နေပြည်တော် အေလာတပ်နယ်နားမှာ တပတ်အတွင်း လေကြောင်းစနစ်နဲ့ နှစ်ကြိမ်တိုက်ခိုက်ခံရ

ဧပြီ ၊ ၁၁ ၊ ၂၀၂၄ SP+KT ( VOM) ပြီးခဲ့တဲ့ ဧပြီ ၄ ရက်စလို့ ဒီကနေ့အထိ နေပြည်တော် အေလာ တပ်နယ်နားမှာ တပတ်အတွင်း တိုက်ခိုက်ခံရမှုဖြစ်စဥ် နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် ၅ နာရီဝန်းကျင်က အေလာတပ်နယ်ဘက်မှာ ရှော့တိုက်ဒုံး လေးငါးလုံးနဲ့ တိုက်ခိုက်ခံရတယ် ၊ ကနဦး ကြားရတာက ရှော့တိုက်ဒုံး ငါးလုံးနဲ့ အနက် မပေါက်ကွဲတဲ့ လေးလုံး သိမ်းဆည်းရမိပြီး ၊ ကျန်တလုံးကတော့ ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲပျက်စီးမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်၊ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း ၊ အေလာတပ်နယ်ကို အသေခံဒရုန်း တဒါဇင်မကနဲ့ တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ ဖြစ်စဥ်နဲ့ဆိုရင်…

Read More

မန္တလေးမှာ အိုးဝေမောင်းသူကို သတ်ပြီး အိုးဝေလုယူခံရမှုဖြစ်

မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ မနေ့ ဧပြီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီးလုယူခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အိုးဝေးမောင်းတဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ဇင်ဝင်း(ခ) ကျော်ကြီးဟာ လည်ပင်းပြတ်ရှဓာဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။ “နေ့လယ်မှာ အိမ်ပြန်ထမင်းမစားလို့ မိသားစုက ဖုန်းဆက်တဲ့အခါ ဖုန်းမကိုင်ပဲ ချပစ်လို့ ဖုန်းအားကုန်တယ်ထင်ပြီး ဆက်မခေါ်ပဲထားရာက ညနေအထိ အဆက်အသွယ်မရလို့ လိုက်ရှာကြတော့ ညနေပိုင်း သတင်းတွေ့တော့မှာ ရင်ခွဲရုံကို ရောက်နေတာသိရတာပါ”လို့ ကိုကျော်ဇင်ဝင်းရဲ့ မိတ်ဆွေတဦးက လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ သေဆုံးသူ ကိုကျော်ဇင်ဝင်းရဲ့ ရုပ်အလောင်းကို ဧပြီ ၁၁…

Read More

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ သဘောတူ

ဝါရှင်တန်၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ နှစ်နိုင်ငံအကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ ဧပြီ ၁၀ ရက်မှာ ကတိပြုလိုက်ကြပါတယ်။ ဝါရှင်တန်မှာပြုလုပ်တဲ့ သူတို့နှစ်ယောက်ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကြေညာခဲ့တဲ့ အစီအစဉ်တွေမှာ ဩစတြေးလျနဲ့ လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တခု ဖြန့်ကြက်ဖို့လည်း ပါဝင်ပါတယ်။ ဒါအပြင် လကမ္ဘာကို လူသားတွေပြန်လည်စေလွှတ်မယ့် အမေရိကန်ရဲ့ လကမ္ဘာခရီးစဉ်မှာ ဂျပန်အာကာသယာဉ်မှူးတယောက် ပါဝင်ခွင့်ရမှာ ဖြစ်ပြီး အဆိုပါအစီအစဉ် အောင်မြင်ခဲ့ပါကလကမ္ဘာပေါ်ကို အမေရိကန်မဟုတ်တဲ့ ပထမဆုံးအာကာသယာဉ်မှူးဖြစ်လာမှာဖြစ်ပါတယ်။ နှစ်နာရီကြာဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ယောက် အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ အပြင် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနှင့်ပတ်သက်ပြီးလည်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှု သဘောတူညီချက်တွေအရ အမေရိကန်စစ်တပ်ဟာ ဂျပန်စစ်တပ်နဲ့ ပူးတွဲကွပ်ကဲမှု ဌာနတခုကိုထူထောင်မှာ ဖြစ်ပြီးဩစတြေးလျနဲ့ အတူဒေသတွင်းမှာ ပူးတွဲလေကြောင်းကာကွယ်ရေးကွန်ရက် ဖော်ဆောင်အပြင် ဗြိတိန်နှင့်အတူသုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖိုကိုလည်းသဘောတူခဲ့ကြပါတယ်။ Ref:BBC Photo:Getty Images

