ဧပြီ ၂၆၊ ၂၀၂၄Shy V VOM)တရုတ်နယ်စပ်ရောက် နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြည်တော်ပြန် စာရင်းသွင်းရမယ်လို့ တရုတ်ရဲတွေက လိုက် အသိပေးနေကြောင်း တရုတ် နယ်စပ်ရောက် မြန်မာ နိုင်ငံသားတွေဆီက သိရပါတယ်။“ပြန်ရမယ်တဲ့။ မနေ့ည ကတည်းက ရဲစခန်းက လာပြောတယ် ဒီ ၂၈ ရက်နေ့ နောက်ဆုံး ရဲစခန်းမှာ စာရင်းလာထည့်ဖို့ ပြောတယ်။ မြန်မာနိုင်ငံသား အားလုံး နေထိုင်ခွင့် သက်တမ်းကုန် သွားတဲ့ သူတွေ။ တပတ်ကဒ် သက်တမ်း လွန်သူတွေရော စာအုပ်အဟောင်း သက်တမ်းလွန်နေသူတွေရော ဒီ ၂၈ ရက်နေ့ စာရင်း လာသွင်းရမယ်ပြောတယ်။ စာရင်း မသွင်းပဲနဲ့ သူတို့ အိမ်တိုင်း လာစစ်လို့မိရင် ပြည်ဝင်ခွင့် ၅ နှစ်ပိတ်ပြီး တခါထဲ ဖမ်းပို့ မှာတဲ့။”…
Read MoreDay: April 26, 2024
ယနေ့ ရွှေဈေး (ဧပြီ – ၂၆ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၄၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreလှည်းတန်း တံတားပေါ်ကနေ အမျိုးသမီးငယ်တယောက် ခုန်ချမှုဖြစ်ပွား
ဧပြီ ၂၆ – ၂၀၂၄ SN (VOM) ဒီကနေ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်ကနေ အမျိုးသမီးငယ်တယောက် ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းဆီက သိရပါတယ်။ “ခုန်ချတာကတော့ ၁၂ နာရီ၊ ၁၀ မိနစ်လောက်ကလို့ သိရတယ်။ ကျွန်တော်တို့ဆီ ဖုန်းသတင်းဝင်တာတော့ ၁၂ နာရီ ၁၄ မိနစ်မှာ။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာတော့ လူနာက ညာဘက်ခြေထောက် ဒူးခေါင်းကနေ လည်ထွက်သွားတဲ့ အခြေအနေရှိတယ်။ ပြီးတော့ ခုန်ချတဲ့ဒဏ်ကြောင့် ကျောကုန်းတို့၊ ဇတ်ပိုးတို့၊ နေရာတချို့ နာကျင်တာတွေရှိတယ်။ လူနာက သတိတွေဘာတော့ အနည်းငယ် ကောင်းမွန်တယ်” လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက တာဝန်သူတယောက်က ပြောပါတယ်။ တံတားပေါ်က ခုန်ချခဲ့သူဟာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိပြီး အနာဂတ်အလင်းတန်း ပရဟိတအသင်းအနေနဲ့…
Read MoreTikTok က ရှယ်ယာတွေ ရောင်းချမှာမဟုတ်ဘဲ အမေရိကန်အစိုးရကို ဥပဒေကြောင်းအရ ရင်ဆိုင်မယ်
ဝါရှင်တန်၊ ဧပြီ-၂၆-၂၀၂၄မျိုးဆက်(VOM)လူကြိုက်များတဲ့ ဗီဒီယိုအက်ပလီကေးရှင်းဖြစ်တဲ့ TikTok ရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ဒါမှမဟုတ်ရင် အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေတရပ်ကို ပြဌာန်းလိုက်ပေမယ့် ရှယ်ယာတွေရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ TikTok ကိုပိုင်ဆိုင်တဲ့ ဘိုက်ဒန့်ကုမ္ပဏီက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။“ ဘိုက်ဒန့် ကုမ္ပဏီအနေနဲ့ TikTok ကို ရောင်းချဖို့ အစီအစဉ်မရှိဘူး” ကုမ္ပဏီက ပြောပါတယ်။ ဒီလိုဥပဒေပြဌာန်းလိုက်တာဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောဆိုထားပြီး ဥပဒေကြောင်းအရ ရင်ဆိုင်မယ်လို့ ဆိုပါတယ်။TikTok ကိုရောင်းချဖို့ လုပ်ဆောင်နေကြောင်း သတင်းတွေထွက်ပေါ်လာတာဟာ ကောလဟာလတွေသာ ဖြစ်တယ်လို့ ဘိုက်ဒန့်ကုမ္ပဏီက ပြောပါတယ်။ TikTok ကိုရောင်းချဖို့ သို့မဟုတ် တားမြစ်ပိတ်ပင်မယ့် ဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၂၄ ရက်မှာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။တရုတ်အစိုးရဟာ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် တင်းကျပ်စွာထိန်းချုပ်မှုတွေရှိနေတာကြောင့် TikTok ပိုင်ရှင် ဘိုက်ဒန့်ကုမ္ပဏီအပေါ် ဘယ်လိုထိန်းချုပ်နေလည်းဆိုတာနဲ့ အချက်အလက်လွှဲပြောင်းပေးနိုင်ခြေတွေအပေါ်…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၆ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး-၂၆ – ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 140000/ 145000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300/ကုလားပဲလုံးV2…
