ကက်ရှ်မီးယားမှာ ကုန်စျေးနှုန်းကြီးမြင့်မှု ဆန့်ကျင်ဆန္ဒပြပွဲ လူသုံးယောက်သေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ



အစ္စလာမ္မာဘတ်၊ မေ-၁၄-၂၀၂၄
မျိုးဆက်(VOM)

ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ကုန်စျေးနှုန်းကြီးမြင့်မှုအပေါ် ဆူပူဆန္ဒပြမှုတွေအတွင်း လူသုံးယောက် သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဂျုံမှုန့် နဲ့ လျှပ်စစ်ဓါတ်အားခနှုန်းထားတွေအပါအဝင် ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက လမ်းပေါ်ထွက်ဆန္ဒပြနေကြတာဖြစ်ပြီး ငါးရက်မြောက်ရှိလာပြီဖြစ်ပါတယ်။

ဒီလို ကုန်စျေးနှုန်းကြီးမြင့်တာနဲ့ပတ်သက်ပြီး ထောက်ပံ့ငွေ ဒေါ်လာ ၈၃ သန်းအသုံးပြုမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်က ကမ်းလှမ်းခဲ့ပေမယ့် ဆူပူဆန္ဒပြမှုတွေကတော့ ဆက်လက်ဖြစ်ပွားလို့ နေပါတယ်။

အာဏာပိုင်တွေဟာ မိုလ်ဘိုင်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ဖို့ကြိုးပမ်းခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစပြီး ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်ခဲ့ပြီး စာသင်ကျောင်းတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရပါတယ်။

မနေ့ကတော့ အာဏာပိုင်တွေဟာ ရိန်းဂျားတပ်လို့လူသိများတဲ့ အရံတပ်တွေကို မြို့ထဲစေလွှတ်ဖြန့်ကြက်ခဲ့ပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။ သေဆုံးသူ သုံးယောက်ထဲက တယောက်ကတော့ ရဲအရာရှိဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကက်ရှ်မီးယားဟာ ပါကစ္စတန်ထိန်းချုပ်ခွင့်ရထားတဲ့ ဒေသရဲ့ တစိတ်တပိုင်းဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ကာ အိနိ္ဒယကလည်း ပိုင်းခြားအုပ်ချုပ်ထားပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ ကျော်ကြာ ပဋိပက္ခရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။

Ref:BBC
Photo:Mahtap Ashraf

Related posts

Leave a Comment

VOM News

FREE
VIEW