မကွေးတိုင်းမှာ ဘုန်းကြီးတွေ ပစ်သတ်ခံရမှု အဖြစ်များလာ



ဧပြီ ၊ ၁၉ ၊ ၂၀၂၄
SP ( VOM)

အခုရက်ပိုင်းအတွင်း မကွေးတိုင်းမှာ ဘုန်းကြီးတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေ အဖြစ်များလာတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က (ဧပြီ ၁၈ ရက်) မနက်ပိုင်း ၊ ၁၀ နာရီဝန်းကျင်မှာ မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ ထောက် ကြံ့ကွင်းကျေးရွာသုသာန်မှာ ဒေသခံတွေရဲ့ ပင့်ဖိတ်ချက်အရ ဘုန်းကြီး လေးပါး ကြွရောက်တော်မူပြီး သုဿန်မှာ နှစ်သစ်ကူး မေတ္တာဆုတောင်း အမျှဝေပွဲ ပြူလုပ်တယ် ၊ ဆုတောင်းပွဲပြုလုပ်နေချိန် အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ ရောက်လာပြီး ဘုန်းကြီးတွေကို ပစ်ခတ်တယ် ၊ အဲ့ဒါကြောင့် ၊ ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် (၇၃)နှစ်၊ ဝါတော် (၂၂) ဝါ ပျံလွန်တော်မူတယ် ၊ နောက်ပြီး ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကုန္ဒလဇောတိ၊ သက်တော် (၄၅) နှစ်၊ ဝါတော် (၂၅) ဝါ က ဒဏ်ရာရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ သီ တင်းသုံး နေထိုင်တဲ့ စာချဆရာ တော် ဘုန်းကြီးတပါးက

