ဘရာဇီး လက်ရွေးစင်ဘောလုံးသမားဟောင်း ရော်ဘင်ဟို မုဒိမ်းမှုကြောင့် ထောင်ကိုးနှစ်ကျ

ဘရာဆီးလီးယား၊ မတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)

ဘရာဇီးလက်ရွေးစင် ဘောလုံးကစားသမားဟောင်း ရော်ဘင်ဟိုဟာ မုဒိမ်းမှုအတွက် ထောင်ကိုးနှစ်ကျခံဖို့ အတွက် ဘရာဇီးမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်က အီတလီနိုင်ငံ မီလန်မြို့ရှိ နိုက်ကလပ်တခုမှာ အယ်လ်ဘေးနီးယား အမျိုးသမီးတယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ ပါဝင်ခဲ့တဲ့အတွက် အီတလီတရားရုံးက လွန်ခဲ့တဲ့နှစ်နှစ်က ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ရော်ဘီဟိုဟာ ဆန်းတို့စ်ရှိ သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အီတလီအစိုးရဟာ သူ့ကိုလွှဲပြောင်းပေးဖို့ ကြိုးပမ်းမှုမအောင်မြင်ပြီးနောက် ဘရာဇီးမှာ ပြစ်ဒဏ်ချဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီနောက်မှာတော့ ဘရာဇီးတရားရုံးဟာ ဒီကိစ္စအပေါ် ထောက်ခံခဲ့ပြီး နေအိမ်အကျယ်ချုပ်အစား ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကာ ချမ်းသာမှုနဲ့ ကျော်ကြားမှုတွေကြောင့် တရားစီရင်ရေးကို ရှောင်လွှဲဖို့လုပ်ဆောင်နေတာကို ပြတ်ပြတ်သားသာ အရေးယူခဲ့တာကြောင့် ဘရာဇီးသတင်းဌာနတွေက ချီးကျုးရေးသားထားပါတယ်။

နိုင်ငံတကာ ပွဲပေါင်း ၁၀၀ ကျော်ကစားပေးခဲ့တဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ရော်ဘင်ဟိုဟာ ရာဇဝတ်မှုကျူးလွန်ချိန်မှာ အေစီမီလန်အသင်းအတွက် ကစားနေပြီးတာဖြစ်ပြီး အဲဒီအမျိုးသမီးနဲ့ ဆက်ဆံမှုဟာ သဘောတူကြည်ဖြူလို့ဖြစ်ကြောင် ရော်ဘင်ဟိုက ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW