This Day in History

Voice of Myanmar ကရိုင်းမီးယားဒေသသည် ယူကရိန်းမှခွဲထွက်ပြီး ရုရှားနိုင်ငံတွင်ပါဝင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်တွင် လူထုဆန္ဒခံယူပွဲကျင်းပ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံအများအပြားက ကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းဒေသကို ရုရှားက သိမ်းပိုက်ခဲ့သည်။

Read More

ပဲခူးတိုင်းမှာ မနေ့က တရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ ဆယ်ယောက်ကျော် ဒဏ်ရာရ

မတ် ၊ ၁၆ ၊ ၂၀၂၄ TT (VOM) ပဲခူးတိုင်း အရှေ့ပိုင်းမှာ မတ် ၁၅ ရက် မနေ့က တရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားတာကြောင့် ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပဲခူးတိုင်း လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က တရက်တည်းမှာ ပဲခူးတိုင်းအတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်တယ် ၊ ပထမ ပေါက်ကွဲမှုက ပဲခူးခရိုင် ၊ ဝေါမြို့ ၊ အခြေခံပညာအထက်တန်းကျောင်းနားမှာ မနက် ၁၁ နာရီဝန်းကျင်က ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုနေတဲ့အချိန် ဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ပျက်စီးမှု မရှိပေမယ့် မပေါက်ကွဲသေးတဲ့ ဖျက်အားပြင်း ရှေ့ထွက်မိုင်း နှစ်လုံး သက်မဲ့လုပ်ပြီး ဖယ်ရှား ရှင်းလင်းခဲ့ရတယ် ၊ နောက်…

Read More

ပြည်တော်ဝင် ၇၉ နှစ်ပြည့်ပြီ

  ဆူးငှက်       ”အခါတော် ရောက်ချိန်နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမ … နှမတို့တစ်တွေ … အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွလိုက်ပါနိုင်စေ အောင်စည်ရွမ်းသံကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ …”တဲ့။ အေဝမ်းဆရာညှာ ရေးစပ်ခဲ့သော ပြည်တော်ဝင်သီချင်းသည် ယခုနှစ် ၂၀၂၄ခုနှစ် မတ်လ ၂၃ရက်တွင် အသက် ၇၉နှစ်ရှိချေပြီ။သို့သော် ယခုတိုင် နုပျိုနေဆဲဖြစ်သည်။     ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှအင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ မန္တလေးသို့ ထွက်ခွာ မည့် မီးရထားတိုင်း၌ စစ်ပြေးများဖြင့် ပြည့်ကျပ်နေ၏။ မန္တလေးဘူတာကြီးသို့ဆိုက်ကပ်လာသော မီးရထားတိုင်း၌လည်း ရရာပစ္စည်း ဆွဲယူလာကာ မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော စစ်ပြေးများကရထားဘေးမှာ…

Read More

ခြံအမှတ် ၅၄ နဲ့ နေအိမ်ကို လေလံတင်မယ့်ကိစ္စ ပြင်ဆင်မှု လျှောက်ထား

မတ် ၁၅ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို လေလံတင် ရောင်းချမယ့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တိုင်းတရားရုံးကို ပြင်ဆင်မှု လျှောက်ထားခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ခြံအမှတ် (၅၄) နဲ့ နေအိမ်တို့ကို လေလံတင်မယ့်ကိစ္စရပ်ဟာ နည်းလမ်းတကျ ဆောင်ရွက်ခြင်းမရှိတာကြောင့် အခုလို ပြင်ဆင်မှု လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ပြင်ဆင်မှုတက်ခဲ့တာကတော့ ပြီးခဲ့တဲ့ တပတ်လောက်ကပါ။ နေပြည်တော် အချုပ်ထောင်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ကိုယ်စားလှယ်လွှဲစာ ရခဲ့တဲ့အတွက် လေလံတင်မယ့်ကိစ္စကို ပြင်ဆင်မှု လျှောက်ထားခဲ့တာပါ” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အခုလို ပြင်ဆင်မှု လျှောက်ထားခြင်းကို တိုင်းတရားရုံးက လက်ခံခြင်း ရှိ၊ မရှိ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးမှသာ…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ငလျင်ကြောင့် ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဆိုးတွေ စွန့်ထုတ်မှု ယာယီရပ်ဆိုင်း

  တိုကျို၊ မတ်-၁၅-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ မနေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဆိုးတွေ စွန့်ထုတ်မှုကို မတ် ၁၅ ရက်မှာ ကြိုတင်ကာကွယ်မှုအရ ဆိုင်းငံ့ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၁၀၀ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ အဲဒီစက်ရုံတည်ရှိရာ နိုင်ငံအရှေ့မြောက်ပိုင်း ဖူကူရှီးမားဒေရဲ့ ကမ်းရိုးတန်းမှာ မတ် ၁၄ ရက်က အင်အား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ပြီးနောက် ယာယီဆိုင်းငံ့ခဲ့ရတာဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စက်ရုံက ရေဆိုးတွေစွန့်ထုတ်မှုကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံဟာ နျူကလီးယားဓါတ်အားပေးစက်ရုံမှ အိုလံပစ်ရေကူးကန်ပေါင်း ၅၄၀ နဲ့ ညီမျှတဲ့ ရေဆိုးတွေကို ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းသို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စတင်စွန့်ထုတ်ခဲ့ပါတယ်။ ဒီလိုစွန့်ထုတ်မှုကို နိုင်ငံတကာ…