” အခုရက်ပိုင်းမှာ ဘုန်းကြီး လေးပါးအသတ်ခံရတယ် ၊ ဧ​ပြီ ၁၄ ရက်ညပိုင်းက မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ အောင်မြေဇေယျာဘုန်းကြီး ကျောင်းနားက ပေါက်ကွဲမှုဖြစ်စဥ်မှာ ဘုန်းကြီး ဥူးတေဇာနန္ဒနဲ့ ဒုလ္လာဘ ဘုန်းကြီး လူနာမည် ဦးထွန်း လင်းအောင် တို့နှစ်ပါး ပျံတော်မူတယ် ၊ နောက်ပြီး ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းမှာ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ဂျိုင်းမြစ်ဒေသ ၊ သံကလောင်ကျေးရွာမှာရှိတဲ့ သံကလောင်ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဥူးဝါယမ သက်တော် ၆၀ ကျော်အရွယ် ကျောင်းထိုင်ဘုန်းကြီးတပါးလည်း ပစ်သတ်ခံရလို့ ပျံလွန်တော်မူခဲ့တယ် ၊ ပြီးခဲ့တဲ့ မတ် တလထဲမှာ ဘုန်းကြီး ငါးပါးနဲ့ သီလရှင် တပါး ၊ စုစုပေါင်း ခြောက်ပါး အသတ်ခံရတယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေရဲ့ ဖမ်းဆီးခံရတာက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက် နဲ့ သီလရှင် ကိုးပါး ဖြစ်တယ် ၊ အဲ့ဒီထဲက သီလရှင် ငါးပါးကတော့ သူ့တို့နေရပ်က အိမ်တွေမှာ ပြန်ရောက်နေတယ်လို့ ကြားရတယ် ၊ ကျန်တဲ့သူတွေကတော့ အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေဆဲ ဖြစ်တယ် ” လို့ မိန့်တော်မူပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲက သာသနာ့နွယ်ဝင်တွေ အသတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ” မတ် ၁၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ အောင်လံခရိုင် ၊ အောင်လံမြို့နယ် ၊ ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါး ကျောင်းထဲမှာ အသတ်ခံရတယ် ၊ မတ် ၂၅ ရက် ၊ နေ့လယ်ပိုင်းက မွန်ပြည်နယ် ၊ ကျိုက်ထို​မြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်းမှာ သီတင်းသုံးနေတဲ့ သက်တော် ၄၇ နှစ်၊ ဝါတော်(၁၈)ဝါရှိ ဘုန်းကြီး ဉူးစန္ဒိမာ ပစ်သတ်ခံရတယ် ၊ မတ်လ ၂၈ ရက် နံနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာမှာရှိတဲ့ ဒက္ခိဏရာမဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေတဲ့ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ဥက္ကဌ သက်တော်(၄၇) နှစ်၊ ဝါတော်(၂၅)ဝါ ဆိုသူ၊ ကျောင်းထဲမှာ အသတ်ခံရတယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာအနားမှာရှိတဲ့ မှန်ခြေရင်းတောင်တောရကျောင်းမှာ သီးတင်းသုံးနေတဲ့ ဆရာတော် ဘဒ္ဒန္တ ပညာစာရ သက်တော်(၅၅)နှစ်၊ ဝါတော်(၁၀)ဝါ သတ်ခံရတယ် ၊ အဲ့ဒီ ဆရာတော် ပညာစာရကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းခေါ်သွားပြီး မြင်းတဲကြီးကျေးရွာနားက လမ်းပေါ်မှာ တပ်မတော်ယူနီဖောင်းအင်္ကျီနဲ့ ရဲတပ်ဖွဲ့ယူနီဖောင်း ဘောင်းဘီတို့နဲ့ လူဝတ်လဲပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတယ် ၊ ဒါ့အပြင် အဲ့ဒီ မတ် ၂၉ ရက် ၊ နေ့လယ်ပိုင်းမှာ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို၊ ကိုးဆောင်းကျောင်းတိုက် ၊ ဓမ္မရိပ်သာဆောင်မှာ သီတင်းသုံးနေတဲ့ သီလရှင် ဆရာကြီး ဒေါ်စိတ္တ သက်တော် ၅၀ ၊ ဝါတော် ၃၀ (ငယ်ဖြူ) ပစ်သတ်ခံရပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဘုန်းကြီး နှစ်ပါး ၊ ကိုရင် နှစ်ပါး ၊ ကပ္ပိယ သုံးယောက်နဲ့ သီလရှင် ဆရာလေး ကိုးပါး ၊ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဲ့ဒီ ဖမ်းခံရတဲ့အထဲက သီလရှင် ဆရာလေး ငါးပါး ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၁၁ ယောက်ဟာ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်” လို့ ပခုက္ကူ စာချဆရာတော်က မိန့်တော်မူပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း သာသနာ့အနွယ်ဝင် ရဟန်းသံဃာ့တချို့ဟာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်တယ်လို့ သိရပါတယ်။

” နိုင်ငံရေးဖြစ်စဥ်တွေမှာ တက်ကြွလှုပ်ရှားတဲ့ ဆရာတော်တွေရှိတယ် ၊ အဲ့ဒါက စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ သပြေအေးကျေးရွာက သပြေအေး ကျောင်းတိုက်ဆရာတော် ဥူးသောပါက ဆိုတဲ့ ကိုယ်တော်က လက်ရှိ ယင်းမာပင်ခရိုင် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ကို ဗိုလ်သံမဏိ နာမည်နဲ့ ဦးဆောင်လှုပ်ရှားတယ် ၊ နောက်ပြီး ကန့်ဘလူမြို့နယ် ၊ မှော်တော်ကျေးရွာက ဆရာတော် ဥူးဝါသဝ ဆိုတဲ့ ကိုယ်တော်က ၅၅၀ ဆရာတော်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်တယ် “လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးဟာ ရွှေဘိုမှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုပွဲမှာ ပါဝင်ဦးဆောင်ခဲ့တာကြောင့် အဲ့ဒီ ဘုန်းကြီးနဲ့ ဘုန်းကြီးရဲ့ မိဘနှစ်ယောက်ကို ဒေသတွင်း လက် နက်ကိုင် PDF အဖွဲ့တွေက တဂဏန်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၊ အဲ့ဒီ တဂဏန်ရွာ အဝင်ရောက်မှာ ဘုန်းကြီး ဥူးဝိလာသကို လူဝတ်လဲပေးပြီး ထွက်ပြေးခိုင်းကာ နောက်ကနေ သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

Photo: Wiki

Related posts

Leave a Comment

VOM News

FREE
VIEW