Read More

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ရပ်တန့်နိုင်မှာမဟုတ်ကြောင်း တရုတ်သမ္မ ရှီကျင်းပင်ပြော

ပေကျင်း၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ရပ်တန့်လို့ရမှာမဟုတ်ကြောင်းနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ထိုင်ဝမ်သမ္မတဟောင်း မာရင်ရွှေနဲ့ တွေ့ဆံရာမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာရင်ရွှေဟာ တရုတ်နိုင်ငံကို လာရောက်တဲ့ ပထမဆုံး ထိုင်ဝမ်ခေါင်းဆောင်ဟောင်းဖြစ်ပြီး လက်ရှိခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ “ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေက နိုင်ငံနဲ့ မိသားစုန ပြန်လည်ပေါင်းစည်းရေး သမိုင်းဝင်လမ်းကြောင်းကို ရပ်တန့်လို့မရဘူးလို့ “ ရှီကျင်းပင်က ပြောဆိုခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရေလက်ကြားနှစ်ဘက်ရှိ လူမျိုးများမှာ တရုတ်လူမျိုးတွေသာဖြစ်ပြီး မဖြေရှင်းနိုင်တဲ့ ဒေါသတွေနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာတွေမရှိကြောင်းနဲ့ ခွဲထုတ်နိုင်တဲ့ အင်အားမျိုးမရှိဘူးလို့ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးပြီး လက်ရှိမှာလည်း စစ်ရေးဖိအားတွေ…

Read More

မြဝတီတိုက်ပွဲကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-၂ ပိတ်ပြီ

မြဝတီ ၊ ဧပြီ ၁၁ – ၂၀၂၄ GG(VOM) မြဝတီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် -၂ ကို ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စတင်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အမှတ် -၂ချစ်ကြည်ရေးတံတား ကို ခုမနက် ၁၀ နာရီခွဲကျော်လောက်မှာ ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ ကားတွေအပါအဝင်ဘာမှဖြတ်သန်းခွင့်မပေးတော့တာဖြစ်တယ်လို့သိရပါတယ်။ ” အမှတ် ၂ တံတားကတော့ပိတ်သွားပြီး၊မနက်အစောပိုင်းဖွင့်ပြီးပိတ်သွားတာ၊ ကုန်စည်ကားကိုအဝင်မခံတော့ပါဘူး။ဘယ်နေ့ပြန်ဖွင့်မလဲ မသိပါဘူး ” လို့ မြဝတီမြို့ခံတယောက် ကပြောပါတယ်။ အမှတ်၂ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပေမယ့် အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ ခုချိန်ထိဖွင့်ပေးထားပြီး မဲဆောက်ဘက်ကိုသွားလာသူလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။ မြဝတီမြို့မှာ ဧပြီလ ၁၀ ရက်နေ့ညပိုင်းထဲက ခလရ ၂၇၅ ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာရပ်သွားပြီး ခုလက်ရှိ ဧပြီ ၁၁…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၇၀ ကျပ် ဝယ်ဈေး – ၃၈၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၂၆ ကျပ် ဝယ်ဈေး – ၁၀၃.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၉ ကျပ် ဝယ်ဈေး – ၈၅၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၂ ကျပ် ဝယ်ဈေး – ၅၁၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရွှေမန်းတောင်ရိပ်ခို

    ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို ၁၉၅၀ ခုနှစ် ရန်ကုန် သင်္ကြန်တွင် ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ     ဆူးငှက်     လွတ်လပ်ရေး ကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခုမတ်လ ၁၁ ရက်ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသား လက်နက်ကိုင် ကေအင်ဒီအိုတပ်များ အောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင် ဦးစီးသော မန္တလေး အခြေစိုက် အစိုးရ တပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အား ပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်း တိုက်ပွဲ ဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်…

Read More

ပြတ်တောက်ချိန်များနေတဲ့ကြားက သင်္ကြန်ရက်မီးပြတ်မယ်ဆိုပြီး YESC က ထပ်အသိပေးလို့ ပြည်သူ့ကြားဝေဖန်မှုတွေ ဆူညံ

ရန်ကုန် ၊ ဧပြီ ၁၀ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဒီနေ့ကစပြီး သင်္ကြန်ကာလပြီးတဲ့အထိ လျှစ်စစ်မီးပြတ်တောက်မှုတွေ ရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ကဒီနေ့မှာ အသိပေးလိုက်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ပိုများလာတာနဲ့အမျှ အအေးခန်းစက်ရုံတွေ၊ အအေးခန်းကုန်သိုလှောင်ရုံတွေ ၊စက်ရုံတွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေအားလုံး ဒုက္ခ ရောက်ရတဲ့အပြင် ကုန်ကျစရိတ်လည်းမြင့်တက်လာတယ်လို့သိရပါတယ်။ ” ဒါကတော့ရှင်းပါတယ် မီးမလာတော့မီးစက်နဲ့သုံးရတယ်၊ မီးစက်သုံးရတော့ မီးစက်ဆီဖိုးကုန်မယ်၊အခုကလောင်စာဆီကစျေးတက်တယ် ၊ဝယ်ရခက်လာတယ်ဆိုတော့ မဖြစ်မနေလည်ပတ်ရတဲ့စက်ရုံတွေက ကုန်ကျစရိတ်ပိုကုန်မယ်၊ ကုန်ကျစရိတ်ပိုတာနဲ့ ပစ္စည်းကလည်း တက်မယ်၊ နောက်ဆုံးကုန်ဈေးနှုန်းတက်မယ်၊ ပိုကြပ်တည်းကြမယ်၊ ဝယ်လိုအားကျမယ်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေရပ်ကုန်မှာပေါ့ ” လို့ အထည်ချုပ်စက်ရုံပိုင်ရှင် လုပ်ငန်းရှင်တဦးက သုံးသပ်ပြောပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် အသေးစားအလတ်စားလုပ်ငန်းတွေထဲက ဆီကြိတ်ခွဲစက်အချို့ရပ်နားတာတွေရှိသလို စက်ရုံအချို့ကလည်း ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုလျော့ကျလာနေတယ်လို့သိရပါတယ်။ အလားတူ ပြည်သူလူထုအတွက်လည်း ယခုလိုပူပြင်းလှတဲ့နွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်မှုက ဆိုးဝါးတဲ့ အချက်တခုဖြစ်နေတာကြောင့်…

Read More

ရန်ကုန်မှာ YBS ကား ဘရိတ်ပေါက်ပြီး ကားငါးစီးဆင့်တိုက်လို့ ၁၅ ယောက် ဒဏ်ရာရမှုနဲ့ ကားမီးလောင်မှုတွေ ဖြစ်ပွားခဲ့

ဧပြီ ၁၀ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့မှာ နှစ်ရက်အတွင်း YBS ကား ဘရိတ်ပေါက်ပြီး ကား ငါး စီးဆင့်တိုက်လို့ ၁၅ ယောက် ထိခိုက် ဒဏ်ရာရမှုနဲ့ ကားမီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ‌ဧပြီ ၉ ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ် မှာ YBS ကားဘရိတ်ပေါက်ပြီး ကား ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ အောင်ဆန်းကားမှတ်တိုင်အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS – 77 ကား ဘရိတ်ပေါက်ပြီး YBS- 145 ကားကို ဝင်တိုက်မိကာ အဲ့ဒီ့ကနေတဆင့် နောက်ထပ် အိမ်စီးကားသုံးစီးကို ဆင့်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “လူနာ ၁၅ ယောက်က…

Read More
VOM News

FREE
VIEW