Read More

မုံရွာမြို့ အနီးကျင်က ဒေသတွင်း လက်နက်ကိုင် PDF အခြေပြုစခန်းတွေ ဒီရက်ပိုင်းအတွင်း တိုက်ခိုက်ခံနေရ

မတ် ၊ ၁၅ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ရဲ့ အနီးဝန်းကျင် ကျေးရွာတွေနားမှာ အခြေပြုနေတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်းတွေကို နစက လုံခြုံရေး တပ်ဖွဲ့တွေက ဒီရက်ပိုင်းမှာ လိုက်လံရှင်းလင်းနေတာကြောင့် မီးလောင်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့ မတ် ၁၄ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်က မုံရွာမြို့ရဲ့ အရှေ့နောင်ဘက် သက္ကယ်ကျင်း ၊ လယ်ဇင်ရွာဘက်မှာ အခြေပြုတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်းတခု တိုက်ခိုက်ခံရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗောဓိတထောင်ရဲ့ တောင်ဘက်က ဗန်စီရွာနားက PDF စခန်းတခု နဲ့ ကြေမုံရွာနားက PDF စခန်းတခု…

Read More

ပူတင် ထပ်မံအနိုင်ရဖွယ်ရှိတဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများ စတင်နေ

  မော်စကို၊ မတ်-၁၅-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုတွေကို မတ် ၁၄ ရက်ကမှာ စတင်နေပြီး သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လက်ရှိသမ္မတ ပူတင် ပဉ္စမမြောက်သက်တမ်း အနိုင်ရရှိဖို့ သေချာနေပြီး သူဟာ ထောက်ခံမဲ ၈၀ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲအနိုင်ရဖို့ ရည်မှန်းထားပါတယ်။ ရွေးကောက်ပွဲမှာ ရုရှားဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီက နီကိုလေခါရီတွန်နော့ဗ် ၊ ရုရှားလက်ယာစွန်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လီယိုနစ်စလူကီနဲ့ ပြည်သူ့ပါတီသစ်က ဗလာဒီစလေ့ဗ်တို့ဟာ လက်ရှိသမ္မတပူတင်နဲ့အတူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ဒါပေမယ့် ရုရှားအစိုးရတဲ့ ဆက်နွယ်နေတဲ့ လူထုသဘောထား သုတေသနစင်တာရဲ့ စစ်တမ်းမှာတော့ ပူတင်က မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုနှုန်း ၈၂ ရာခိုင်နှုန်းထိ ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ရုရှားအာဏာပိုင်တွေဟာ ပူတင်ရဲ့ ရုရှားအစိုးရရဲ့ မူဝါဒကန့်သတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ယူဆရတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်တဲ့ လူပုဂ္ဂိုဟ်တွေနဲ့…

Read More

လက်ပံတန်းမြို့နယ်မှာ ရဲမိသားစုနဲ့ ပညာရေးဝန်ထမ်း မိသားစုတွေအပါအဝင် လူငါးယောက် အသတ်ခံရ

  မတ် ၊ ၁၅ ၊ ၂၀၂၄ TT(VOM) ပဲခူးတိုင်း အနောက်ဘက်ခြမ်း သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ရေငန်ကျေးရွာအုပ်စု ၊ သရက်တောကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်း ၅ နာရီဝန်းကျင်က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ၊ မနေ့ မတ် ၁၄ ရက် ညပိုင်းကလည်း အဲဒီရွာမှာ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တာကြောင့် နာရီပိုင်းခြားပြီး စုစုပေါင်း လူငါးယောက် အသတ်ခံရတယ်လို့ သာယာဝတီခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ည ၈ နာရီဝန်းကျင်မှာ သရက်တောရွာမှာ လူသုံးယောက် အသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးအောင်ဝင်းထွန်း ၅၂ နှစ် ၊ အထက မကျီးကွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်သွယ်သွယ်ထွန်း ၅၀ နှစ်…

Read More

အိန္ဒိယဘက်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေ နယ်စပ်ဂိတ်မှာ သောင်တင်နေ

မတ် ၊ ၁၅ ၊ ၂၀၂၄ SP(VOM) ပြီးခဲ့တဲ့ မတ် ၈ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဉ်းထောင်မှာ ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်ကို ပြစ်ဒဏ်ကျခံရန် ရက်ကုန်ဆုံးတာကြောင့် မိုးရေး – တမူး နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးဖို့ အသင့်ဖြစ်နေပေမယ့် ဒီကနေ့အထိ မြန်မာဘက်ခြမ်းက လဝက တွေရောက်မလာသေးတာကြောင့် နယ်စပ်ဂိတ်မှာ မြန်မာဘက်ကို ပြန်လွဲပေးမယ့် မြန်မာနိုင်ငံသားတွေ သောင်တင်နေရတာ ရက်သတ္တပတ်ရှိနေပြီလို့ မိုးရေးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၈ ရက်က အင်ဖာအကျဉ်းစခန်းမှာရှိတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်အနက်က ၇၇ ယောက်ကို အင်ဖာကနေ မိုးရေးမြို့ နယ်စပ်စခန်းအထိ ရဟတ်ယာဉ်နဲ့ပို့ဆောင်ပေးခဲ့တာဖြစ်တယ် ၊ ဒီကနေ့ဆိုရင် မိုးရေးမှာ…

Read More
VOM News

FREE
VIEW