အိန္ဒိယ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများ စတင်

ဒေလီ ၊ ဧပြီ-၁၉-၂၀၂၄
မျိုးဆက်(VOM)
ကမ္ဘာပေါ်မှာ အကြီးဆုံးရွေးကောက်ပွဲအဖြစ် သတ်မှတ်ရတဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်မှာ စတင်ကျင်းပနေပြီး ဆန္ဒမဲပေးသူတွေဟာ မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။
ရွေကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၇၀ ရှိနေပြီး သတ္တမအဆင့်နဲ့ နောက်ဆုံးအဆင့် မဲပေးခြင်းကို ဇွန် ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အာဏာရ ဘီဂျေပီပါတီမှ ဝန်ကြီးချုပ်မိုဒီဟာ တတိယသက်တမ်း ပြန်လည်ရွေးချယ်ခံရဖို့ ကြိုးပမ်းနေပါတယ်။
မိုဒီအစိုးလက်ထက်မှာ အိန္ဒိယနိုင်ငံရဲ့ ဂျီဒီပီဟာ ကမ္ဘာ့ပဉ္စမမြောက်အဆင့်ထိ တိုးလာပြီး ၂၀၂၇ ခုနှစ်အစောပိုင်းမှာ တတိယအဆင့်ထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း အာဏာရ ဘီဂျေပီပါတီက ပြောပါတယ်။
ဒါပေမယ့် အတိုက်အခံတွေကမူ မိုဒီအစိုရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာမှာ မညီမျှမှုများရှိနေကြောင်း စွပ်စွဲထားပြီး အစိုးရက လူငယ်များအတွက် လုံလောက်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခြင်းမရှိလို့ ဆိုပါတယ်။
အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီကို ဗဟိုပြုနေတဲ့ အတိုက်အခံမဟာမိတ်အဖွဲ့ကလည်း အစိုးရဖွဲ့ခွင့်ရရှိရေး ရည်မှန်းနေပါတယ်။ ဒီရွေးကောက်ပွဲဟာ ဝန်ကြီးချုပ်ဟောင်းရာဂျစ်ဂန္ဒီရဲ့ သားသမီးတွေဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ နဲ့ လက်ရှိဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီတို့ အဓိကအားပြိုင်ကြမယ့် ရွေးကောက်ပွဲလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို တော့ ဇွန် ၁ ရက်မှာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
Ref:NHK
Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW