ယူကရိန်း စစ်ဦးစီးချုပ်ကို သမ္မတဇီလန်စကီး ထုတ်ပယ်ပြီး အစားထိုးခန့်အပ်

ကိယက်ဗ်၊ ဖေဖော်ဝါရီ-၉ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ် Valerii Zaluzhnyi ကိုရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ပဋိပက္ခစတင်ကတည်းက ယူကရိန်းစစ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နဲ့ သမ္မတဇီလန်စကီးတို့အကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင်း သတင်းတွေထွက်ပေါ်နေချိန်မှာ အခုလိုထုတ်ပယ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နေရာကို သမ္မတအမိန့်နဲ့ အစားထိုးခန့်အပ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ယူကရိန်းစစ်ခေါင်းဆောင်ပိုင်းအတွက် အကြီးမားဆုံး အပြောင်းအလဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi ဟာ ယူကရိန်းစစ်သားတွေနဲ့ ပြည်သူတွေအတွက် ယုံကြည်အာထားရတဲ့ နာမည်ကျော်စစ်ဗိုလ်ချုပ်ဖြစ်ပြီး အမျိုးသားသူရဲကောင်းတယောက်ဖြစ်ကာ မကြာသေးမီက လူထုထောက်ခံမှုနှုန်းဟာ သမ္မတဇီလန်စကီးထက် ပိုမိုမြင့်မားခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဦးစီးချုပ်အဖြစ် ယူကရိန်းကြည်းတပ်က Oleksandr Syrskyi ကို စစ်ဦးစီးချုပ်…

Read More

This Day in History

Voice of Myanmar ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘနာဇီယာဘူတို လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် တရားသူကြီးချုပ်ကို ရာထူးမှဖယ်ရှားကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် နိုင်ငံရေး မငြိမ်သက်မှုများ စတင်ဖြစ်ပွားခဲ့သည်။

Read More

အင်းတော်ကြီး – ဖားကန့်လမ်းမှာ ရဲအရာရှိတွေလိုက်ပါလာတဲ့ ကားတစီး ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိ

  ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၄ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့(မြို့နယ်ခွဲ) အရှေ့ဘက် အင်းသာရွာနဲ့ ဟဲပါးကျေးရွာကြား အင်းတော်ကြီး – ဖားကန့်လမ်းပေါ်မှာ မနေ့ ဖေဖော်ဝါရီ ၈ ရက် ၊ မနက်အစောပိုင်းက ရဲတွေစီးလာတဲ့ကားကို KIA နဲ့ PDF အဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ အင်းသာကျေးရွာခံ တယောက်က ” မနေ့က မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်တယ် ၊ KIA နဲ့ PDF အဖွဲ့တွေက ကားကိုတားတယ် ၊ ရပ်မပေးပဲ မောင်းပြီးထွက်ပြေးတာကြောင့် ကားကိုပစ်လိုက်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ကားက ရှေ့ဆက်မသွားနိုင်တော့ပဲ…

Read More

မန္တလေးမှာ တနေ့တည်း မီး၂နေရာ လောင်

ဖေဖော်ဝါရီ ၉ရက်၊ ၂၀၂၄။ ဒီနေ့ ဖေဖော်ဝါရီ ၉ရက် မနက်စောပိုင်း၊ မန္တလေးမှာ၊မီးလောင်မှု၂ခု ထပ်ဆင့်ဖြစ်ခဲ့ပါတယ်။ အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ (၂၂x၂၃)ကြားက လူနေတိုက်ခန်းတခု မီးလောင်မှု မနက် ၁ရီ ၄၀ ခန့်က ဖြစ်ခဲ့ပြီး level 2 အဆင့်နဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။ အဲ့ဒီနောက် မနက် ၂ နာရီ ၅၀အချိန်ခန့်မှာ၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်တွင် ထပ်ပြီး မီးလောင်မှုဖြစ်ပွား​လို့ နယ်မြေခံ မီးသတ်အဖွဲ့တွေ မီးငြိမ်းသတ်နေရပါတယ်။ မနက် ၃ နာရီကျော်မှာတော့ မီးထိန်းနိုင်ပြီလို့ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။  

Read More

အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ သုံးသောင်းတိုးမယ်ဆိုတာ ကောလာဟလ သာဖြစ်

ဖေဖော်ဝါရီ ၈ – ၂၀၂၄ SN (VOM) နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေရဲ့ ပင်စင်လစာ တိုးမြှင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ (Information Team) က သိရပါတယ်။ လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်လစာကို ကျပ် သုံးသောင်းတိတိ တိုးမြှင့်ပေးမယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအတွက် လစာ တိုးမြှင့်ပေးဖို့နဲ့ စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားမှု မရှိသေးဘူးလို့ သိရပါတယ်။ “ပင်စင်စားတွေ ပင်စင်တိုးတယ်ဆိုလို့ ဝမ်းသာနေကြတာ။ ပင်စင်စား သက်ကြီးတွေက ပင်စင်ပဲ အားကိုးပြီး ဘဝရပ်တည်နေကြတာပါ။ ခေတ်ကာလ အစစအရာရာ စျေးနှုန်းတွေတက်နေတာလေ။ အခု ပင်စင် တသိန်းသုံးသောင်း ရတယ်။ သုံးသောင်းတိုးမယ်ဆိုတော့ သားသမီးထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြသူတွေ အခိုက်အတန့် အဆင်ပြေသွားပြီဆိုပြီး ဝမ်းသာနေကြတာလေ။ အခု မဟုတ်တော့ဘူးဆိုတော့ ခဲလေသမျှသဲရေကျပေါ့”…

