Seasonal Worker သင်တန်းတက်ရောက်သူတွေကို ကိုရီးယားသွားရမယ်လို့ အာမခံထားတာ မရှိဘူးလို့ SWTCC ဥက္ကဌပြော ဧပြီ ၂၈-၂၀၂၄ Seasonal Workers Training And Care Center(SWTCC) မှာ သင်တန်းတက်ရောက်နေ​တဲ့ သင်တန်းသားတွေကို ရာသီ ချိန်လုပ်သားအဖြစ် ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ရမယ်လို့ အာမခံထားတာ မရှိဘူးလို့ SWTCC ဥက္ကဌ ဦးဝင်းမြင့်က VOMသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံစဥ် ပြောကြားခဲ့တာပါ။ “ကျနော်တို့ အလုပ်ရမယ်ဆိုပြီး မပြောဘူး။ကျနော် အလုပ်ရမယ်ဆိုပြီး ခေါ်ထားတာမဟုတ်ဘူး။ G to G အဆင့်ကို နောက်ဆုံးဘယ်လောက်ထိရောက်နေပြီပဲပြောတာ။ ကျနော်တို့ဟာက ကိုရီးယားကို သွားရပါမယ်ဆိုပြီး သင်တန်းဖွင့်ထားတယ်ဆိုတဲ့ အထောက်အထားမရှိဘူး”လို့ ပြောပါတယ်။ SWTCC ဥက္ကဌ ဦးဝင်းမြင့်ရဲ့ ပြောစကားဟာ တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ စကားဖြစ်တယ်လို့ SWTCCအဖွဲ့ဝင်တဦးက ဆိုပါတယ်။ “ကိုရီးယားကို မသွားရဘဲ ဘယ်လိုလူက ဒီသင်တန်းကိုတက်ကြမလဲ။ သင်တန်းခေါ်ကတည်းက လက်ကမ်းစာစောင်မှာ ကိုရီးယားမှာလုပ်ရမယ့်အလုပ်၊ ရမယ့်လစာ၊ အလုပ်ချိန် တိတိကျကျရေးပြီး သင်တန်းသားအားလုံးကို စာစောင်တွေဝေထားတာလေ။ အခုမှ တာဝန်မဲ့စကားပြောတော့ အမျိုးမျိုးကြိုးစားပြီး သင်တန်းတက်ထားရတဲ့ ကလေးတွေ နစ်နာတာပေါ့”လို့ သူကဆိုပါတယ်။ ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်ဖို့အတွက် ကိုရီးယားက ရာသီချိန်လုပ်သားခေါ်ယူရင် ​အဆင်သင့်စေလွှတ်နိုင်ဖို့ SWTCCက ကျွမ်းကျင်မှုသင်တန်းတွေပေးနေတာပါ။ SWTCC ကဖွင့်လှစ်ထားတဲ့ သင်တန်းက တစ်ဦးကို သင်တန်းကြေး ၃၅၀၀၀၀ ကျပ်ဖြစ်ပြီး ၊ လူဦးရေ တစ်သောင်းနှစ်ထောင်ကျော် သင်တန်းဆင်းထားပြီးဖြစ်တယ်လို့ SWTCCက သိရပါတယ်။ “သင်တန်းကရတဲ့ အကျိုးအမြတ်က သိန်းသောင်းနဲ့ချီရှိတယ်။ လူတယောက်ကို ၃သိန်းခွဲယူထားတာ။ ၅ရက်ပဲသင်တာလေ။ လူတယောက်ကို ၁သိန်းခွဲက အလွန်ဆုံးကုန်တာ။ သင်တန်းသားတယောက်ကို ၂သိန်းနီးပါးအမြတ်ကျန်တယ်။ Mr,Li နဲ့ ကြံခိုင်ရေးကိုလည်း အမြတ်ခွဲမပေးရဘူး။ အကျိုးအမြတ်ကို ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဒုဥက္ကဌ ကိုလှဝင်းရွှေတို့ပဲ စီစဥ်ကြတာ။ SWTCCမှာ ကော်မတီဝင် ၆ယောက်မှာ ၄ယောက်က ဘာမှမရကြဘူး”လို့ သူကဆက်ပြောပါတယ်။ ပြင်ပစျေးကွက်မှာတော့ Seasonal Worker သင်တန်းအမြန်ဆုံးတက်ရဖို့အတွက် ပွဲစားတွေနဲ့ချိတ်ဆက်ရကာ၊ အများစုက ငွေကျပ် ၆သိန်းကနေ သိန်း ၈၀ကျော်အထိပေးပြီး သင်တန်းတက်ရောက်နေကြရတာပါ။ ဒါပေမယ့် ခုချိန်ထိတော့ ကိုးရီးယားနိုင်ငံက ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်တာ မရှိသေးပါဘူး။ “ပိုက်ဆံကုန်ခံပြီးသင်တန်းတက်ထားရတယ်။ကိုရီးယားက ခေါ်/မခေါ်မသိသေးဘူး။ ခေါ်တောင်လူတွေက အများကြီး။နှစ်နှစ်အတွင်းတောင် ထွက်ရဖို့မသေချာဘူး။ ဒီလိုအခြေအနေမှာတောင် SWTCCရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က ခုလို စကားပြောတယ်ဆိုတော့ အတော်စိတ်ပျက်မိတယ်”လို့ ရာသီချိန်လုပ်သား လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတဲ့ လူငယ်တဦးကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူး ဦးစိုးနိုင်က- “အလုပ်သမားအရေးနဲ့ပတ်သက်ပြီး နစ်နာသူကတိုင်ကြားရင် ဥပေဒအရစစ်ဆေးပြီး အရေးယူဆောင်ရွက်မယ်”လို VOMကို ပြောပါတယ်။ ကိုရီးယားနိုင်ငံက ရှစ်လအလုပ်လုပ်၊ လေးလနားရတဲ့ ရာသီချိန်လုပ်သားခေါ်ယူဖို့ ကြန့်ကြာရပ်တန့်နေတာဟာ မြန်မာဘက်မှာ နိုင်ငံရေးပါတီတစ်ခုပါဝင်နေလို့ ​ကိုရီးယားတရားရေးဝန်ကြီးဌာနက မခေါ်ယူတာလို့ ပြည်တွင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။