Read Moreစံချိန်တင်အပူဆုံးဖြစ်နေတဲ့ မကွေးတိုင်းအပါအဝင် ဒေသငါးခုမှာ နေ့အပူချိန်ဆက်တိုးမယ်ဧပြီ ၂၆ – ၂၀၂၄SN (VOM)စံချိန်တင်အပူဆုံးဖြစ်နေတဲ့ မကွေးတိုင်းအပါအဝင် ဒေသတချို့မှာ နေ့အပူချိန်တွေ ဆက်လက် တိုးလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနေ့ ဧပြီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။နေ့အပူချိန် တိုးလာနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုတို့ဖြစ်ပြီး လက်ရှိ အပူချိန်ထက် ၁ ဒီဂရီ စင်တီဂရိတ် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။“အပူချိန်တွေက အများဆုံးတက်လည်း ၁ ဒီဂရီလောက်၊ လက်ရှိအနေအထားထက် နည်းနည်းလေးပဲတက်မှာပေါ့။ လာမယ့် နှစ်ရက်၊ သုံးရက်လောက်၊ ဧပြီ ၂၆ ရက်ကနေ ၂၈ ရက် အတွင်းမှာပါ။ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ အလယ်ပိုင်းဒေသတွေမှာ အပူချိန် နည်းနည်းလေး ထပ်မြင့်လာနိုင်တယ်” လို့ မိုး/ဇလဌာန ညွှန်ကြားရေးမှူး…
Read Moreမြဝတီမြို့တောင်ဘက် လေးကေ့ကော်၊ လက်ခတ်တောင်ဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်
ရန်ကုန်၊ ဧပြီ ၂၆ – ၂၀၂၄GG (VOM)ကရင်ပြည်နယ်၊ မြဝတီမြို့ပြင် လက်ခတ်တောင် နဲ့ လေးကေ့ကော်ဘက်မှာ တိုက်ပွဲ ပြန်ဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းပစ်ကူမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” ညကတည်း ကပစ်ခတ်သံတွေကြားရတယ်။မြဝတီနဲ့က ဝေးတယ်ဆိုပေမယ့် ညကလူခြေတိတ်တော့ကြားရတယ်။ခုမနက်ပိုင်းတော့ အသံတွေသိပ်မကြားရဘူး။မြဝတီကတော့ငြိမ်နေပါတယ်။ခုကလေးကေ့ကော်ဘက်ဖြစ်နေတာပါ ” လို့ မြဝတီဒေသခံကပြောပါတယ်။မနေ့က ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ နစကဘက်က လေကြောင်း ပစ်ခတ်မှုရှိပြီး လက်နက်ကြီး ပစ်ခတ်ပေါက်ကွဲသံတွေ ကြားခဲ့ရတာဖြစ်ကြောင်း ဒီကနေ့ဧပြီ ၂၆ ရက်မှာတော့ ပစ်ခတ်တာမျိုးမရှိဘဲ ငြိမ်နေတယ်လို့သိရပါတယ်။” ညက လေကြောင်းပစ်ခတ်မှုတွေရှိခဲ့တယ်။ ခုမနက်တော့ ငြိမ်နေတယ်၊ ပစ်ခတ်သံတွေမကြားရဘူး။ဒီဘက်မှာတိုက်ပွဲတွေမဖြစ်တာတော့ကြာပြီ၊အခုပြန်ပြီး ပစ်ခတ်တာဖြစ်တယ်ပြောရမယ် ” လို့ လေးကေ့ကော်တိုက်ပွဲတွေကြောင့် နှစ်ချီကြာစစ်ရှောင်နေရသူတယောက် ကပြောပါတယ်။လေးကေ့ကော်ဒေသမှာ နစက တပ်တွေနဲ့ KNU တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့ ၂၀၂၁ ထဲက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြားထဲမှာ တိုက်ပွဲဖြစ်လိုက်…
Read Moreနှစ်နိုင်ငံ ဆက်ဆံရေးမှာ သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းတွေကို မကျော်မိစေဖို့ အမေရိကန်ကို တရုတ်သတိပေး
