ကန့်ဘလူမြို့နယ်မှာ ကြံခုတ်လုပ်သား ခြောက်​ယောက်ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇာဒီကျေးရွာနားက ကြံခင်းတွေထဲမှာ ကြံခုတ်လုပ်သား ခြောက်ယောက် မနေ့ ဇန်နဝါရီ ၂၃ ရက်က ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က ” မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာ ၊ ဇာဒီရွာရဲ့ အရှေ့မြောက်ဘက် ကြံခင်းတွေမှာ ကြံခုတ်လုပ်သား အမျိုးသား ငါးယောက်နဲ့ အမျိုး သမီး တယောက် ပေါင်း ခြောက်ယောက် အသတ်ခံထားရတယ် ၊ အဲ့ဒီအပြင် ဒဏ်ရာရနေတဲ့ အမျိုးသားတယောက်လည်း ထပ်မံတွေ့ရတယ် ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအားလုံးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ဖြစ်တယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၉၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၀ ကျပ် ဝယ်ဈေး – ၂၅၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မော်လူး မြို့မဈေးကြီး ဈေးလုံးကျွတ် မီးလောင်

  ဇန်နဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က မော်လူးမြို့မဈေးကြီးဟာ မနေ့ ဇန်နဝါရီ ၂၃ ရက် ၊ ညနေပိုင်းက ဈေးလုံးကျွတ် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ မီးစလောင်တယ် ၊ ဘာကနေစလောင်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ တချို့လည်း ဈေးသိမ်းပြီး အိမ်ပြန်ကုန်ကြပြီ ၊ အဲ့ဒီ အချိန်လောင်တာ ၊ ရှို့မီးဖြစ်ဖို့တော့များတယ် ၊ အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။ ဒါ့အပြင်…

Read More

အီရတ်ရှိ အီရန်ကျောက်ထောက်နောက်ခံပြု ပြည်သူစစ်တွေကို အမေရိကန် တိုက်ခိုက်

ဝါရှင်တန် ၊ ဇန်နဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) အီရန်ကျောထောက်နောက်ခံပြု ပြည်သူစစ်တွေအသုံးပြုတဲ့ အဆောက်အအုံသုံးခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ခါတိုက်ဘ်ဟဇ်ဘိုလာ ပြည်သူ့စစ်အဖွဲ့နဲ့ အခြားသော အီရန်နဲ့ဆက်နွယ်နေတဲ့ အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် တိုက်ရိုက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အော်စတင်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေဟာ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ အယ်လ်အာဆတ်လေတပ်အခြေစိုက်စခန်းကိုဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုကို အစ္စလာမ္မစ်ခုခံရေးအဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး အဲဒီအဖွဲ့ဟာ အီရတ်မှာလှုပ်ရှားနေတဲ့ အီရန်နဲ့ဆက်နွယ်တဲ့ လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ Ref:BBC Photo:Getty Images

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်ကို ဖြတ်ကျော်ကာ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓါတ်ကိုမြှင့်တင်ပေးခဲ့သူအဖြစ် လူသိများသော ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီသည် ၁၉၆၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဒဂုံဆိပ်ကမ်းမှာ ဝန်ချီစက် မတော်တဆမှု ဖြစ်လို့ လူနှစ်​ယောက် သေဆုံး

  ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄ SP ( VOM) ရန်ကုန်တိုင်း ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ၆၇ ရပ်ကွက် ၊ မြတ်နိုးသူကွင်းမှာ ဒီကနေ့ မနက်ပိုင်းက ဝန်ချီစက် ( Crane accident.) မတော်တဆမှုဖြစ်ပြီး လူနှစ်ယောက်သေဆုံးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေး အဖွဲ့ ၊ ပရဟိတသမားတယောက်က ” ဒီမနက် ၉ နာရီဝန်းကျင်းလောက်မှာ အသင်းရုံးကို ဖုန်းဆက် အကူညီတောင်းတာကြောင့် မြတ်နိုးသူကွင်းဘက်ကို လူနာ နှစ်ယောက် သွားကယ်ဆယ်ရတယ် ၊ အဲ့ဒီ နှစ်ယောက်ထဲက တယောက်က သေဆုံးနေတယ် ၊ ကျန်တယောက်က သတိမရဘူး ၊ အဲ့ဒီ တယောက်လည်း စံပြဆေးရုံရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ…

Read More

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၁၁ ယောက်သေဆုံး၊ ပျောက်ဆုံးနေသူတွေကို အပူတပြင်း ရှာဖွေနေ

  ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် ကြောင့် လူ ၁၁ ယောက်သေဆုံးပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။ မြေပြိုမှုနဲ့ပတ်သက်ပြီး အပူချိန် သုညအောက်ကြုံတွေ့နေရတဲ့ အခြေအနေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အလုံးစုံလုပ်ဆောင်ဖို့ တရုတ်သမ္မတရှီကျင်းပင်က တာဝန်ရှိသူတွေကို အမိန့်ပေးထားပါတယ်။ ယူနန်ပြည်နယ်မှာ ဖြစ်ပွာခဲ့ မြေပြိုမှုမှာ ပြိုကျခဲ့တဲ့ မြေသားဟာ အကျယ် မီတာ ၁၀၀ အမြင့် မီတာ ၆၀ ရှိပြီး ပျှမ်းမျှအထူ ခြောက်မီတာရှိကြောင်း မြို့အာဏာပိုင်တွေကို ကိုးကားပြီး တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ လူ ၅၀၀ ကျော်ကိုသူတိုရဲ့ နေအိမ်တွေကနေ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေးလုပ်သား ၁၀၀၀ နီးပါးကို ဖြန့်ကြက်စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေကို ညလုံးပေါက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံအများစုဟာ သက်ကြီးရွယ်အို သို့မဟုတ် ကလေးသူငယ်တွေဖြစ်ကြပြီး…

Read More

မီဇိုရမ်ပြည်နယ်ထဲ ရောက်နေတဲ့ နစကတပ်ဖွဲ့ဝင်တွေကို သွားခေါ်တဲ့ မြန်မာလေယာဥ် အိုက်ဇော လေဆိပ်မှာ လမ်းချော် ပျက်စီးမှုတွေရှိ

ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄ SP ( VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ ၊ လောင်ပွီး (Lengpui) လေဆိပ်မှာ ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်က မြန်မာနိုင်ငံပိုင် လေယာဥ်ဟာ အဲ့ဒီ လေဆိပ်မှာ ကွင်းဆင်းတဲ့အချိန် ပြေးလမ်းချော်ပြီးနောက် အနီးက တောထဲကို လေယာဥ်ရောက်သွားတယ်လို့ မီဇိုရမ်ပြည်နယ် ဒေသတွင်း သတင်းတွေက ထုတ်ပြန်ထားပါတယ်။ အဲဒီေလယာဥ်ဟာ မီဇိုရမ်းပြည်ထဲကိုဝင်ရောက်လာတဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လာခေါ်တဲ့ လေယာဥ်လို့ အိန္ဒိယသတင်းတွေအရ သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး အိုက်ဇောမြို့ခံတယောက်က ” အခုတလော Lengpui လေဆိပ်ကို နစက လေယာဥ်တွေ မကြာခဏ ဆင်းတက်တယ် ၊ အိုက်ဇောမြို့မှာက မနက်တိုင်း ၉ နာရီ ၁၀ နာရီကျော်မှ…

Read More
VOM News

FREE
VIEW