ဧပြီ ၂၈-၂၀၂၄

Seasonal Workers Training And Care Center(SWTCC) မှာ သင်တန်းတက်ရောက်နေ​တဲ့ သင်တန်းသားတွေကို ရာသီ ချိန်လုပ်သားအဖြစ် ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ရမယ်လို့ အာမခံထားတာ မရှိဘူးလို့ SWTCC ဥက္ကဌ ဦးဝင်းမြင့်က VOMသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံစဥ် ပြောကြားခဲ့တာပါ။

“ကျနော်တို့ အလုပ်ရမယ်ဆိုပြီး မပြောဘူး။ကျနော် အလုပ်ရမယ်ဆိုပြီး ခေါ်ထားတာမဟုတ်ဘူး။ G to G အဆင့်ကို နောက်ဆုံးဘယ်လောက်ထိရောက်နေပြီပဲပြောတာ။ ကျနော်တို့ဟာက ကိုရီးယားကို သွားရပါမယ်ဆိုပြီး သင်တန်းဖွင့်ထားတယ်ဆိုတဲ့ အထောက်အထားမရှိဘူး”လို့ ပြောပါတယ်။

SWTCC ဥက္ကဌ ဦးဝင်းမြင့်ရဲ့ ပြောစကားဟာ တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ စကားဖြစ်တယ်လို့ SWTCCအဖွဲ့ဝင်တဦးက ဆိုပါတယ်။

“ကိုရီးယားကို မသွားရဘဲ ဘယ်လိုလူက ဒီသင်တန်းကိုတက်ကြမလဲ။ သင်တန်းခေါ်ကတည်းက လက်ကမ်းစာစောင်မှာ ကိုရီးယားမှာလုပ်ရမယ့်အလုပ်၊ ရမယ့်လစာ၊ အလုပ်ချိန် တိတိကျကျရေးပြီး သင်တန်းသားအားလုံးကို စာစောင်တွေဝေထားတာလေ။ အခုမှ တာဝန်မဲ့စကားပြောတော့ အမျိုးမျိုးကြိုးစားပြီး သင်တန်းတက်ထားရတဲ့ ကလေးတွေ နစ်နာတာပေါ့”လို့ သူကဆိုပါတယ်။

ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်ဖို့အတွက် ကိုရီးယားက ရာသီချိန်လုပ်သားခေါ်ယူရင် ​အဆင်သင့်စေလွှတ်နိုင်ဖို့ SWTCCက ကျွမ်းကျင်မှုသင်တန်းတွေပေးနေတာပါ။ SWTCC ကဖွင့်လှစ်ထားတဲ့ သင်တန်းက တစ်ဦးကို သင်တန်းကြေး ၃၅၀၀၀၀ ကျပ်ဖြစ်ပြီး ၊ လူဦးရေ တစ်သောင်းနှစ်ထောင်ကျော် သင်တန်းဆင်းထားပြီးဖြစ်တယ်လို့ SWTCCက သိရပါတယ်။

“သင်တန်းကရတဲ့ အကျိုးအမြတ်က သိန်းသောင်းနဲ့ချီရှိတယ်။ လူတယောက်ကို ၃သိန်းခွဲယူထားတာ။ ၅ရက်ပဲသင်တာလေ။ လူတယောက်ကို ၁သိန်းခွဲက အလွန်ဆုံးကုန်တာ။ သင်တန်းသားတယောက်ကို ၂သိန်းနီးပါးအမြတ်ကျန်တယ်။ Mr,Li နဲ့ ကြံခိုင်ရေးကိုလည်း အမြတ်ခွဲမပေးရဘူး။ အကျိုးအမြတ်ကို ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဒုဥက္ကဌ ကိုလှဝင်းရွှေတို့ပဲ စီစဥ်ကြတာ။ SWTCCမှာ ကော်မတီဝင် ၆ယောက်မှာ ၄ယောက်က ဘာမှမရကြဘူး”လို့ သူကဆက်ပြောပါတယ်။

ပြင်ပစျေးကွက်မှာတော့ Seasonal Worker သင်တန်းအမြန်ဆုံးတက်ရဖို့အတွက် ပွဲစားတွေနဲ့ချိတ်ဆက်ရကာ၊ အများစုက ငွေကျပ် ၆သိန်းကနေ သိန်း ၈၀ကျော်အထိပေးပြီး သင်တန်းတက်ရောက်နေကြရတာပါ။

ဒါပေမယ့် ခုချိန်ထိတော့ ကိုးရီးယားနိုင်ငံက ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်တာ မရှိသေးပါဘူး။

“ပိုက်ဆံကုန်ခံပြီးသင်တန်းတက်ထားရတယ်။ကိုရီးယားက ခေါ်/မခေါ်မသိသေးဘူး။ ခေါ်တောင်လူတွေက အများကြီး။နှစ်နှစ်အတွင်းတောင် ထွက်ရဖို့မသေချာဘူး။ ဒီလိုအခြေအနေမှာတောင် SWTCCရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က ခုလို စကားပြောတယ်ဆိုတော့ အတော်စိတ်ပျက်မိတယ်”လို့ ရာသီချိန်လုပ်သား လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတဲ့ လူငယ်တဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူး ဦးစိုးနိုင်က- “အလုပ်သမားအရေးနဲ့ပတ်သက်ပြီး နစ်နာသူကတိုင်ကြားရင် ဥပေဒအရစစ်ဆေးပြီး အရေးယူဆောင်ရွက်မယ်”လို VOMကို ပြောပါတယ်။

ကိုရီးယားနိုင်ငံက ရှစ်လအလုပ်လုပ်၊ လေးလနားရတဲ့ ရာသီချိန်လုပ်သားခေါ်ယူဖို့ ကြန့်ကြာရပ်တန့်နေတာဟာ မြန်မာဘက်မှာ နိုင်ငံရေးပါတီတစ်ခုပါဝင်နေလို့ ​ကိုရီးယားတရားရေးဝန်ကြီးဌာနက မခေါ်ယူတာလို့ ပြည်တွင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW