ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်ရှာရစ်ဖ် ဒုတိယသက်တမ်း ထပ်မံရွေးချယ်ခံရ

 

အစ္စလာမ္မာဘတ်၊ မတ်-၄-၂၀၂၄

မျိုးဆက်(VOM)

ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ် ရှာရစ်ဖ်ဟာ ဒုတိယသက်တမ်း ထမ်းဆောင်ခွင့်ရရှိပြီး ညွှန့်ပေါင်း အစိုးရသစ်ကို ဦးဆောင်ခွင့်ရရှိပြီဖြစ်ပါတယ်။

ပါကစ္စတန် PML-N ပါတီက အသက် ၇၂ နှစ်အရွယ် ရှာရစ်ဟာ ပါကစ္စတန်ပြည်သူ့ပါတီအပါအဝင် မဟာမိတ်တွေက လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲအပြီး တလအကြာ မတ် ၃ ရက်မှာ လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒုတိယသက်တမ်း ထမ်းဆောင်ရမယ့် ရှာရစ်ဖ်ဟာ ပါကစ္စတန်နိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ပါတယ်။ လူငယ်တွေအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးမယ်လို့ သူက ကတိပြုထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံ သုံးပုံတပုံနီးပါး ရေဘေးသင့်ခဲ့ပြီးနောက် စိုက်ပျိုးရေးနဲ့ အခြားကုန်ထုတ်လုပ်မှုတွေ ထိခိုက်ကာ ကုန်စျေးနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး စီးပွားရေး ကမောက်ကမ ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် ရှာရစ်ဖ်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ချေးငွေတွေကို ဧပြီလမှာ နောက်ဆုံးပြန်ဆပ်ရမယ့် ကိစ္စနဲ့အတူ အခြားငွေကြေးအကူအညီများရရှိရေးနဲ့ နိုင်ငံစီးပွားပြန်လည်တည်ဆောက်ရေးတို့ကို ကိုယ်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။

Ref:NHK

Photo:Reuters

 

Related posts

✕
VOM News

FREE
VIEW