တောင်ကိုရီးယား ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်

ဆိုးလ်၊ ဧပြီ-၁၀-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ် အစိုးရအပေါ် စမ်းသပ်မှုအဖြစ်တဲ့ တောင်ကိုရီးယား ပါလီမန်ရွေးကောက်ပွဲတွေကို ဒီနေ့ ဧပြီ ၁၀ ရက်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတသက်တမ်းဟာ သုံးနှစ်ကျန်သေးပေမယ့် သူ့ရဲ့ အာဏာရ ပီပီပီ ပါတီဟာ အတိုက်အခံ ဒီမိုကရက်တစ်တွေကြီးစိုးတဲ့ လွှတ်တော်မှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရုန်းကန်နေရပါတယ်။

ဒါကြောင့် အမတ်နေရာ ၃၀၀ ရှိတဲ့ လွှတ်တော်မှာ အများစုအနိုင်ရဖို့ မျှော်လင့်နေပါတယ်။ နိုင်ငံတွင်းမှာ အစားသောက်စျေးနှုန်းတွေ မြင့်တက်မှု၊ သက်ကြီးရွယ်အိုတွေများပြားလာမှုနဲ့ ဆရာဝန်တွေရဲ့ သပိတ်စတာတွေက အရေးတကြီး ကိုင်တွယ်ရမယ့် ပြသနာတွေဖြစ်ပါတယ်။

တကယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ပါတီ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုကလွဲပြီး ကျန်ကိစ္စတွေအပေါ် လူထုထောက်ခံမှုကျဆင်းနေတဲ့ သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်နိုင်ခြေရှိနေပါတယ်။

မဲဆန္ဒရှင်တွေဟာ အမတ်နေရာ ၂၅၄ နေရာရှိတဲ့ အမျိုးသားလွှတ်တော်အတွက် မဲတမဲပေးရမှာဖြစ်ပြီး ကျန်ရှိတဲ့ အချိုးကျကိုယ်စားလှယ်နေရာ ၄၆ နေရာကိုဆုံးဖြတ်နိုင်ဖို့ နိုင်ငံရေးပါတီတစ်ခုကိုလည်း မဲပေးရမှာဖြစ်ပါတယ်။မဲရုံတွေကို ဒီနေ့ ဒေသစံတော်ချိန် ၆ နာရီမှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW