This Day in History

Voice of Myanmar ဂျာမနီသည် ၁၉၄၁ ခုနှစ် ဧပြီ ၆ ရက်တွင် ယူဂိုဆလားဗီးယားကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး လျှင်မြန်ကြမ်းကြုတ်သော တိုက်ခိုက်မှုအတွင်း အရပ်သား ၁၇၀၀၀ ကျော် သေဆုံးခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မဟာအောင်မြေမြို့နယ် လဝက ရုံး ပေါက်ကွဲမှုဖြစ်ပွား

မန္တလေး၊ ဧပြီ ၅-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ ကျွဲဆည်ကန်(၁)လမ်းအတွင်းရှိ မဟာအောင်မြေမြို့နယ် လဝက ရုံးမှာ ဒီကနေ့ နေ့လယ် (၁၂) နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ(၉)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” ရုံးမှာ လာပြီး လုပ်ငန်းဆောင်ရွက်တဲ့ ပြည်သူတွေပါ ဗုံးစထိမှန် ဒဏ်ရာရတယ်၊ ရုံးဝန်ထမ်းရော ပါတယ်၊ စုစုပေါင်း(၉)ယောက် ဗုံးစမှန်ပါတယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။ ဖြစ်စဉ်မှာ လဝကရုံးအနီးကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား(၂)ဦးက လက်လုပ်ဗုံးနဲ့ ပစ်ခတ်သွားတာလို့ သိရပြီး ဝန်ထမ်း(၂)ဦးနဲ့ ပြည်သူ(၇)ဦး ဗုံးစမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားအပြီးမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လာရောက်စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဒဏ်ရာရာသူတွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ အနီးအနားရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Photo Crd – HW &…

Read More

မုံရွာ လူပြန်ပေးဆွဲတဲ့ဖြစ်စဥ်မှာ လုံခြုံရေးအဖွဲ့နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ ပြန်ပေးဆွဲအဖွဲ့က နှစ်ယောက်သေဆုံး

ဧပြီ ၊ ၅ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ၊ ကန်သာဦး(အင်းရွာသစ်) ရပ်ကွက်၊ အင်းရွာသစ် – တောင်ပလူ သွားလမ်းမှာ ဒီကနေ့မနက် ၆ နာရီခွဲဝန်းကျင်ကပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက ပစ်ခတ်သံတွေကြားရတယ် ၊ လူပြန်ပေးဆွဲသွားတဲ့အဖွဲ့နဲ့ နစက လုံခြုံရေး အဖွဲ့တွေ ပစ်ကြတာလို့ သိရတယ် ၊ ကနဦး သိရတာက လူပြန်ပေးဆွဲခံရတဲ့ဘက်က လူနှစ်ယောက်သေပြီး လက်နက်ခဲယမ်းတွေ ကျန်ခဲ့တယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အင်းရွာသစ် – တောင်ပလူ လမ်းမှာ ပစ်ခတ်မှုဖြစ်စဥ် ဒီမနက်က ဖြစ်တယ် ၊…

Read More

ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးကား မိုင်းထိမှန်လို့ ရဲတပ်ဖွဲ့ဝင် လေးယောက် သေဆုံး

ဧပြီ ၊ ၆ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်မြို့နယ် ၊ဝမ်းတွင်း – ပင်းတလဲ ကားလမ်းမှာ မနေ့ ဧပြီ ၅ ရက် ၊ ညနေပိုင်းက နစက လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေး လှုပ်ရှားထွက်လာစဥ် ကားနှစ်စီး မိုင်းထိမှန်လို့ သေဆုံး ဒဏ်ရာရ သူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အဲ့ဒီနေရာက ပစ်ခတ်မှုတွေ ၊ ပေါက်ကွဲမှုတွေဖြစ် နေကြ နေရာဖြစ်တယ် ၊ အဲ့ဒါကြောင့် ဒေသခံတွေက အသွားအလာရှောင်ကြတယ် ၊ ရွာဘက်ကို မနက်ကဝင်လာတဲ့ နယ်မြေရှင်းလင်းရေး ကားနှစ်စီးက ညနေဘက်မှာ ပြန်ထွက်သွားတယ် ၊ သူတို့ ဝမ်းတွင်း အပြန်လမ်းမှာ ဖြစ်တာ ” လို့ ဝမ်းတွင်းမြို့ခံတယောက်က…

Read More

“ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေတတ်တဲ့ အစားအသောက်တွေ”

    သွေး (စစ်ကိုင်း)   လူတိုင်းဟာ ကျန်းမာရေး ကောင်းမွန်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုကြပါတယ်။ အဲသလို ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် မကျန်းမမာ ဖြစ်စေတဲ့ အမူအကျင့် အလေ့အထတွေကို ရှောင်ကြဉ်ရမှာပါ။ သို့ပေမဲ့ မကျန်းမမာ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သတိမမူမိဘဲ ဖြစ်နေတတ်ပါတယ်။ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ရောဂါဘယတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက်ရှူလမ်းကြောင်းနဲ့ အစားအသောက် လမ်းကြောင်းကနေ ဝင်ရောက်တယ် ဆိုတာကိုလည်း သတိပြုရမှာပါ။ ဒါကြောင့် မကျန်းမမာ ဖြစ်စေတတ်တဲ့ အစားသောက်တွေနဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို တင်ပြမှာ ဖြစ်ပါတယ်။     နေ့စဉ်လူနေမှုဘဝမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက နေရာယူထားတာ တွေ့ရပါတယ်။ အသက်ရှင်သန်ဖို့ အတွက် စားသုံးနေရတဲ့ အစားအစာတွေကို ထုပ်ပိုးရာမှာလည်း ပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။…

Read More

ရခိုင်ပြည်နယ်အရေး အပြုသဘောဆောင်တဲ့ကဏ္ဍမှ ဆက်လက်ပါဝယ်မယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်ကတိပြု

ပေကျင်း ၊ ဧပြီ-၅-၂၀၂၄ မျိုးဆက်(VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တရုတ်နိုင်ငံက ကတိပြုပြောဆိုလိုက်ပါတယ်။ ဧပြီ ၄ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ရခိုင်ပြည်နယ်အရေးမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ “ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေပြီး ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် နည်းလမ်းများစွာနဲ့ ကြိုးပမ်းနေတယ်လို့ ” Geng Shuang ကပြောပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ပဋိပက္ခသည် ပဋိပက္ခကို ပြေလည်အောင် ညှိနှိုှုင်းရန်နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒါဟာ ပဋိပက္ခတွေ ဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ တက်ကြွတဲ့ချဉ်းကပ်မှုကို ပြသတာလို့…

Read More

လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုထောက်ပံ့ဖို့ နေတိုးအဖွဲ့ကို ယူကရိန်းတောင်းဆို

ဘရပ်ဆဲလ်၊ ဧပြီ-၅-၂၀၂၄ မျိုးဆက်(VOM) နေတိုးမဟာမိတ်တွေအနေနဲ့ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထပ်မံထောက်ပံ့ပေးဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက တောင်းဆိုလိုက်ပါတယ်။ ကူလီဘာနဲ့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့နေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယူကရိန်းပြည်သူတွေရဲ့အသက် ၊ ယူကရိန်းစီးပွားရေးနဲ့ ယူကရိန်းမြို့တွေကို ကာကွယ်ကယ်တင်ဖို့အတွက် ပက်ထရီးယော့နဲ့ အခြားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ရရှိမှုအပေါ် မူတည်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းရဲ့စစ်ရေးကို ၉၉ ရာခိုင်နှုန်းပံ့ပိုးကူညီပေးနေ ပြီး အရေးပေါ်အခြေအနေကို နားလည်ကြောင်းနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတင်ဘာ့ဂ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဇီဂျာတိုကတော့ ဟန်ဂေရီအနေနဲ့ စစ်ပွဲကို အရှိန်မြှင့်စေမယ့် ဘယ်လိုအဆိုပြုချက်ကိုမဆို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။ ရုရှားခေါင်းဆောင်တွေကတော့ နေတိုးအဖွဲ့နဲ့ ရုရှားဆက်ဆံရေးဟာ ထိပ်တိုက် တိုက်ရိုက်ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပြီး မဟာမိတ်အဖွဲ့ဟာ ရုရှားနယ်စပ်တွေမှာ စစ်ရေးအခြေခံအဆောက်အအုံတွေ…

Read More

စမတ်ကဒ် ရှိမှသာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးတော့မယ်

ဧပြီ ၅၊ ၂၀၂၄ Shy V (VOM) စမတ်ကဒ် UID (Unique Identity Number) လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက ပြည်သူတွေကို အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ဝင်/ထွက်ဂိတ် ကနေမှ ဝင်/ထွက်ခွင့်ပြုရာမှာ နယ်စပ် အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုတွေနဲ့ အသုံးမပြုတဲ့ကတ် တွေကို အသုံးပြု သွားလာတာ‌တွေကို ထိန်းချုပ်နိုင်ဖို့ UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မြို့နယ်ရုံးမှာ လျှောက်လို့ ရတယ်။ မြို့နယ်ရုံးက ဆက်တိုက် လုပ်ပေးနေတယ်။…

Read More
VOM News

FREE
VIEW