ပေကျင်း၊ ဧပြီ-၂၆၂-၂၄မျိုးဆက်(VOM)အမေရိကန်နဲ့အနေနဲ့ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းတွေကို မကျော်မိစေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ ပေကျင်းမှာ တွေ့ဆုံစဉ် သတိပေးလိုက်ပါတယ်။“ တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ တည်ငြိမ်မှုတွေနဲ့အတူ အတူရှေ့ဆက်သွားသင့်သလား ဒါမှမဟုတ် အရင်လို တင်းမာမှုတွေဆီကို ပြန်သွားသင့်သလား” ဆိုတဲ့ မေးခွန်းနဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစည်းအဝေးကို စတင်ခဲ့ပါတယ်။တရုတ်-အမေရိကန်ဆက်ဆံရေးဟာ တည်ငြိမ်စပြုနေပြီဖြစ်ပေမယ့် အနှုတ်လက္ခဏာဆောင်တဲ့ အချက်တွေနဲ့ စမ်းသပ်ခံနေရဆဲဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။ တရုတ်နိုင်ငံဟာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနီရောင်မျဉ်းချမှတ်ထားပြီး ဒါကိုကျော်မလာဖို့ အမေရိကန်ကို သတိပေးထားပါတယ်။“ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အနှုတ်လက္ခဏာဆောင်တဲ့အချက်တွေ တိုးလာနေဆဲဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ အနှောက်အယှက်မျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်” လို့ ဝမ်ယီကပြောပါတယ်။တရုတ်နဲ့ အမေရိကန်တို့အနေဖြင့် တက်ကြွသော သံခင်းတမန်ခင်းနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်ရန် တူညီသော တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုသည်။ဘလင်ကင်ရဲ့ တနှစ်အတွင်း ဒုတိယမြောက်…
Read Moreကျောက်ဆည်မြို့က အိုးဝေတစီးနဲ့ ယာဥ်မောင်းတဦး အဆက်အသွယ်မရ ပျောက်ဆုံး
ကျောက်ဆည်၊ ဧပြီ – ၂၆- ၂၀၂၄SA(VOM)မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးရှေ့မှာ ဂိတ်ထိုးတဲ့ အိုးဝေယာဥ်မောင်းတဦး ဧပြီ လ ၁၉ ရက်နေ့က ယာဥ်အငှားလိုက်သွားရင်းကနေ ဒီကနေ့အချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ပျောက်ဆုံးနေသူ ကိုအောင်ကိုကို ဟာ ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆည်ဆေးရုံရှေ့မှာရှိတဲ့ အိုးဝေဂိတ်မှာ စစ်ကိုင်းမြို့ကို အောက်စီဂျင်အိုးပို့ချင်တယ်ဆိုပြီး အမျိုး သားနှစ်ယောက်က အိုးဝေလာငှားလို့ လိုက်သွားပြီးကတည်းက အဆက်အသွယ်မရတော့တာလို့ အိုးဝေဂိတ်က ယာဥ်မောင်တဦးက ပြောပါတယ်။” စဥ့်ကိုင်တိုးဂိတ်အထွက်မှာတော့ CCTV မှတ်တမ်းအရ သူ့ဘေးကနေ ညှပ်ပြီးထိုင်လိုက်သွားတဲ့ အနေအ ထားတွေ့ရတယ်၊ အနောက်မှာတော့ အောက်စီဂျင်အိုးတင်ထားတာ မတွေ့ရဘူး” လို့ ကိုအောင်ကိုကို ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။အိုးဝေယာဥ်အမှတ် MDY 12 U/4403 ယာဥ်တစီးနဲ့အတူ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကိုအောင်ကိုကို ကို ဒီကနေ့အချိန်ထိ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၆ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၀၀ ကျပ်ဝယ်ဈေး – ၃၈၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၇၀ ကျပ်ဝယ်ဈေး – ၂၈၂၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၂ ကျပ်ဝယ်ဈေး – ၈၇၂ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၃၅ ကျပ်ဝယ်ဈေး – ၅၂၅ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၅၉ ကျပ်ဝယ်ဈေး – ၂၅.၀၅ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၇၅ ကျပ်ဝယ်ဈေး – ၄၆.၇၅ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၈ ကျပ်ဝယ်ဈေး – ၂.၈၂ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၆၁ ကျပ်ဝယ်ဈေး…
Read More