မန္တလေးကဗဟိုမဏ္ဍပ် နောက်ကျော ကားနဲ့ဆိုင်ကယ်ထားရာနေရာ ၂ခု ဗုံးကွဲ

ဧပြီ – ၁၄-၂၀၂၄
Voice of myanmar
မန္တလေး ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာဗဟိုမဏ္ဍပ် အနီး ဆိုင်ကယ်ထားရာနေရာမှာ ဆိုင်ကယ်မှာထောင်ထားတဲ့ဗုံးတွေ ၂ နေရာကွဲတာကြောင့် လူ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးပြောပြတာက
” ကျုံးဘေးမဟုတ်ဘူးဗျ ၇၁ လမ်းပေါ် ၂၇လမ်းနဲ့ ၂၈ လမ်းမှာထားခဲ့တဲ့ဆိုင်ကယ်ကနေပေါက်တာ ၂ခါပေါက်တာမှာ လတ်တလော လူ ၁၂ ဦးဒဏ်ရာရတယ်။ကလေး ၅ဦး လူကြီး၇ဦးပါ သေတာမရှိပါဘူး”
မြို့တော်ဝန်မဏ္ဍပ်ရှေ့မှာ ဖြစ်တာမဟုတ်တာကြောင့်တချို့မသိလိုက်ကြဘဲ ကျုံးဘေး တလျှောက်နဲ့ မြို့ထဲတွေမှာ အရင်နှစ်ကထက် လူစည်ကားေနဆဲဖြစ်ပါတယ်။ ဗဟိုမဏ္ဍပ်မှာလည်း ကပြဖျော်ဖြေတာတွေ တိုက်ရိုက်ထုတ်လွှင့်ဆဲဖြစ်ပါတယ်။
သင်္ကြန်မတိုင်ခင် မဏ္ဍပ်ဆောက်လုပ်ဆဲကာလကလည်း ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ၁၀၃ လမ်း မင်္ဂလာမန္တလေးမဏ္ဍပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အေသးစားဗုံးတလုံးကွဲခဲ့ပါသေးတယ်။

Related posts

✕
VOM News

FREE
VIEW