Read More

တာချီလိတ် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

  ဖေဖော်ဝါရီ ၈ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိဟာ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်၊ မနက်အစောပိုင်းမှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။ ထိုင်းနိုင်ငံအတွင်း ဆေးကုမှုခံ ယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်ကာ တာချီလိတ်၊ နဂါးနှစ်ကောင် ကျောင်းတိုက်အတွင်းရှိ သီးသန့်ဆောင်မှာ ဆက်လက် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ပျံလွန်တော်မူချိန်မှာတော့ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ်မှာ လျှပ်စစ်မီးပြန်ရဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်

ဖေဖော်ဝါရီ ၈ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာနဲ့ ခုနစ်မိုင်ကုန်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိုးကောင်း-ဖားကန့် ၆၆ ကေဗွီ ဓာတ်အားလိုင်းကို နယ်မြေအခြေအနေအရ ပြင်ဆင်ဖို့ အခက်အခဲရှိနေတဲ့အတွက် ဖားကန့်မြို့နယ်မှာ လျှပ်စစ်မီးပြန်ရဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နမ့်တိန်နဲ့ ဖားကန့်မြို့ကြားက ဓာတ်တိုင်တွေ ထိမှန်ပျက်စီးခဲ့တဲ့အတွက် အခုလို ဖားကန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ဆိုရင် မီးပျက်နေတာ ငါးရက်လောက်ရှိပြီ။ လုံးခင်း၊ ဖားကန့်၊ ဆိုင်တောင် အကုန်ပဲ။ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကတော့ နယ်မြေတည်ငြိမ်တာနဲ့ ပြန်ပြင်ဖို့ စီစဉ်နေတယ်လို့ ပြောတယ်။ အခုကတော့ လုံခြုံရေးအခြေအနေအရ…

Read More

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံထဲ နောက်ထပ်ဝင်ခွင့်မပေးတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြော

  ဒါကာ ၊ ဖေဖော်ဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ ထွက်ပြေးလာတဲ့ ဒုက္ခသည် တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ခိုလှုံနေကြပါတယ်။ “ ဘယ်ရိုဟင်ဂျာကိုမှ နိုင်ငံထဲကို နောက်ထပ်ဝင်ခွင့်မပြုတော့ဘူး။ သူတို့က မိမိတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေပြီ။ နိုင်ငံတကာ အကူအညီတွေ သိသိသာသာ လျော့သွားတာကြောင့် သူတို့ကို ဘယ်လောက်ကြာအောင် ထောက်ပံ့ပေးနိုင်မလဲ မသေချာဘူး” လို့ အစိုးရအဖွဲ့ ဝန်ကြီးတဦးဖြစ်သူ အိုဘိုင်ဒူကွာဒါက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အေအေနဲ့ စနကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေအပါအဝင် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ မြန်မာနယ်စပ်မှာ စုဝေးနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမက် မီဇာနာရာမန်က…

Read More

ပါကစ္စတန်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်၊ တရက်အလိုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ယောက်သေဆုံး

  အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြားမှာ ပြည်သူသန်းပေါင်းများစွာဟာ ဖေဖော်ဝါရီ ၈ ရက် ရွးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုများစတင်နေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် တရက်အလို မှာ ဖေဖော်ဝါရီ ၇ ရက်က ဘာလိုချီစတန်ပြည်နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ယောက် သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားပါတယ်။ အတိုက်အခံပီတီအိုင်ပါတီကိုဦးဆောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းဟာ အကျင့်ပျက်ချစားမှု နိုင်ငံတော် လျှိဝှက်ချက်ပေါက်ကြားမှုတွေကြောင့် ထောင်ဒဏ်ချမှတ်ခံရပြီးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အပိတ်ခံထားရပါတယ်။ ပါလီမန်အမတ်နေရာ ၃၃၆ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင် ရောက်ယှဉ်ပြိုင်နေကြပါတယ်။လက်ရှိအာဏာရပါကစ္စတန်မွတ်ဆလင်လင်အဖွဲ့ချုပ်ပါတီက ဝန်ကြီးချုပ်နာဝပ်ဇ်ရှရစ်ဖ်ကို ရွေးကောက်ပွဲမှာ ဦးဆောင်အနိုင်ရမယ့်သူအဖြစ် ရှုမြင်ထားကြပါတယ်။ ပါကစ္စတန်မှာ လူဦးရေသန်း ၂၄၀ ကျော်ရှိရာ ရွေးကောက်ပွဲမဲပေးဖို့ အတွက် ၁၂၈ သန်းစာရင်းပေးထားပြီး သူတို့ထဲက ထက်ဝက်နီးပါးဟာ အသက် ၃၅ နှစ်အောက်…

Read More
VOM News

FREE
VIEW