ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟာနန်ဒက်ဇ် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိ

တက်ဂူဆီဂယ်ပါ၊ မတ်-၉-၂၀၂၄
မျိုးဆက်(VOM)

ဟွန်ဒူးရပ်စ် သမ္မတဟောင်း အော်လန်ဒို ဟာနန်ဒက်ဇ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း အမေရိကန် ဖက်ဒရယ်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဟာနန်ဒက်ဇ်ဟာ အမေရိကန်ကို ကိုကင်းမူယစ်ဆေးဝါးတွေ တင်သွင်းဖို့ ပူးပေါင်းကြံစည်မှုအပြင် စက်သေနတ်အပါအဝင် အဖျက်ပစ္စည်းတွေပိုင်ဆိုင်ကြောင်း တွေ့ရှိမှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်းဟာ ဟွန်ဒူးရပ်စ်ကို မူးယစ်းဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဆီကနေ လာဘ်ပေးလာဘ်ယူလုပ်ပြီး မူးယစ်ဆေးသုံးစွဲတဲ့နိုင်ငံဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောဆိုထားသည်။

အသက် ၅၅ နှစ်အရွယ် သမ္မတဟောင်း ဟာနန်ဒက်ဇ်ကတော့ စွဲချက်တွေကို အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဟာနန်ဒက်ဇ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ ဟွန်ဒူးရပ်စ်သမ္မတအဖြစ် နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာ နို်ငငံတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းမယ်ဆိုတဲ့ ကတိနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပေမယ့် အကျင့်ပျက်ချစားမှုတွေနဲ့အတူ ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ရောင်းဝယ်သူအချို့နဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

Ref: BBC
Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW