးစမ်းရှာဖွေလေ့လာသွားဖို့ ရည်ရွယ်ထားကြောင်း ဂျပန်အာကာသအေဂျင်စီက…

Read More

မီဇိုရမ်ပြည်နယ်မှာ မြန်မာလေးယောက်ကို လူသတ်အလောင်းဖျောက်မှုနဲ့ ဖမ်းဆီးထား

  ဇန်နဝါရီ ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသား လေးယောက်ကို လူသတ်ပြီး အလောင်းဖျောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဇန်နဝါရီ ၂၆ ရက်က အဲ့ဒီ မြန်မာနိုင်ငံသား လေးယောက်ကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒီကနေ့မှာ ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ နေထိုင်တဲ့ မြန်မာတယောက်က ” ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်က မီဇိုရမ်ပြည်နယ် ရှာဟာမြို့၊ ECM ရပ်ကွက်မှာနေထိုင်တဲ့ အိန္ဒိယနိုင်ငံသား သုံးဘီး တက္ကစီယာဉ်မောင်း လုပ်ကိုင်သူ KL Zoasa အသက် ၂၃ နှစ်ဆိုသူ အသတ်ခံရပြီး ၊ အလောင်းကို ဖျောက်ဖျက်ခံရတယ် ၊ အဲ့ဒီ…

Read More

ဖေဖော်ဝါရီ (၁) ကို မှန်းဆခြင်း

  SN (VOM) မြန်မာနိုင်ငံကို အရေးပေါ်ကြေညာပြီး နစက က နိုင်ငံ့တာဝန် လွှဲပြောင်းယူခဲ့တာဟာ လာမယ့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် သုံးနှစ်သက်တမ်းပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ နစကအစိုးရ သက်တမ်းထပ်တိုးရမယ့် နောက်ထပ် ခြောက်လပြည့်ချိန်လည်း ဖြစ်တာကြောင့် အစိုးရပိုင်းမှာ ဘယ်လိုအခြေအနေ ပြောင်းလဲသွားနိုင်ချေရှိမလဲ ဆိုတာကို နိုင်ငံရေးလေ့လာသူတွေနဲ့ ပြည်သူတွေက သတိထားစောင့်ကြည့်နေကြပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ပတ်သက်လို့ အရင်လိုပဲ ပုံမှန် ခြောက်လ သက်တမ်းတိုးနိုင်တယ်၊ ကြားဖြတ်အစိုးရတခု ပေါ်ပေါက်လာနိုင်တယ်၊ ပိုမိုကျယ်ပြန့်တဲ့ ညွန့်ပေါင်းအစိုးရတရပ် ဖြစ်လာနိုင်တယ်၊ ပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အခုလို ခန့်မှန်းပြောဆိုနေမှုတွေနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ ဒါနဲ့ပတ်သက်လို့ ကျွန်တော်က…

Read More

စဉ့်အင် ယာယီ ချောင်းကူးတံတား ယာဉ်ငယ်များ သွားလာခွင့်ပြု

  ဇန်နဝါရီ ၂၉၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ သီပေါကြားက စဉ့်အင်တံတား ပျက်စီးသွားလို့ သွားလာလို့ မရတော့ကြောင့် စယ်အင် (စင့်အင့်) ကျေးရွာအုပ်စုရှိ ကွန်ခိုက်ရွာမှာ ယာယီ ချောင်းကူး တံတား ထိုးပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကစ ယာဉ်ငယ်တွေကို စတင် ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ကားကြီး မရဘူး။ SSPP/SSA အဖွဲ့ကလုပ်ထားပေးတာ။ ဖြတ်သန်းခတော့ ကောက်တယ်။ အိမ်စီးကားငယ်တွေ၊ အံစာတုံးတွေ ရတယ်။ ၆ ဘီးနဲ့ CANDA တွေတော့ ခါလီလောက်ပဲရတယ်။” လို့ သီပေါ ဒေသခံ အမျိုး သမီး တယောက်က ပြောပါတယ်။ ယာယီတံတားက အိမ်စီးယာဉ်ငယ်တွေ နဲ့ ခရီးသည်တင်ယာဉ်ငယ်‌တွေ အတွက်သာ တည်ဆောက်ထားတာဖြစ်လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၉ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၅ ကျပ် ဝယ်ဈေး – ၃၄၈၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၀ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၆၅ ကျပ် ဝယ်ဈေး – ၃၇၈၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW